YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာ​ဒိတ် 2:1-17

ဗျာ​ဒိတ် 2:1-17 BCL

``ဧ​ဖက်​မြို့​အ​သင်း​တော်​၏​ကောင်း​ကင်​တ​မန် ထံ​သို့ ဤ​သို့​စာ​ရေး​၍​သြ​ဝါ​ဒ​ပေး​လိုက်​လော့။ ဤ​သြ​ဝါ​ဒ​သည်​ကြယ်​ခု​နစ်​လုံး​ကို​လက်ယာ လက်​တွင်​ကိုင်​ကာ ရွှေ​မီး​ခွက်​ခု​နစ်​ခု​အ​ကြား တွင်​သွား​လာ​နေ​သူ​၏​ထံ​မှ​ဖြစ်​၏။- သင်​ပြု​သော​အ​မှု​ကို​ငါ​သိ​၏။ သင်​မည်​မျှ ကြိုး​ပမ်း​လုပ်​ဆောင်​သည်၊ မည်​မျှ​ရဲ​ရင့်​သည်၊ မည် မျှ​ခံ​နိုင်​ရည်​ရှိ​သည်​ကို​ငါ​သိ​၏။ သင်​သည်​ဆိုး ညစ်​သူ​တို့​ကို​သည်း​မ​ခံ​နိုင်​ကြောင်း၊ တ​မန် တော်​မ​ဟုတ်​ဘဲ​လျက် မိ​မိ​တို့​ကိုယ်​ကို​တ​မန် တော်​ဟု​ခေါ်​ဆို​ကြ​သူ​တို့​အား​စစ်​ဆေး​၍ လူ​လိမ်​များ​ဖြစ်​သည်​ကို​သိ​ရှိ​ကြောင်း​ငါ သိ​၏။- သင်​သည်​ခံ​နိုင်​ရည်​ရှိ​ပေ​သည်။ ငါ​၏​အ​တွက် များ​စွာ​ဆင်း​ရဲ​ခံ​ပေ​သည်။ စိတ်​အား​လည်း မ​လျော့။- သို့​သော်​သင်​သည်​အ​စ​က​ကဲ့​သို့​ယ​ခု​အ​ခါ ၌ ငါ့​ကို​မ​ချစ်​တော့​သ​ဖြင့်​သင့်​အား​အ​ပြစ် ဆို​စ​ရာ​ရှိ​၏။- သို့​ဖြစ်​၍​သင်​သည်​အ​ဘယ်​မျှ​လောက်​ကျ​ဆင်း လာ​သည်​ကို​ဆင်​ခြင်​လော့။ နောင်​တ​ရ​၍​အ​စ က​ပြု​ကျင့်​ခဲ့​သည့်​အ​တိုင်း​ပြု​ကျင့်​လော့။ သို့ မ​ပြု​ပါ​မူ​သင်​ရှိ​ရာ​သို့​ငါ​လာ​ခဲ့​မည်။ သင် နောင်​တ​မ​ရ​လျှင်​သင်​၏​မီး​ခွက်​ကို​နေ​ရာ​မှ ငါ​ဖယ်​ရှား​ပစ်​မည်။- သို့​ရာ​တွင်​နိ​ကော​လ​၏​တ​ပည့်​တို့​ကျင့်​ကြံ​ပုံ ကို ငါ​မုန်း​သ​ကဲ့​သို့​သင်​လည်း​မုန်း​သ​ဖြင့်​သင့် အား​ချီး​မွမ်း​စ​ရာ​ရှိ​၏။ ``အ​သင်း​တော်​တို့​အား​ဝိညာဉ်​တော်​မိန့်​တော်​မူ သော​စ​ကား​များ​ကို​ကြား​တတ်​သော​နား​ရှိ သူ​တို့​ကြား​ပါ​စေ။ ``အောင်​မြင်​သော​သူ​အား​ဘုရား​သခင်​၏​ဥ​ယျာဉ် တော်​ရှိ​အ​သက်​ပင်​၏​အ​သီး​ကို​စား​ခွင့်​ငါ ပေး​မည်။ စ​မု​ရ​န​မြို့​အ​သင်း​တော်​၏​ကောင်း​ကင်​တ​မန် ထံ​သို့​ဤ​သို့​စာ​ရေး​၍​သြ​ဝါ​ဒ​ပေး​လော့။ ``ဤ​သြ​ဝါ​ဒ​သည်​အ​စ​နှင့်​အ​ဆုံး​ဖြစ်​သူ၊ သေ​ပြီး​မှ​အ​သက်​ပြန်​၍​ရှင်​လာ​သူ​၏​ထံ​မှ ဖြစ်​သည်။- သင်​သည်​အ​ဘယ်​မျှ​ဆင်း​ရဲ​၍​အ​ဘယ်​မျှ​ဒုက္ခ ရောက်​သည်​ကို​ငါ​သိ​၏။ သို့​ရာ​တွင်​အ​မှန်​စင်​စစ် သင်​သည်​ကြွယ်​ဝ​သူ​ဖြစ်​၏။ မိ​မိ​တို့​ကိုယ်​ကို ဟေ​ဗြဲ​အ​မျိုး​သား​များ​ဟု​ဆို​ကြ​သော​သူ​တို့ သည်​သင့်​အား​အ​သ​ရေ​ပျက်​စေ​သည့်​စ​ကား များ​ကို​ပြော​ဆို​ကြ​ကြောင်း​ငါ​သိ​၏။ သူ​တို့ သည်​စင်​စစ်​အား​ဖြင့်​ဟေ​ဗြဲ​အ​မျိုး​သား​များ မ​ဟုတ်။ စာ​တန်​၏​အ​ဖွဲ့​ဝင်​များ​ဖြစ်​ကြ​၏။- သင်​ခံ​ရ​မည့်​ဆင်း​ရဲ​ဒုက္ခ​များ​အ​တွက်​မ​စိုး ရိမ်​နှင့်။ စာ​တန်​သည်​သင်​တို့​အ​ချို့​ကို​ထောင်​ထဲ ၌​အ​ကျဉ်း​ချ​ထား​ခြင်း​အား​ဖြင့်​စစ်​ဆေး​လိမ့် မည်။ သင်​သည်​ဆယ်​ရက်​တိုင်​တိုင်​ဒုက္ခ​ခံ​ရ​လိမ့်​မည်။ သေ​သည်​တိုင်​အောင်​သစ္စာ​စောင့်​လော့။ သို့​မှ​သာ သင့်​အား​အ​သက်​သ​ရ​ဖူ​ကို​ငါ​ပေး​မည်။ ``အ​သင်း​တော်​တို့​အား​ဝိ​ညာဉ်​တော်​မိန့်​တော်​မူ သော​စ​ကား​များ​ကို​ကြား​တတ်​သော​နား​ရှိ​သူ တို့​ကြား​ပါ​စေ။ ``အောင်​မြင်​သော​သူ​သည်​ဒု​တိ​ယ​သေ ခြင်း​ဘေး​နှင့်​ကင်း​လွတ်​လိမ့်​မည်။ ``ပေ​ရ​ဂံ​မြို့​အ​သင်း​တော်​၏​ကောင်း​ကင်​တ​မန် ထံ​သို့​ဤ​သို့​စာ​ရေး​၍​သြ​ဝါ​ဒ​ပေး​လော့။ ဤ​သြ​ဝါ​ဒ​သည်​ထက်​မြက်​သော​သန်​လျက် ဆောင်​ထား​သူ​၏​ထံ​မှ​ဖြစ်​၏။- အ​ဘယ်​အ​ရပ်​တွင်​သင်​နေ​ထိုင်​သည်​ကို​ငါ​သိ ၏။ သင်​သည်​စာ​တန်​၏​ပလ္လင်​ရှိ​ရာ​အ​ရပ်​တွင်​နေ ထိုင်​၏။ ငါ​၏​ဘက်​မှာ​သစ္စာ​ရှိ​စွာ​သက်​သေ​ခံ​သူ အန္တိပ​သည် စာ​တန်​နေ​ထိုင်​ရာ​တွင်​အ​သတ်​ခံ​ရ ချိန်​၌​ပင် သင်​သည်​ငါ​၏​သစ္စာ​ကို​စောင့်​၍ ငါ့​ကို ယုံ​ကြည်​ကိုး​စား​မှု​မ​စွန့်။- သို့​ရာ​တွင်​သင်​တို့​အ​ထဲ​တွင်​ဗာ​လမ်​၏​အ​ယူ ဝါ​ဒ​ကို​လိုက်​လျှောက်​သူ​များ​ရှိ​နေ​သ​ဖြင့် သင့်​အား​အ​ပြစ်​ဆို​စ​ရာ​အ​နည်း​ငယ်​ရှိ​၏။ ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​ရုပ်​တု​ပူ​ဇော် ရာ​အ​စား​အ​စာ​များ​ကို​စား​ကြ​စေ​ရန်​နှင့် ကာ​မ​ဂုဏ်​ကို​လိုက်​စား​ကြ​စေ​ရန်​ဗာ​လမ်​က ဗာ​လက်​မင်း​အား​သင်​ကြား​ပေး​၏။- ထို​နည်း​တူ​စွာ​သင်​တို့​အ​ထဲ​တွင်​လည်း​နိ ကော​လ​၏​တ​ပည့်​များ သင်​ကြား​ပို့​ချ​သည့် အ​ယူ​ဝါ​ဒ​များ​ကို​လိုက်​လျှောက်​နေ​သူ​များ ရှိ​ပေ​သည်။- ထို့​ကြောင့်​နောင်​တ​ရ​လော့။ နောင်​တ​မ​ရ​ပါ​မူ မ​ကြာ​မီ ငါ​လာ​၍​ထို​သူ​တို့​အား​ငါ​၏​ခံ တွင်း​မှ​ထွက်​သော​သန်​လျက်​နှင့်​တိုက်​ခိုက်​မည်။ ``အ​သင်း​တော်​တို့​အား​ဝိ​ညာဉ်​တော်​မိန့်​တော်​မူ သော​စ​ကား​များ​ကို​ကြား​တတ်​သော​နား​ရှိ သူ​တို့​ကြား​ပါ​စေ။ အောင်​မြင်​သော​သူ​အား​ဝှက်​ထား​သော​မန္န​မုန့် ကို​ငါ​ပေး​မည်။ ကျောက်​စ​ရစ်​ဖြူ​ကို​လည်း ငါ​ပေး​မည်။ ထို​ကျောက်​ဖြူ​ပေါ်​တွင်​အက္ခ​ရာ တင်​ထား​သည့်​နာ​မည်​သစ်​ကို​အ​ဘယ်​သူ မျှ​မ​သိ​နိုင်​ရာ။ ထို​ကျောက်​ကို​ခံ​ယူ​ရ​ရှိ သူ​သာ​လျှင်​သိ​ရှိ​နိုင်​ပေ​သည်။