ထိုနောက်ကြည့်လိုက်သောအခါဇိအုန်တောင် ပေါ်တွင် သိုးသူငယ်တော်ရပ်နေသည်ကိုငါ မြင်ရ၏။ သူ၏နာမနှင့်ခမည်းတော်၏နာမ တော်ကိုနဖူးတွင် ရေးမှတ်ထားသူလူပေါင်း တစ်သိန်းလေးသောင်းလေးထောင်တို့သည် သိုး သူငယ်တော်နှင့်အတူရှိကြ၏။- ကောင်းကင်မှသမုဒ္ဒရာဟုန်းသံနှင့်မိုးချုန်း သံကြီးကဲ့သို့သောအသံကို ငါကြားရ၏။ ထိုအသံသည်စောင်းသမားများတီးသည့် စောင်းသံနှင့်တူ၏။- ထိုသူတစ်သိန်းလေးသောင်းလေးထောင်တို့ သည် ပလ္လင်တော်ရှေ့၌လည်းကောင်း၊ သက်ရှိ သတ္တဝါလေးပါးနှင့်အကြီးအကဲများ၏ ရှေ့၌လည်းကောင်းရပ်လျက်သီချင်းသစ်ကို သီဆိုကြ၏။ လူသားအပေါင်းတို့အထဲ မှရွေးနုတ်ကယ်တင်ခြင်းခံရသူ၊ လူတစ် သိန်းလေးသောင်းလေးထောင်မှတစ်ပါး အခြားအဘယ်သူမျှထိုသီချင်း ကိုမသီဆိုတတ်။- ထိုသူတို့သည်ကာမဂုဏ်ခံစားမှုနှင့်ကင်း လွတ်သူလူပျိုစင်များဖြစ်၍ သိုးသူငယ် တော်သွားလေရာအရပ်သို့လိုက်ကြ၏။ သူ တို့သည်လူသားတို့အနက်ကရွေးနုတ် ကယ်တင်ခြင်းခံရသဖြင့် ဘုရားသခင်နှင့် သိုးသူငယ်တော်အား အဦးဆုံးဆက်သ ခြင်းခံရသူများဖြစ်ကြသတည်း။- သူတို့သည်အဘယ်အခါမျှ လိမ်လည်၍ မပြောတတ်။ အပြစ်ကင်းစင်သူများဖြစ် ပေသည်။ ထိုနောက်ကောင်းကင်အလယ်တွင် ကောင်းကင် တမန်တစ်ပါးပျံဝဲလျက်နေသည်ကိုငါ မြင်ရ၏။ သူသည်တိုင်းနိုင်ငံအသီးသီးရှိ ဘာသာစကားအမျိုးမျိုးကိုပြောဆိုသူ လူအမျိုးအနွယ်ခပ်သိမ်းတို့အား ကြေညာ ရန်ထာဝရသတင်းကောင်းကိုယူဆောင် လာ၏။- ထိုကောင်းကင်တမန်က``ဘုရားသခင်တရား စီရင်တော်မူရာနေ့ရက်သည်ကျရောက်၍လာ လေပြီ။ ထိုကြောင့်ကိုယ်တော်ကိုကြောက်ရွံ့ရိုသေ ကြလော့။ ဂုဏ်တော်ကိုချီးကူးကြလော့။ ကောင်း ကင်နှင့်ကမ္ဘာမြေကြီးကိုလည်းကောင်း၊ ပင်လယ် နှင့်စမ်းပေါက်များကိုလည်းကောင်းဖန်ဆင်း တော်မူသောအရှင်ကိုရှိခိုးကြလော့'' ဟု အသံကျယ်စွာကြွေးကြော်လေ၏။
ဗျာဒိတ် 14 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဗျာဒိတ် 14:1-7
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ