ငါတို့၏ဇာတိစိတ်ဟောင်းကိုခရစ်တော်နှင့် အတူ လက်ဝါးကပ်တိုင်တွင်အသေသတ်ခြင်း ခံစေခဲ့၏။ ဤသို့အသေသတ်ခြင်းခံစေရ ခြင်းမှာအပြစ်နှင့်ပြည့်ဝသည့်ဇာတိစိတ် ကိုဖျက်ဆီးခြင်းအားဖြင့် ငါတို့သည်အပြစ် ၏ကျွန်ဘဝမှလွတ်မြောက်ကြစေရန်ပင် ဖြစ်ကြောင်းငါတို့သိကြ၏။- ခရစ်တော်နှင့်အတူသေသောသူသည်အပြစ် တရား၏လက်အောက်ခံမဟုတ်တော့ပေ။- ငါတို့သည်ခရစ်တော်နှင့်အတူသေကြပြီ ဖြစ်၍ကိုယ်တော်နှင့်အတူအသက်ရှင်ရ ကြမည်ကိုယုံကြည်ကြ၏။- ခရစ်တော်သည်သေခြင်းမှရှင်ပြန်ထမြောက် တော်မူသဖြင့် နောင်အစဉ်သေခြင်းတရားနှင့် ကင်းလွတ်တော်မူကြောင်းကိုငါတို့သိကြ၏။ သေခြင်းတရားသည်ကိုယ်တော်ကိုအစိုးမရ တော့ပေ။- သို့ဖြစ်၍ကိုယ်တော်အသေခံတော်မူသော ကြောင့်အပြစ်တရားသည်ကိုယ်တော်ကိုအစိုး မရတော့ချေ။ ယခုကိုယ်တော်သည်ဘုရား သခင်နှင့်မိတ်သဟာယဖွဲ့လျက်အသက် ရှင်တော်မူ၏။- ထိုနည်းတူသင်တို့သည်လည်းအပြစ်တရား နှင့်လုံးဝအဆက်ပြတ်၍ခရစ်တော်ယေရှု အားဖြင့် ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ လျက်ရှိနေသည်ဟုမှတ်ယူရကြမည်။ ထို့ကြောင့်သင်တို့သည် မိမိတို့ကိုယ်ခန္ဓာ၏ အလိုဆန္ဒသို့မလိုက်စေရန်အပြစ်တရား က သင်တို့၏သေတတ်သောကိုယ်ခန္ဓာကိုအစိုး မရစေနှင့်။- သင်တို့ကိုယ်အင်္ဂါများကိုလည်းဒုစရိုက်အတွက် အသုံးမပြုကြနှင့်။ ယင်းသို့ပြုမည့်အစား သင်တို့သည်သေရာမှရှင်ပြန်သူများအဖြစ် ဖြင့်လည်းကောင်း၊ သုစရိုက်အတွက်အသုံးတော် ခံရန်လည်းကောင်း၊ မိမိတို့ကိုယ်ကိုဘုရား သခင်အားဆက်သကြလော့။
ရောမ 6 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရောမ 6:6-13
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို