YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာ​လံ 86:1-7

ဆာ​လံ 86:1-7 BCL

ကျွန်​တော်​မျိုး​သည်​အင်​အား​ချိ​နဲ့​လျက်​ခို​ကိုး​ရာ​မဲ့ ဖြစ်​၍​နေ​ပါ​၏။ ထို့​ကြောင့် အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​လျှောက်​ထား​သည်​ကို​နား​ထောင်​တော် မူ​၍ ဖြေ​ကြား​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား သစ္စာ​စောင့်​သည်​ဖြစ်​၍ ကျွန်​တော်​မျိုး​အား​သေ​ဘေး​မှ​ကယ်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား​ကိုး စား​သော အ​စေ​ခံ​ဖြစ်​သော​ကြောင့် ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဘု​ရား ဖြစ်​တော်​မူ​ပါ​၏။ သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​အား​သ​နား​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​အ​ထံ​တော်​သို့​တစ်​နေ့​လုံး ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​၏။ အို ဘု​ရား​ရှင်၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​၏​ထံ​သို့ ဆု​တောင်း​သည်​ဖြစ်​၍​ကိုယ်​တော်​ရှင့်​အ​စေ ခံ​အား ဝမ်း​မြောက်​စေ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၌​ကျွန်​တော်​မျိုး​တို့​အ​ပေါ် ကောင်း​မြတ်​သော​သ​ဘော၊အ​ပြစ်​လွှတ်​တတ်​သော သ​ဘော​ရှိ​တော်​မူ​ပါ​၏။ အ​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​သူ အ​ပေါင်း​တို့ အ​ပေါ်​ထား​တော်​မူ​သည့်​ခိုင်​မြဲ​သော မေတ္တာ​တော်​သည်​ကြွယ်​ဝ​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ထောင်​တော်​မူ​ပါ။ ကူ​မ​တော်​မူ​ရန်​ကျွန်​တော်​မျိုး​အော်​ဟစ်​သံ​များ​ကို ကြား​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဆု​တောင်း ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​သည်​ဖြစ်​၍ ဒုက္ခ​ရောက်​ချိန်​များ​၌​ကျွန်​တော်​မျိုး​သည် ကိုယ်​တော်​ကို​ခေါ်​ပါ​၏။