YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရော​မ 12:3-8

ရော​မ 12:3-8 BCL

သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​ထင်​သင့်​သည် ထက်​ပို​၍​အ​ထင်​မ​ကြီး​ကြ​စေ​ရန် ငါ​ခံ​စား ရ​သော​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကြောင့် သင်​တို့​အ​ပေါင်း​အား​ငါ​မှာ​ကြား​လို​၏။ သင် တို့​အ​သီး​သီး​တို့​အား​ဘု​ရား​သ​ခင်​ချ ပေး​တော်​မူ​သော​ယုံ​ကြည်​ခြင်း​ပ​မာ​ဏ အ​တိုင်း​မိ​မိ​တို့​ကိုယ်​ကို​သင့်​လျော်​စွာ​ထင် ကြ​လော့။- ငါ​တို့​ခန္ဓာ​ကိုယ်​တွင်​အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ ရှိ​၍ ထို​အင်္ဂါ​အ​စိတ်​အ​ပိုင်း​အား​လုံး​တွင် အ​လုပ်​တာ​ဝန်​အ​သီး​သီး​ရှိ​ကြ​၏။- ထို​နည်း​တူ​စွာ​ငါ​တို့​သည်​အ​ရေ​အ​တွက် အား​ဖြင့်​များ​သော်​လည်း ခ​ရစ်​တော်​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​ကြ​သ​ဖြင့်​ကိုယ်​ခန္ဓာ​တစ်​ခု တည်း​၌​တည်​လျက်​ရှိ​ကြ​၏။ ငါ​တို့​အ​သီး​သီး သည်​အ​ချင်း​ချင်း​ဆက်​စပ်​လျက်​ရှိ​သော​ကိုယ် အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ​ဖြစ်​ကြ​၏။- သို့​ဖြစ်​၍​ငါ​တို့​အ​သီး​သီး​သည်​မိ​မိ​တို့ ခံ​စား​ရ​သည့်​ကျေး​ဇူး​တော်​နှင့်​အ​ညီ ဘု​ရား သ​ခင်​ချ​ပေး​တော်​မူ​သည့်​ဆု​ကျေး​ဇူး​ကို အ​သုံး​ပြု​ကြ​ရ​မည်။ ငါ​တို့​ရ​ရှိ​သည့်​ဆု ကျေး​ဇူး​သည်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ် တော်​ကို​ဟော​ပြော​နိုင်​စွမ်း​ဖြစ်​ပါ​က ငါ​တို့ သည်​မိ​မိ​တို့​၏​ယုံ​ကြည်​ခြင်း​ပ​မာ​ဏ အ​တိုင်း​ထို​ဆု​ကျေး​ဇူး​ကို​အ​သုံး ပြု​ကြ​ရ​မည်။- အ​ကယ်​၍​ငါ​တို့​၏​ဆု​ကျေး​ဇူး​သည်​သူ​တစ်​ပါး တို့​အား ကူ​ညီ​မ​စ​နိုင်​စွမ်း​ဖြစ်​ပါ​က​ကူ​ညီ​မ​စ ကြ​ရ​မည်။ ဋ္ဌမ္မ​ပ​ညာ​ပို့​ချ​နိုင်​စွမ်း​ဖြစ်​လျှင် ဋ္ဌမ္မ​ပ​ညာ​ပို့​ချ​ကြ​ရ​မည်။- ငါ​တို့​၏​ဆု​ကျေး​ဇူး​သည်​သူ​တစ်​ပါး​တို့​ကို အား​ပေး​နိုင်​စွမ်း​ဖြစ်​ပါ​က​အား​ပေး​ကြ​ရ​မည်။ ပေး​ကမ်း​ဝေ​မျှ​သူ​သည်​ရက်​ရော​စွာ​ပေး​ကမ်း ဝေ​မျှ​ရ​မည်။ အာ​ဏာ​ရှိ​သူ​သည်​လုံ့​လ​ထုတ်​၍ အ​လုပ်​လုပ်​ရ​မည်။ သူ​တစ်​ပါး​တို့​အား​သ​နား ကြင်​နာ​မ​စ​သူ​သည်​ရွှင်​လန်း​ဝမ်း​မြောက်​စွာ ကူ​ညီ​မ​စ​ရ​မည်။