YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရော​မ 8:10-28

ရော​မ 8:10-28 BCL

သို့​သော်​သင်​တို့​တွင်​ခ​ရစ်​တော်​ကျိန်း​ဝပ်​တော် မူ​လျှင်​အ​ပြစ်​တ​ရား​ကြောင့် သင်​တို့​၏​ကိုယ်​ခန္ဓာ သေ​ရ​မည်​ဖြစ်​သော်​လည်း​သင်​တို့​၏​ဝိ​ညာဉ်​မူ ကား​ရှင်​လျက်​ရှိ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သင် တို့​သည်​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​သွယ် ခွင့်​ကို​ရ​ရှိ​ပြီး​သော​ကြောင့်​တည်း။- သ​ခင်​ယေ​ရှု​ကို​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် စေ​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော် သည်​သင်​တို့​အ​ထဲ​၌​ကျိန်း​ဝပ်​တော်​မူ​လျှင် ခ​ရစ်​တော်​ကို​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် စေ​တော်​မူ​သော​အ​ရှင်​သည်​သင်​တို့​အ​ထဲ​၌ ကျိန်း​ဝပ်​သော မိ​မိ​၏​ဝိ​ညာဉ်​တော်​အား​ဖြင့် သေ​တတ်​သော​သင်​တို့​၏​ကိုယ်​ခန္ဓာ​ကို​လည်း ရှင်​စေ​တော်​မူ​လိမ့်​မည်။ ထို့​ကြောင့်​ညီ​အစ်​ကို​တို့၊ ငါ​တို့​၌​တာ​ဝန်​ရှိ သော်​လည်း ယင်း​တာ​ဝန်​မှာ​လူ့​ဇာ​တိ​အ​လို သို့​လိုက်​၍​ပြု​မူ​ကျင့်​ကြံ​ရန်​မ​ဟုတ်။- အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​သည် မိ​မိ​တို့ ၏​လူ့​ဇာ​တိ​အ​လို​သို့​လိုက်​၍​ပြု​မူ​ကျင့်​ကြံ ပါ​က​သေ​ရ​ကြ​မည်။ သို့​သော်​မိ​မိ​တို့​၏ အ​ကျင့်​ဆိုး​များ​ကို​ဝိ​ညာဉ်​တော်​အား​ဖြင့် အ​ဆက်​ဖြတ်​ကြ​မည်​ဆို​လျှင်​မူ​ကား အ​သက်​ရှင်​ကြ​လိမ့်​မည်။- ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​ရှေ့​ဆောင်​လမ်း​ပြ မှု​ကို​ခံ​ယူ​သော​သူ​တို့​သည် ဘု​ရား​သ​ခင်​၏ သား​များ​ဖြစ်​ကြ​၏။- ဘု​ရား​သ​ခင်​ထံ​တော်​မှ​သင်​တို့​ခံ​ယူ​ရ​ရှိ သည့်​ဝိ​ညာဉ်​တော်​သည် သင်​တို့​အား​ကျွန်​ဖြစ် စေ​သည်​မ​ဟုတ်။ ကြောက်​စိတ်​ကို​လည်း​ရှိ​စေ သည်​မ​ဟုတ်။ ဝိ​ညာဉ်​တော်​သည်​ငါ​တို့​အား ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ​ဖြစ်​စေ တော်​မူ​သ​ဖြင့် ငါ​တို့​သည်​ဝိ​ညာဉ်​တော်​၏ တန်​ခိုး​ဖြင့်​ဘု​ရား​သခင်​အား``အဗ္ဗ၊ အဖ'' ဟု ခေါ်​ကြ​၏။- ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​သား​များ​ဖြစ် ကြ​ကြောင်း​ကို​ဝိ​ညာဉ်​တော်​ကိုယ်​တိုင်​ပင်​လျှင် ငါ​တို့​၏​ဝိ​ညာဉ်​နှင့်​အ​တူ​သက်​သေ​ခံ​တော် မူ​၏။- ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ ဖြစ်​သ​ဖြင့်​ကိုယ်​တော်​၏​လူ​စု​တော်​အ​တွက် ကိုယ်​တော်​လျာ​ထား​တော်​မူ​သော​ကောင်း​ချီး မင်္ဂလာ​များ​ကို​ခံ​စား​ရ​ကြ​မည်။ ခ​ရစ်​တော် အ​တွက်​ဘု​ရား​သ​ခင်​လျာ​ထား​တော်​မူ သည့်​ဂုဏ်​အ​သ​ရေ​ကို​လည်း​ခံ​စား​ရ​ကြ မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​တို့​သည် ခ​ရစ်​တော်​နှင့်​အ​တူ​ဝေ​ဒ​နာ​ခံ​စား​ကြ လျှင် ကိုယ်​တော်​နှင့်​အ​တူ​ဘုန်း​အ​သ​ရေ တော်​ခံ​စား​ရ​ကြ​မည်​ဖြစ်​သော​ကြောင့် တည်း။ ယ​ခု​မျက်​မှောက်​ကာ​လ​၌​ငါ​တို့​ခံ​ရ​ကြ​သည့် ဒုက္ခ​ဆင်း​ရဲ​ကို​နောင်​အ​ခါ​၌ ငါ​တို့​အား​ပေါ် လွင်​ထင်​ရှား​မည့်​ဘုန်း​အ​သ​ရေ​တော်​နှင့်​နှိုင်း ယှဉ်​၍​မ​ရ​ဟု​ငါ​ယုံ​ကြည်​၏။- ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​သား​များ​ကို​ပေါ် လွင်​ထင်​ရှား​စေ​မည့်​အ​ခြင်း​အ​ရာ​ကို အ​ဖန် ဆင်း​ခံ​ကမ္ဘာ​လော​က​တစ်​ခု​လုံး​က​အ​လွန် တောင့်​တ​စောင့်​မျှော်​လျက်​ရှိ​၏။- ဘု​ရား​သ​ခင်​သည်​ထို​အ​ဖန်​ဆင်း​ခံ​ကမ္ဘာ လော​က​ကို​အ​နတ္တ​ဖြစ်​စေ​ရန်​အ​ပြစ်​ဒဏ် စီ​ရင်​တော်​မူ​၏။ ထို​သို့​ဖြစ်​စေ​ခြင်း​မှာ​ကမ္ဘာ လော​က​၏​အ​လို​ဆန္ဒ​ကြောင့်​မ​ဟုတ်။ ဘု​ရား သ​ခင်​၏​စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ချက်​ကြောင့် ဖြစ်​၏။ သို့​ရာ​တွင်​မျှော်​လင့်​ချက်​ရှိ​၏။- ထို​မျှော်​လင့်​ချက်​မှာ​တစ်​နေ့​သော​အ​ခါ​၌ အ​ဖန်​ဆင်း​ခံ​ကမ္ဘာ​လော​က​သည်​ဖောက်​ပြန် ပျက်​စီး​ခြင်း​အ​နှောင်​အ​ဖွဲ့​မှ​လွတ်​မြောက်​၍ ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ​နှင့်​အ​တူ လွတ်​လပ်​မှု​ဘုန်း​အ​သ​ရေ​ကို​ခံ​စား​ခွင့် ရ​ရှိ​လိမ့်​မည်​ဖြစ်​သည်။- အ​ဖန်​ဆင်း​ခံ​ကမ္ဘာ​လော​က​တစ်​ခု​လုံး​သည် သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကဲ့​သို့​ပြင်း​ပြ​သော ဝေ​ဒ​နာ​ဖြင့် ယ​ခု​အ​ချိန်​တိုင်​အောင်​ညည်း တွား​လျက်​ရှိ​ကြောင်း​ငါ​တို့​သိ​ကြ​၏။- အ​ဖန်​ဆင်း​ခံ​လော​က​သာ​မ​က​ဘု​ရား သ​ခင်​၏​အ​ဦး​ဆုံး​ဆု​ကျေး​ဇူး​ဖြစ်​သည့် ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​သူ​ငါ​တို့​သည်​လည်း ဘု​ရား​သ​ခင်​၏​သား​များ​ဖြစ်​ခွင့်​ကို​လည်း​ကောင်း၊ ငါ​တို့​ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​ကယ်​တင်​ခြင်း​ခံ​ရ ခွင့်​ကို​လည်း​ကောင်း စောင့်​မျှော်​ကာ​ညည်း​တွား လျက်​ရှိ​ကြ​ပေ​သည်။- အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​တို့​သည်​မျှော်​လင့် ခြင်း​အား​ဖြင့် ကယ်​တင်​ခြင်း​ကို​ခံ​ရ​ကြ​သော ကြောင့်​ဖြစ်​၏။ ငါ​တို့​သည်​မိ​မိ​တို့​မျှော်​လင့် သည့်​အ​ရာ​ကို​မ​မြင်​နိုင်​ကြ။ မြင်​နိုင်​ကြ​ပါ မူ​ငါ​တို့​၏​မျှော်​လင့်​ခြင်း​သည်​အ​ကယ်​ပင် မျှော်​လင့်​ခြင်း​မ​ဟုတ်။ မြင်​ရ​သော​အ​ရာ​ကို အ​ဘယ်​သူ​သည်​မျှော်​လင့်​မည်​နည်း။- သို့​ရာ​တွင်​ငါ​တို့​သည်​မိ​မိ​တို့​မ​မြင်​ရ​သည့် အ​ရာ​ကို​မျှော်​လင့်​ကြ​လျှင် ထို​အ​ရာ​ကို​စိတ် ရှည်​စွာ​စောင့်​မျှော်​ကြ​၏။ ထို​နည်း​အ​တိုင်း​ပင်​ဝိ​ညာဉ်​တော်​သည်​လည်း အား​နည်း​သော ငါ​တို့​အား​ကူ​မ​ရန်​ကြွ​လာ တော်​မူ​၏။ ငါ​တို့​သည်​အ​ဘယ်​သို့​ဆု​တောင်း ရ​မည်​ကို​မ​သိ​ကြ။ နှုတ်​ဖြင့်​မြွက်​ဆို​ဖော်​ပြ ရန်​မ​ဖြစ်​နိုင်​သော​ညည်း​တွား​သံ​ဖြင့် ဝိ​ညာဉ် တော်​ကိုယ်​တိုင်​ပင်​လျှင်​ငါ​တို့​အ​တွက် ဘု​ရား​သ​ခင်​ထံ​အ​သ​နား​ခံ​တော်​မူ​၏။- လူ​တို့​စိတ်​နှ​လုံး​ကို​သိ​မြင်​တော်​မူ​သော ဘု​ရား​သ​ခင်​သည်​ဝိ​ညာဉ်​တော်​၏​စိတ် သ​ဘော​ကို​လည်း​သိ​တော်​မူ​၏။ အ​ဘယ် ကြောင့်​ဆို​သော်​ဝိ​ညာဉ်​တော်​သည်​ဘု​ရား သ​ခင်​၏​အ​လို​တော်​နှင့်​အ​ညီ ကိုယ်​တော် ၏​လူ​စု​တော်​အ​တွက်​အ​သ​နား​ခံ​တော် မူ​သော​ကြောင့်​ဖြစ်​၏။ ဘု​ရား​သ​ခင်​အား​ချစ်​မြတ်​နိုး​၍​ကိုယ်​တော် ၏​အ​ကြံ​တော်​နှင့်​အ​ညီ ခေါ်​ယူ​ရွေး​ကောက်​ခြင်း ကို​ခံ​ရ​သော​သူ​တို့​တွေ့​ကြုံ​ခံ​စား​ရ​သော အ​မှု​ခပ်​သိမ်း​တို့​မှ အ​ကျိုး​ပေါ်​ထွက်​လာ​စေ ရန်​ကိုယ်​တော်​သည်​သူ​တို့​နှင့်​အ​တူ​လုပ်​ဆောင် တော်​မူ​ကြောင်း​ငါ​တို့​သိ​ကြ​၏။

​ရော​မ 8:10-28 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။