YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာ​ဒိတ် 3:14-18

ဗျာ​ဒိတ် 3:14-18 BCL

``လော​ဒိ​ကိ​အ​သင်း​တော်​၏​ကောင်း​ကင်​တ​မန် ထံ​သို့​ဤ​သို့​စာ​ရေး​၍​သြ​ဝါ​ဒ​ပေး​လော့။ ဤ​သြ​ဝါ​ဒ​သည်​ဘု​ရား​သခင်​ဖန်​ဆင်း​တော်​မူ သော​အ​ရာ​အ​ပေါင်း​တို့​၏​အ​စ​မူ​လ​ဖြစ်​တော် မူ​သော၊ သစ္စာ​ရှိ​၍​ဟုတ်​မှန်​သော​သက်​သေ​ခံ​ဖြစ် တော်​မူ​သော​အာ​မင်​၏​ထံ​မှ​ဖြစ်​သည်။- သင်​ပြု​ခဲ့​သည့်​အ​မှု​ကို​ငါ​သိ​၏။ သင်​သည်​အ​ပူ လည်း​မ​ဟုတ်၊ အ​အေး​လည်း​မ​ဟုတ်​သည်​ကို​ငါ သိ​၏။ သင်​သည်​အ​ပူ​သို့​မ​ဟုတ်​အ​အေး​တစ်​ခု ခု​ဖြစ်​စေ​ရန်​ငါ​အ​လို​ရှိ​၏။- သို့​ရာ​တွင်​သင်​သည်​မ​ပူ​မ​အေး​နွေး​ရုံ​သာ​ရှိ သ​ဖြင့် သင့်​အား​ငါ​၏​ခံ​တွင်း​မှ​ထွေး​ထုတ်​မည်။- ``ငါ​သည်​ချမ်း​သာ​ကြွယ်​ဝ​၏။ ငါ့​မှာ​လို​လေ သေး​မ​ရှိ'' ဟု​သင်​ဆို​၏။ သို့​ရာ​တွင်​မိ​မိ​သည် အ​ဘယ်​မျှ​ဆင်း​ရဲ​ငြို​ငြင်​သ​နား​စ​ရာ​ကောင်း သည်​ကို​သင်​သိ​၏။ သင်​သည်​ချို့​တဲ့​လျက်၊ မျက် စိ​ကန်း​လျက်​အ​ဝတ်​အ​ချည်း​စည်း​ဖြစ်​လျက် နေ​ပါ​သည်​တ​ကား။- သို့​ဖြစ်​၍​သင်​သည်​ချမ်း​သာ​ကြွယ်​ဝ​ခြင်း​ငှာ​ရွှေ စင်​ကို ငါ့​ထံ​မှ​ဝယ်​ယူ​ရန်​ငါ​အ​ကြံ​ပေး​၏။ ထို့ အ​ပြင်​အ​ဝတ်​အ​ချည်း​စည်း​ဖြစ်​မှု​နှင့်​အ​ရှက် ကို​ဖုံး​ရန်​ဝတ်​ဖြူ​စင်​ကြယ်​ကို​လည်း​ကောင်း၊ မျက် စိ​အ​လင်း​ရ​စေ​ရန်​မျက်​စဉ်း​ဆေး​ကို​လည်း ငါ့​ထံ​မှ​ဝယ်​ယူ​လော့။