YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာ​လံ 22:1-11

ဆာ​လံ 22:1-11 BCL

ကျွန်​တော်​မျိုး​၏​ဘု​ရား အို ကျွန်​တော်​မျိုး​၏ ဘု​ရား၊ အ​ဘယ်​ကြောင့်​ကျွန်​တော်​မျိုး​အား စွန့်​ပစ်​တော်​မူ​ပါ​သ​နည်း။ ကယ်​မ​တော်​မူ​ရန်​ကျွန်​တော်​မျိုး​သည်​ဟစ် အော်​ပါ​၏။ သို့​ရာ​တွင်​ယ​ခု​တိုင်​အောင်​ကယ်​မ​တော်​မ​မူ​ပါ။ ကျွန်​တော်​မျိုး​၏​ဘု​ရား၊​နေ့​အ​ခါ​၌​ကိုယ်​တော် အား ကျွန်​တော်​မျိုး​ခေါ်​ပါ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​သည်​ထူး​တော်​မ​မူ​ပါ။ ညဥ့်​အ​ခါ​ကျွန်​တော်​မျိုး​ခေါ်​ပါ​၏။ သို့​ရာ​တွင်​ကျွန်​တော်​မျိုး​စိတ်​သက်​သာ​ခွင့်​ကို မ​ရ​ပါ။ သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​သည်​ပလ္လင်​တော်​ပေါ်​တွင် စံ​တော်​မူ​သော​အ​ရှင်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထော​မ​နာ​ပြု​ခြင်း​ကို ခံ​တော်​မူ​ရ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​၏​ဘိုး​ဘေး​များ​သည်​ကိုယ်​တော်​ကို ကိုး​စား​ခဲ့​ကြ​ပါ​၏။ ယင်း​သို့​သူ​တို့​ကိုး​စား​သည့်​အ​တိုင်း ကိုယ်​တော်​သည်​လည်း​သူ​တို့​အား ကယ်​တော်​မူ​ခဲ့​ပါ​၏။ သူ​တို့​သည်​ကိုယ်​တော်​၏​ထံ​တော်​သို့​အော်​ဟစ် တောင်း​လျှောက်​ကြ​သ​ဖြင့် ဘေး​ဥ​ပဒ်​များ​မှ​လွတ်​မြောက်​ခဲ့​ကြ​ပါ​၏။ သူ​တို့​သည်​ကိုယ်​တော်​ကို​ယုံ​ကြည်​ကိုး​စား ကြ​သည် နှင့်​အ​မျှ​အ​ကျိုး​ကို​ခံ​စား​ကြ​ရ​ပါ​၏။ သို့​ရာ​တွင်​ကျွန်​တော်​မျိုး​သည်​လူ​မ​ဟုတ်၊ ပိုး​ကောင်​မျှ​သာ​ဖြစ်​၍​လူ​တ​ကာ​တို့​ကဲ့​ရဲ့ စ​ရာ၊ မ​ထီ​လေး​စား​ပြု​စ​ရာ​ဖြစ်​ပါ​၏။ ကျွန်​တော်​မျိုး​အား​မြင်​သော​သူ​တိုင်း ပြောင်​လှောင်​ကြ​ပါ​၏။ သူ​တို့​သည်​လျှာ​ကို​ထုတ်​လျက်​ဦး​ခေါင်း​ကို ခါ​ကြ​ပါ​၏။ သူ​တို့​က``သင်​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​အား​ကိုး ဘိ​၏။ ကိုယ်​တော်​သည်​သင့်​ကို​အ​ဘယ်​ကြောင့် မ​ကယ်​ပါ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​ကို နှစ်​သက်​မြတ်​နိုး​တော်​မူ​လျှင် အ​ဘယ်​ကြောင့်​သင့်​အား​ကယ်​မ​တော် မ​မူ ပါ​သ​နည်း'' ဟု​ဆို​ကြ​၏။ ကျွန်​တော်​မျိုး​အား​ဘေး​ဥ​ပဒ်​ကင်း​ရှင်း​စွာ အ​မိ​ဝမ်း​မှ​မွေး​ဖွား​စေ​တော်​မူ​သော​အ​ရှင် ကား ကိုယ်​တော်​ရှင်​ပင်​ဖြစ်​ပါ​၏။ နို့​စို့​သူ​ငယ်​ဖြစ်​စဉ်​အ​ခါ​က​လည်း ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​သည် ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား​တော်​မူ​ခဲ့​ပါ​၏။ ကျွန်​တော်​မျိုး​သည်​မွေး​ဖွား​ချိန်​မှ​အ​စ ပြု​၍ ကိုယ်​တော်​ရှင်​ကို​အား​ကိုး​ခဲ့​ပါ​၏။ ထို​အ​ချိန်​မှ​စ​၍​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​၏​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​နှင့်​ဝေး​ဝေး​နေ​တော်​မ​မူ​ပါ​နှင့်။ ကျွန်​တော်​မျိုး​ဒုက္ခ​ရောက်​ပါ​တော့​မည်။ ကူ​မ​မည့်​သူ​လည်း​တစ်​ယောက်​မျှ​မ​ရှိ​ပါ။