ကျမ်းစာတော်ကဆိုလိုသည်မှာနှုတ်ကပတ် တရားတော်သည် ``သင်၏နှုတ်၊ သင်၏စိတ်နှလုံး၊ သင်၏အနီး၌ရှိ၏'' ဟူ၍ဖြစ်သည်။ ထိုနှုတ် ကပတ်တရားကားသင်တို့အားငါဟောပြော ကြေညာသည့်ဘုရားသခင်ကိုယုံကြည်ခြင်း နှင့်ဆိုင်သောတရားတော်ပင်ဖြစ်သည်။- သင်တို့သည်သခင်ယေရှုသည်အရှင်သခင် ဖြစ်တော်မူကြောင်းကိုနှုတ်ဖြင့်ဝန်ခံ၍ ဘုရား သခင်သည်ထိုအရှင်အားသေခြင်းမှရှင်ပြန် ထမြောက်စေတော်မူကြောင်းကို စိတ်နှလုံးထဲ ၌ယုံကြည်ကြလျှင်ဘုရားသခင်သည်သင် တို့ကိုကယ်တင်တော်မူလိမ့်မည်။- အဘယ်ကြောင့်ဆိုသော်ငါတို့သည်ယုံကြည် ခြင်းအားဖြင့်ဘုရားသခင်နှင့်မှန်ကန်စွာ ဆက်သွယ်ခွင့်ရ၍ နှုတ်ဖြင့်ဝန်ခံခြင်းအား ဖြင့်ကယ်တင်ခြင်းခံရသောကြောင့်ဖြစ်၏။- ကျမ်းစာတော်က``မည်သူမဆိုကိုယ်တော်ကို ယုံကြည်လျှင်စိတ်ပျက်ရလိမ့်မည်မဟုတ်'' ဟုဆိုသည်။- ယုဒလူမျိုး၊ လူမျိုးခြားဟူ၍ခွဲခြားမှု မရှိတော့သဖြင့်လူတိုင်းပါဝင်၏။ ဘုရား သခင်သည်လူအပေါင်းတို့၏အရှင်သခင် ဖြစ်တော်မူ၍ ကိုယ်တော်အားဆုတောင်းသမျှ သောသူတို့အားကြွယ်ဝစွာကောင်းချီးပေး တော်မူ၏။- ကျမ်းစာတော်က ``ထာဝရဘုရားရှင်အား ဆုတောင်းသူဟူသမျှတို့သည် ကယ်တင်ခြင်း ကိုခံရကြလိမ့်မည်'' ဟုဖော်ပြသည့်အတိုင်း ဖြစ်သတည်း။
ရောမ 10 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရောမ 10:8-13
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ