YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရော​မ 8:22-30

ရော​မ 8:22-30 BCL

အ​ဖန်​ဆင်း​ခံ​ကမ္ဘာ​လော​က​တစ်​ခု​လုံး​သည် သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကဲ့​သို့​ပြင်း​ပြ​သော ဝေ​ဒ​နာ​ဖြင့် ယ​ခု​အ​ချိန်​တိုင်​အောင်​ညည်း တွား​လျက်​ရှိ​ကြောင်း​ငါ​တို့​သိ​ကြ​၏။- အ​ဖန်​ဆင်း​ခံ​လော​က​သာ​မ​က​ဘု​ရား သ​ခင်​၏​အ​ဦး​ဆုံး​ဆု​ကျေး​ဇူး​ဖြစ်​သည့် ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​သူ​ငါ​တို့​သည်​လည်း ဘု​ရား​သ​ခင်​၏​သား​များ​ဖြစ်​ခွင့်​ကို​လည်း​ကောင်း၊ ငါ​တို့​ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​ကယ်​တင်​ခြင်း​ခံ​ရ ခွင့်​ကို​လည်း​ကောင်း စောင့်​မျှော်​ကာ​ညည်း​တွား လျက်​ရှိ​ကြ​ပေ​သည်။- အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​တို့​သည်​မျှော်​လင့် ခြင်း​အား​ဖြင့် ကယ်​တင်​ခြင်း​ကို​ခံ​ရ​ကြ​သော ကြောင့်​ဖြစ်​၏။ ငါ​တို့​သည်​မိ​မိ​တို့​မျှော်​လင့် သည့်​အ​ရာ​ကို​မ​မြင်​နိုင်​ကြ။ မြင်​နိုင်​ကြ​ပါ မူ​ငါ​တို့​၏​မျှော်​လင့်​ခြင်း​သည်​အ​ကယ်​ပင် မျှော်​လင့်​ခြင်း​မ​ဟုတ်။ မြင်​ရ​သော​အ​ရာ​ကို အ​ဘယ်​သူ​သည်​မျှော်​လင့်​မည်​နည်း။- သို့​ရာ​တွင်​ငါ​တို့​သည်​မိ​မိ​တို့​မ​မြင်​ရ​သည့် အ​ရာ​ကို​မျှော်​လင့်​ကြ​လျှင် ထို​အ​ရာ​ကို​စိတ် ရှည်​စွာ​စောင့်​မျှော်​ကြ​၏။ ထို​နည်း​အ​တိုင်း​ပင်​ဝိ​ညာဉ်​တော်​သည်​လည်း အား​နည်း​သော ငါ​တို့​အား​ကူ​မ​ရန်​ကြွ​လာ တော်​မူ​၏။ ငါ​တို့​သည်​အ​ဘယ်​သို့​ဆု​တောင်း ရ​မည်​ကို​မ​သိ​ကြ။ နှုတ်​ဖြင့်​မြွက်​ဆို​ဖော်​ပြ ရန်​မ​ဖြစ်​နိုင်​သော​ညည်း​တွား​သံ​ဖြင့် ဝိ​ညာဉ် တော်​ကိုယ်​တိုင်​ပင်​လျှင်​ငါ​တို့​အ​တွက် ဘု​ရား​သ​ခင်​ထံ​အ​သ​နား​ခံ​တော်​မူ​၏။- လူ​တို့​စိတ်​နှ​လုံး​ကို​သိ​မြင်​တော်​မူ​သော ဘု​ရား​သ​ခင်​သည်​ဝိ​ညာဉ်​တော်​၏​စိတ် သ​ဘော​ကို​လည်း​သိ​တော်​မူ​၏။ အ​ဘယ် ကြောင့်​ဆို​သော်​ဝိ​ညာဉ်​တော်​သည်​ဘု​ရား သ​ခင်​၏​အ​လို​တော်​နှင့်​အ​ညီ ကိုယ်​တော် ၏​လူ​စု​တော်​အ​တွက်​အ​သ​နား​ခံ​တော် မူ​သော​ကြောင့်​ဖြစ်​၏။ ဘု​ရား​သ​ခင်​အား​ချစ်​မြတ်​နိုး​၍​ကိုယ်​တော် ၏​အ​ကြံ​တော်​နှင့်​အ​ညီ ခေါ်​ယူ​ရွေး​ကောက်​ခြင်း ကို​ခံ​ရ​သော​သူ​တို့​တွေ့​ကြုံ​ခံ​စား​ရ​သော အ​မှု​ခပ်​သိမ်း​တို့​မှ အ​ကျိုး​ပေါ်​ထွက်​လာ​စေ ရန်​ကိုယ်​တော်​သည်​သူ​တို့​နှင့်​အ​တူ​လုပ်​ဆောင် တော်​မူ​ကြောင်း​ငါ​တို့​သိ​ကြ​၏။- ဘု​ရား​သ​ခင်​သည်​မိ​မိ​ရွေး​ချယ်​ထား​သူ​တို့ အား မိ​မိ​၏​သား​တော်​ကဲ့​သို့​ဖြစ်​လာ​ကြ​စေ ရန်​သီး​သန့်​ထား​တော်​မူ​၏။ ဤ​သို့​ပြု​တော်​မူ ခြင်း​မှာ​သား​တော်​အား​ညီ​အ​မြောက်​အ​မြား ထဲ​တွင်​နောင်​တော်​ကြီး​ဖြစ်​စေ​ရန်​ပင်​တည်း။- သို့​ဖြစ်​၍​ကိုယ်​တော်​သည်​မိ​မိ​သီး​သန့်​ထား​သူ တို့​ကို​ခေါ်​ယူ​တော်​မူ​၏။ ယင်း​သို့​ခေါ်​ယူ​တော် မူ​သော​သူ​တို့​အား မိ​မိ​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ စေ​တော်​မူ​ပြီး​လျှင်​မိ​မိ​၏​ဘုန်း​အ​သ​ရေ တော်​ကို​ခံ​စား​ခွင့်​ပေး​တော်​မူ​၏။