YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာ​လံ 103:6-18

ဆာ​လံ 103:6-18 BCL

ထာ​ဝ​ရ​ဘု​ရား​သည် ဖိ​စီး​နှိပ်​စက်​ခြင်း​ခံ​ရ​သူ​တို့​ဘက်​မှ​နေ​၍ တ​ရား​စီ​ရင်​တော်​မူ​သ​ဖြင့် သူ​တို့​၏​ရ​ပိုင်​ခွင့်​များ​ကို​ပေး​တော်​မူ​၏။ ကိုယ်​တော်​သည်​မိ​မိ​၏​အ​ကြံ​အ​စည်​တော် များ​ကို မော​ရှေ​အား​ဖော်​ပြ​တော်​မူ​၍ အံ့​သြ​ဖွယ်​သော​အ​မှု​တော်​တို့​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​မြင်​စေ​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ချစ်​ခင်​ကြင်​နာ​တော်​မူ​၍ စိတ်​ရှည်​သည်း​ခံ​တော်​မူ​လျက် ခိုင်​မြဲ​သော​မေတ္တာ​တော်​နှင့်​ပြည့်​ဝ​တော်​မူ​၏။ ကိုယ်​တော်​သည်​အ​စဉ်​မ​ပြတ်​ပြစ်​တင်​၍​နေ​တော် မ​မူ။ အ​စဉ်​အ​မြဲ​အ​မျက်​ထွက်​တော်​မ​မူ။ ငါ​တို့​အား​ခံ​ထိုက်​သည့်​အ​ပြစ်​ဒဏ်​ကို​ခံ​စေ တော်​မ​မူ၊ ငါ​တို့​၌​အ​ပြစ်​များ​နှင့်​အ​မှား​များ​ရှိ​သည့် အ​တိုင်း အ​ပြစ်​ပေး​တော်​မ​မူ။ ကမ္ဘာ​မြေ​ပြင်​အ​ထက်​ရှိ​မိုး​ကောင်း​ကင်​သည် မြင့်​မား​သည်​နှင့်​အ​မျှ ကိုယ်​တော်​ကို​ကြောက်​ရွံ့​သူ​တို့​အ​တွက်​ထား​ရှိ​သော မေတ္တာ​တော်​သည်​ကြီးမား​တော်​မူ​၏။ အ​ရှေ့​မျက်​နှာ​စွန်း​သည်​အ​နောက်​မျက်​နှာ စွန်း​နှင့် ဝေး​ကွာ​သ​ကဲ့​သို့ ကိုယ်​တော်​သည်​ငါ​တို့​အား​ငါ​တို့​အ​ပြစ်​များ​နှင့် ဝေး​ကွာ​စေ​တော်​မူ​၏။ ဖ​ခင်​သည်​သား​သ​မီး​တို့​အား​သ​နား ကြင်​နာ​သ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​အား​ကြောက်​ရွံ့​ရို​သေ သူ​တို့​အား​သ​နား​ကြင်​နာ​တော်​မူ​၏။ ငါ​တို့​ကိုယ်​ခန္ဓာ​ကို​မည်​ကဲ့​သို့ တည်​ဆောက်​ထား​သည်​ကို​ကိုယ်​တော် သိ​တော်​မူ​၏။ ငါ​တို့​သည်​မြေ​မှုန့်​ဖြစ်​ကြောင်း​ကို​သ​တိ​ရ တော်​မူ​၏။ ငါ​တို့​၏​ဘ​ဝ​အ​သက်​တာ​သည်​မြက်​ပင်​နှင့် တူ​၏။ ငါ​တို့​သည်​တော​ပန်း​ကဲ့​သို့​ကြီး​ထွား ပွင့်​လန်း​လျက်​နေ​ကြ​၏။ လေ​တိုက်​သော​အ​ခါ​ပန်း​ပွင့်​သည် ကြွေ​ပျောက်​၍​သွား​သ​ဖြင့် ယင်း​ကို​နောက်​တစ်​ဖန်​မ​တွေ့​မ​မြင်​ရ​တော့​ပေ။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့ ရို​သေ​ကြ​သူ​တို့​အ​တွက် ကိုယ်​တော်​ထား​ရှိ​တော်​မူ​သော​မေတ္တာ​တော်​မူ​ကား ထာ​ဝ​စဉ်​ခိုင်​မြဲ​ပေ​သည်။ ပ​ဋိ​ညာဉ်​တော်​ကို​စောင့်​ထိန်း​၍​ပ​ညတ်​တော်​တို့​ကို သစ္စာ​နှင့်​လိုက်​နာ​ကျင့်​သုံး​ကြ​သူ​တို့​အ​ပေါ်​သို့ ကိုယ်​တော်​၏​ကျေး​ဇူး​က​ရု​ဏာ​တော်​သည် သား​စဉ်​မြေး​ဆက်​သက်​ရောက်​သတည်း။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။