YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာ​လံ 77:1-6

ဆာ​လံ 77:1-6 BCL

ငါ​သည်​ဘု​ရား​သ​ခင်​ထံ​တော်​သို့​ကျယ်​စွာ အော်​ဟစ်​၏။ ငါ​သည်​ကျယ်​စွာ​အော်​ဟစ်​သ​ဖြင့် ကိုယ်​တော်​ကြား​တော်​မူ​၏။ ဒုက္ခ​ရောက်​ချိန်​၌​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့ ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။ တစ်​ည​လုံး​လက်​အုပ်​ချီ​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။ သို့​ရာ​တွင်​စိတ်​သက်​သာ​ရာ​မ​ရ​နိုင်​ပါ။ ငါ​သည်​ဘု​ရား​သ​ခင်​အ​ကြောင်း​ကို​အောက်​မေ့ ဆင်​ခြင်​သော​အ​ခါ​သက်​ပြင်း​ချ​ရ​၏။ လေး​နက်​စွာ​တွေး​တော​သော​အ​ခါ​ငါ​သည် စိတ်​ပျက်​အား​ငယ်​ရ​၏။ ကိုယ်​တော်​သည်​ငါ့​အား​တစ်​ည​လုံး​အိပ်​ပျော်​ခွင့်​ကို ပေး​တော်​မ​မူ​ပါ။ ငါ​သည်​ပူ​ပင်​သော​က​ရောက်​ရ​လွန်း​သ​ဖြင့် စ​ကား​ပင်​မ​ပြော​နိုင်​ပါ။ ငါ​သည်​ကုန်​လွန်​သွား​သည့်​နေ့​ရက်​များ​အ​ကြောင်း ကို စဉ်း​စား​၍​လွန်​လေ​ပြီး​သည့်​နှစ်​များ​ကို အောက်​မေ့​သ​တိ​ရ​ပါ​၏။ တစ်​ည​လုံး​ငါ​သည်​ဆင်​ခြင်​စဉ်း​စား​လျက်​နေ​စဉ်၊

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။