YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖိ​လိပ္ပိ 1:1-11

ဖိ​လိပ္ပိ 1:1-11 BCL

ခ​ရစ်​တော်​ယေ​ရှု​၏​အ​စေ​ခံ​များ​ဖြစ်​သည့် ပေါ​လု​နှင့်​တိ​မော​သေ​တို့​ထံ​မှ ဖိလိပ္ပိ​မြို့​တွင် နေ​ထိုင်​ကြ​ကုန်​သော​သင်း​အုပ်​များ​နှင့်​သင်း ထောက်​လူ​ကြီး​များ​မှ​စ​၍ ခ​ရစ်​တော်​ယေ​ရှု နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​ကြ​သော​သ​ခင် ဘု​ရား​၏​လူ​စု​တော်​ဝင်​အ​ပေါင်း​တို့​ထံ​သို့ စာ​ရေး​လိုက်​ပါ​သည်။ သင်​တို့​သည်​ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​နှင့် သ​ခင်​ယေ​ရှု​ခ​ရစ်​ထံ​တော်​မှ​ကျေး​ဇူး​တော်​နှင့် ငြိမ်​သက်​ခြင်း​ကို​ခံ​စား​ရ​ကြ​ပါ​စေ​သော။ သင်​တို့​အ​ကြောင်း​ကို​သ​တိ​ရ​သည့်​အ​ခါ​တိုင်း ငါ​သည်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပါ​၏။- အ​မှု​တော်​ကို​ငါ​စ​တင်​ဆောင်​ရွက်​ချိန်​မှ​ယ​နေ့ တိုင်​အောင်​သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရာ​တွင် ငါ နှင့်​အ​တူ​သင်​တို့​ဆောင်​ရွက်​ခဲ့​ကြ​သ​ဖြင့်​ငါ သည်​သင်​တို့​အ​တွက်​ဝမ်း​မြောက်​စွာ​ဆု​တောင်း ပါ​၏။- သို့​ဖြစ်​၍​သင်​တို့​တွင်​ဤ​ကောင်း​မြတ်​သည့်​အ​မှု ကို​စ​တင်​ပြု​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ခ​ရစ်​တော်​ယေ​ရှု​၏​နေ့​ရက်​မ​တိုင်​မီ​ထို​အ​မှု ကို​ပြီး​စီး​သည့်​တိုင်​အောင်​ပြု​တော်​မူ​လိမ့်​မည် ဟု​ငါ​ယုံ​ကြည်​စိတ်​ချ​၏။- သင်​တို့​ကို​ငါ​အ​စဉ်​အောက်​မေ့​၏။ သို့​ဖြစ်​၍ ငါ​သည်​သင်​တို့​နှင့်​ပတ်​သက်​၍​ယင်း​သို့​သ​ဘော ထား​အပ်​၏။ ယ​ခု​ငါ​အ​ကျဉ်း​ခံ​လျက်​နေ​ရ​စဉ် အ​ခါ​နှင့်​သ​တင်း​ကောင်း​ကို​လွတ်​လပ်​စွာ​သက် သေ​ခံ​တည်​တံ့​ခိုင်​မြဲ​စေ​ခွင့်​ရ​စဉ်​အ​ခါ​က သင်​တို့​သည်​ငါ့​အား​ဘု​ရား​သ​ခင်​ပေး​တော် မူ​သော​အ​ခွင့်​ထူး​တွင်​ပါ​ဝင်​လုပ်​ဆောင်​ကြ ပေ​သည်။- ငါ​သည်​ခ​ရစ်​တော်​ယေ​ရှု​၏​မေတ္တာ​ဖြင့်​သင်​တို့ အား​လွန်​စွာ​လွမ်း​ဆွတ်​ကြောင်း​ဘု​ရား​သ​ခင် သည်​ငါ့​သက်​သေ​ဖြစ်​တော်​မူ​၏။ သင်​တို့​သည်​အ​မြတ်​ဆုံး​သော​အ​ရာ​ကို​ရွေး​ယူ နိုင်​အံ့​သော​ငှာ​အ​သိ​ပ​ညာ၊ ပိုင်း​ခြား​ဝေ​ဖန်​တတ် သော​စွမ်း​ရည်​တို့​နှင့်​ပြည့်​စုံ​၍​မေတ္တာ​ပါ​ရ​မီ​တိုး သည်​ထက်​တိုး​လာ​ကြ​စေ​ရန်​သင်​တို့​အ​တွက် ငါ​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​သည်။ သို့​မှ​သာ​လျှင် သင်​တို့​သည်​ခ​ရစ်​တော်​ကြွ​လာ​တော်​မူ​သော နေ့​ရက်​၌​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​ဘဲ​အ​ညစ် အ​ကြေး​နှင့်​ကင်း​စင်​လိမ့်​မည်။- ထို့​အြုပင်​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော် ထွန်း​တောက်​စေ​ရန်​နှင့်​ဂုဏ်​တော်​ကို​ချီး​ကူး ကြ​စေ​ရန် ယေ​ရှု​ခ​ရစ်​အား​ဖြင့်​သာ​လျှင်​ရ နိုင်​သော​စစ်​မှန်​သည့်​အ​ရည်​အ​သွေး​ကောင်း များ​နှင့်​ပြည့်​စုံ​လိမ့်​မည်။

​ဖိ​လိပ္ပိ 1:1-11 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။