YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖိ​လိပ္ပိ 4:14-20

ဖိ​လိပ္ပိ 4:14-20 BCL

သို့​ရာ​တွင်​ငါ​အ​ခက်​အ​ခဲ​တွေ့​ကြုံ​ရ​ချိန်​၌ သင်​တို့​ငါ့​ကို​ကူ​ညီ​ကြ​သော​အား​ဖြင့်​ကောင်း မွန်​စွာ​ပြု​ပြီ။- အ​ချင်း​ဖိ​လိပ္ပိ​အ​သင်း​တော်​သား​တို့၊ ငါ​သည် မာ​ကေ​ဒေါ​နိ​ပြည်​မှ​ထွက်​ခွာ​၍ သ​တင်း​ကောင်း ကို​စ​တင်​ကြေ​ညာ​သော​အ​ခါ​၌ သင်​တို့ အ​သင်း​တော်​တစ်​ပါး​တည်း​က​သာ​လျှင်​ငါ့ အား​ကူ​ညီ​ခဲ့​ကြောင်း၊ အ​မှု​တော်​ဆောင်​လုပ် ငန်း​တွင်​သင်​တို့​က​သာ​လျှင် ငါ​နှင့်​အ​တူ ဖက်​စပ်​အ​ဖြစ်​နှင့်​အ​ရှုံး​အ​မြတ်​ရှိ​လျက် လုပ်​ဆောင်​ခဲ့​ကြ​ကြောင်း​ကို သင်​တို့​ကိုယ် တိုင်​ကောင်း​စွာ​သိ​ကြ​၏။- သက်​သာ​လော​နိတ်​မြို့​တွင်​ရှိ​စဉ်​အ​ခါ​က ငါ လို​သော​အ​ကူ​အ​ညီ​ကို​သင်​တို့​သည်​တစ် ကြိမ်​မ​က​ပေး​ပို့​ခဲ့​ကြ​ပေ​သည်။- ဤ​သို့​ဆို​သော်​ငါ​သည်​အ​လှူ​ကို​ခံ​ယူ​လို​၍ မ​ဟုတ်။ သင်​တို့​၏​ငွေ​စာ​ရင်း​တွင်​အ​မြတ်​တိုး လာ​စေ​ရန်​ငါ​အ​လို​ရှိ​၏။- သင်​တို့​ပေး​ပို့​လိုက်​သော​အ​လှူ​ပ​စ္စည်း​အား လုံး​ကို​ရ​ရှိ​ကြောင်း ဤ​တွင်​ဖော်​ပြ​ပါ​သည်။ ထို​အ​လှူ​ပ​စ္စည်း​များ​ကို​ဧ​ပ​ဖြော​ဒိတ်​ယူ လာ​ပေး​သ​ဖြင့် ငါ​လို​သ​မျှ​ရ​ရှိ​ပေ​ပြီ။ ထို အ​ရာ​တို့​သည်​မွှေး​ကြိုင်​သော​ပူ​ဇော်​သ​ကာ၊ ဘု​ရား​သ​ခင်​လက်​ခံ​နှစ်​သက်​တော်​မူ သော​ယဇ်​ကဲ့​သို့​ဖြစ်​ပါ​၏။- ငါ​၏​ဘု​ရား​သ​ခင်​သည်​စည်း​စိမ်​ချမ်း​သာ ကြွယ်​ဝ​တော်​မူ​သည်​နှင့်​အ​ညီ သင်​တို့​အား ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့် သင်​တို့​လို​သ​မျှ သော​အ​ရာ​တို့​ကို​ပေး​သ​နား​တော်​မူ​ပါ စေ​သော။- ငါ​တို့​၏​အဖ​ဘု​ရား​သ​ခင်​သည်​ကမ္ဘာ​အ​ဆက် ဆက် ဘုန်း​အ​သ​ရေ​ထွန်း​တောက်​တော်​မူ​ပါ​စေ သ​တည်း။ အာ​မင်။

​ဖိ​လိပ္ပိ 4:14-20 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။