YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာ​လံ 42:1-3

ဆာ​လံ 42:1-3 BCL

အို ဘု​ရား​သ​ခင်၊ သ​မင်​ဒ​ရယ်​သည်​အေး​မြ​သော​စမ်း​ရေ​ကို တောင့်​တ​သ​ကဲ့​သို့ ကိုယ်​တော်​ရှင်​ကို​ကျွန်​တော်​မျိုး​တောင့်​တ​ပါ​၏။ အ​သက်​ရှင်​တော်​မူ​သည့်​ဘု​ရား​တည်း​ဟူ​သော ကိုယ်​တော်​ရှင်​ကို​ကျွန်​တော်​မျိုး​တောင့်​တ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​အ​ဘယ်​အ​ခါ​မှ ကိုယ်​တော်​ရှင်​၏​ရှေ့​တော်​မှောက်​သို့​ချဉ်း​ကပ်​၍ ဝတ်​ပြု​ကိုး​ကွယ်​နိုင်​ပါ​မည်​နည်း။ ငါ​သည်​နေ့​ရော​ည​ပါ​ငို​ကြွေး​ရ​သ​ဖြင့် မျက်​ရည်​များ​သည်​ငါ​၏​အ​စား​အ​စာ​ဖြစ် တော့​၏။ ရန်​သူ​တို့​က​ငါ့​အား``သင်​၏​ဘု​ရား​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း'' ဟု​အ​စဉ်​ပင် မေး​လျက်​နေ​ကြ​၏။