ထာဝရဘုရားအားထောမနာပြုကြလော့။ အချင်းထာဝရဘုရား၏အစေခံတို့၊ ကိုယ်တော်၏နာမတော်အားထောမနာ ပြုကြလော့။ ကိုယ်တော်၏နာမတော်အားယခုမှစ၍ ကာလအစဉ်အဆက်ထောမနာပြုကြ ပါစေသော။ နေထွက်ရာအရပ်မှနေဝင်ရာအရပ်သို့ တိုင်အောင် ထာဝရဘုရား၏နာမတော်အားထောမနာ ပြုကြ ပါစေသတည်း။ ထာဝရဘုရားသည်လူမျိုးတကာတို့ကို အစိုးရတော်မူ၏။ ကိုယ်တော်၏ဘုန်းအသရေတော်သည် မိုးကောင်းကင်အထက်ထွန်းတောက်တော်မူ၏။ ငါတို့၏ဘုရားသခင်ထာဝရဘုရားနှင့် နှိုင်းယှဉ်နိုင်သူတစ်စုံတစ်ယောက်မျှမရှိ။ ကိုယ်တော်သည်အထက်ဘဝဂ်တွင်စံနေ တော်မူ၏။ သို့ရာတွင်မိုးကောင်းကင်နှင့်ကမ္ဘာမြေကြီးကို ငုံ့ကြည့်တော်မူ၏။ ဆင်းရဲသူတို့ကိုမြေမှုန့်ထဲကချီးမြှင့်၍ နွမ်းပါးသူတို့ကိုအမှိုက်ပုံထဲက ချီးမြှောက်တော်မူ၏။ ထိုနောက်မင်းသားများဖြစ်ကြသော၊ကိုယ် တော်၏ လူစုတော်ကိုအုပ်စိုးသောမင်းသားများနှင့် အတူ သွားလာပေါင်းဖော်ခွင့်ကိုပေးတော်မူ၏။ ကိုယ်တော်သည်မြုံသောအိမ်ရှင်မအား ချီးမြှင့်တော်မူရာသားသမီးရစေ၍ ဝမ်းမြောက်စေတော်မူ၏။
ဆာလံ 113 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဆာလံ 113:1-9
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ