အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ ဘုရားဖြစ်တော်မူ၍ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားတမ်းတပါ၏။ ကျွန်တော်မျိုးသည်စိတ်ရောကိုယ်ပါ ကိုယ်တော်ရှင်ကိုစောင့်မျှော်တသပါ၏။ ကျွန်တော်မျိုး၏ဝိညာဉ်သည်ရေမရှိသည့် မြေဆီလွှာကဲ့သို့ခြောက်သွေ့နွမ်းရိလျက် ကိုယ်တော်ရှင်အားတောင့်တပါ၏။ သန့်ရှင်းရာဌာနတွင်ကိုယ်တော်ရှင်အားဖူး မြော်ခွင့်ကို ကျွန်တော်မျိုးအားပေးတော်မူပါ။ ကိုယ်တော်ရှင်၏တန်ခိုးတော်နှင့် ဘုန်းအသရေတော်ကိုဖူးမြော်ခွင့်ပေးတော်မူပါ။ ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်သည် အသက်ထက်ကောင်းမြတ်ပါ၏။ သို့ဖြစ်၍ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား ထောမနာပြုပါမည်။ ကျွန်တော်မျိုးသည်အသက်ရှင်သမျှကာလ ပတ်လုံး ကိုယ်တော်ရှင်၏ကျေးဇူးတော်ကိုချီးမွမ်း ပါမည်။ လက်အုပ်ချီ၍ကိုယ်တော်ရှင်၏ထံတော်သို့ ဆုတောင်းပတ္ထနာပြုပါမည်။ ကျွန်တော်မျိုး၏ဝိညာဉ်သည်ချိုမြိန်သည့်အစာကို စားသုံးရသူကဲ့သို့ကျေနပ်ရောင့်ရဲလျက်နေ ပါမည်။ ကိုယ်တော်ရှင်အားဝမ်းမြောက်စွာထောမနာ သီချင်းဆိုပါမည်။ ကျွန်တော်မျိုးသည်အိပ်ရာပေါ်တွင် လဲလျောင်းလျက်နေစဉ် ကိုယ်တော်ရှင်အားအောက်မေ့သတိရပါ၏။ တစ်ညဥ့်လုံးကိုယ်တော်ရှင်၏အကြောင်းကို စဉ်းစားဆင်ခြင်လျက်နေပါ၏။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးအားအစဉ်အမြဲကူမ တော်မူသောကြောင့်ဖြစ်ပါ၏။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ အတောင်တော်အရိပ်အောက်၌ခိုလှုံလျက် ဝမ်းမြောက်စွာသီချင်းဆိုပါ၏။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားမှီတွယ် ပါ၏။ ကိုယ်တော်ရှင်၏လက်ရုံးတော်သည်လည်း ကျွန်တော်မျိုးအားဘေးမဲ့လုံခြုံစွာထား တော်မူပါ၏။
ဆာလံ 63 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဆာလံ 63:1-8
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ