အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်မှန်ရာကိုပြုကျင့်၍ ကိုယ်တော်အားအကြွင်းမဲ့ကိုးစားသူဖြစ် ပါ၏။ ထို့ကြောင့်ကျွန်တော်မျိုးမှာအပြစ်မရှိကြောင်း ထုတ်ဖော်ကြေညာတော်မူပါ။ အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားစမ်းသပ်စစ်ဆေးတော်မူပါ။ ကျွန်တော်မျိုး၏အလိုဆန္ဒများနှင့်စိတ်နှလုံး အကြံအစည်များကိုစစ်ကြောတော်မူပါ။ ကျွန်တော်မျိုးအားကိုယ်တော်ရှင်၏ခိုင်မြဲသော မေတ္တာတော်သည်လမ်းပြပါ၏။ သစ္စာတော်သည်ကျွန်တော်မျိုးအား အစဉ်ပို့ဆောင်လျက်ရှိပါ၏။ ကျွန်တော်မျိုးသည်လျှပ်ပေါ်သူတို့နှင့် မပေါင်းမဖော်ပါ။ သူတော်ယောင်ဆောင်သူတို့နှင့်လည်းမည်သို့မျှ မဆက်ဆံပါ။ ဆိုးညစ်သူတို့၏အပေါင်းအသင်းတို့ကို ရွံမုန်း၍ သူယုတ်မာတို့ကိုရှောင်ရှားပါ၏။ အို ထာဝရဘုရား၊ ကျွန်တော်မျိုးမှာအပြစ်မရှိကြောင်းပြသရန် ကျွန်တော်မျိုးသည်မိမိ၏လက်ကိုဆေးကြောပြီး နောက် ကိုယ်တော်ရှင်၏ယဇ်ပလ္လင်ကိုလှည့်ပတ်၍ ဝတ်ပြုကိုးကွယ်ပါ၏။ ကျွန်တော်မျိုးသည်ကျေးဇူးတော်ချီးမွမ်းရာ သီချင်းကိုဆို၍ ကိုယ်တော်ရှင်ပြုတော်မူသောအံ့သြဖွယ် အမှုအရာအပေါင်းတို့ကိုပြောကြားပါ၏။
ဆာလံ 26 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဆာလံ 26:1-7
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို