YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာ​လံ 56:8-11

ဆာ​လံ 56:8-11 BCL

ကျွန်​တော်​မျိုး​သည်​အ​တိ​ဒုက္ခ​ရောက်​လျက်​ရှိ သည်​ကို ကိုယ်​တော်​ရှင်​သိ​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​မျက်​ရည်​ပေါက် များ​ကို​စာ​ရင်း​ပြု​၍​ထား​တော်​မူ​ပြီ။ ကိုယ်​တော်​ရှင်​၏​စာ​စောင်​တွင်​စာ​ရင်း​ပြု​၍​ထား​သည် မ​ဟုတ်​ပါ​လော။ ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး တောင်း​လျှောက်​သော​နေ့​၌​ရန်​သူ​တို့​သည် တပ်​လန်​ကြ​ပါ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည်​ငါ​၏​ဘက်​တွင်​ရှိ​တော်​မူ ကြောင်း​ကို ငါ​သိ​၏။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​က​တိ​တော်​များ​ကို ချီး​မွမ်း​ပါ​၏။ ငါ​သည်​ကိုယ်​တော်​ကို​ကိုး​စား​သ​ဖြင့် အ​ဘယ်​သူ​ကို​မျှ ကြောက်​လန့်​မည်​မ​ဟုတ်။ လူ​သည်​ငါ့​အား​အ​ဘယ်​သို့​ပြု​နိုင်​သ​နည်း။