YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာ​လံ 27:1-5

ဆာ​လံ 27:1-5 BCL

ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​အ​လင်း၊ ငါ​၏​ကယ်​တင်​ရှင်​ဖြစ်​တော်​မူ​၏။ ငါ​သည်​အ​ဘယ်​သူ​ကို​မျှ​ကြောက်​လန့်​ရ အံ့​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည်​ဘေး​အန္တ​ရာယ်​အ​ပေါင်း​မှ ငါ့​ကို​ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၏။ ငါ​သည်​ကြောက်​လန့်​လိမ့်​မည်​မ​ဟုတ်။ ဆိုး​ညစ်​သူ​တို့​ငါ့​ကို​သတ်​ရန်​တိုက်​ခိုက်​ကြ​သော အ​ခါ သူ​တို့​သည်​ခြေ​ချော်​၍​လဲ​ကြ​၏။ စစ်​တပ်​တစ်​တပ်​လုံး​ပင်​ငါ့​ကို​ဝိုင်း​ရံ​ထား​စေ​ကာ​မူ ငါ​သည်​ကြောက်​လန့်​လိမ့်​မည်​မ​ဟုတ်။ အ​ကယ်​၍​ငါ​၏​ရန်​သူ​များ​က​ပင်​လျှင် ငါ့​ကို​တိုက်​ခိုက်​စေ​ကာ​မူ​ငါ​သည် ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​စား​မည်။ ထာ​ဝ​ရ​ဘု​ရား​အား​ငါ​တောင်း​လျှောက်​လို သော​ဆု၊ ငါ​လို​ချင်​တောင့်​တ​သော​ဆု​တစ်​ခု​တည်း​ရှိ​၏။ ထို​ဆု​ကား​ဘု​ရား​သ​ခင်​၏​အိမ်​တော်​တွင် တစ်​သက်​လုံး​နေ​ရ​၍​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​အံ့​သြ​လျက် ကိုယ်​တော်​၏​လမ်း​ပြ​မှု​ကို​တောင်း​ခံ​နိုင်​ခွင့် ပင်​ဖြစ်​၏။ ဘေး​အန္တ​ရာယ်​ရောက်​သည့်​ကာ​လ ငါ့​အား​ကိုယ်​တော်​ကွယ်​ကာ​စောင့်​ရှောက်​၍ ထား​တော်​မူ​လိမ့်​မည်။ ဗိ​မာန်​တော်​တွင်​လုံ​ခြုံ​စွာ​ထား​တော်​မူ​လိမ့်​မည်။ ဘေး​ကင်း​စေ​ရန်​ကျောက်​ဆောင်​မြင့်​ပေါ်​မှာ​တင်​၍ ထား​တော်​မူ​လိမ့်​မည်။

​ဆာ​လံ 27:1-5 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။