YouVersion လိုဂို
ရှာရန် အိုင်ကွန်

နေ​ဟ​မိ 2:6-9

နေ​ဟ​မိ 2:6-9 BCL

မိ​ဖု​ရား​နှင့်​ယှဉ်​တွဲ​၍​ထိုင်​လျက်​နေ​သော ဧ​က​ရာဇ်​မင်း​သည် ငါ​၏​လျှောက်​ထား ချက်​ကို​ခွင့်​ပြု​တော်​မူ​ပြီး​လျှင် ငါ့​အား``သင် သည်​အ​ဘယ်​မျှ​ကြာ​အောင်​သွား​လို​ပါ သ​နည်း။ အ​ဘယ်​အ​ခါ​၌​ပြန်​လာ​ပါ​မည် နည်း'' ဟု​မေး​တော်​မူ​၏။ ငါ​သည်​ပြန်​လာ မည့်​အ​ချိန်​ကို​လျှောက်​ထား​၏။ ထို​နောက်​ငါ​သည်​ယု​ဒ​ပြည်​သို့​ခ​ရီး​ပြု ရာ​တွင် လို​အပ်​သည့်​အ​ကူ​အ​ညီ​ပေး​ရန် အ​တွက်​ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက် ပြည်​နယ်​ဘု​ရင်​ခံ​များ​ထံ​သို့​အ​မှာ​တော် စာ​ကို​လည်း​ကောင်း၊- ဗိ​မာန်​တော်​ရဲ​တိုက်​ဝင်း​တံ​ခါး​များ၊ မြို့​ရိုး များ​နှင့်​ငါ​၏​အိမ်​အ​တွက်​သစ်​ပေး​ရန်​ဘု​ရင့် သစ်​တော​ဝန်​အာ​သပ်​ထံ​သို့ အ​မှာ​တော်​စာ ကို​လည်း​ကောင်း​သ​နား​တော်​မူ​ရန်​ပန်​ကြား ၏။ ဘု​ရား​သ​ခင်​သည်​ငါ​နှင့်​အ​တူ​ရှိ​တော် မူ​သည်​ဖြစ်​၍ ဧ​က​ရာဇ်​မင်း​သည်​ငါ​တောင်း သ​မျှ​သော​အ​ရာ​တို့​ကို​ပေး​သ​နား​တော် မူ​ပေ​သည်။ မင်း​ကြီး​သည်​စစ်​အ​ရာ​ရှိ​အ​ချို့​နှင့်​မြင်း တပ်​ကို​ငါ​နှင့်​အ​တူ​စေ​လွှတ်​ပေး​တော်​မူ သ​ဖြင့် ငါ​သည်​ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက် ဘက်​ပြည်​နယ်​သို့​ခ​ရီး​ပြု​ပြီး​လျှင် ထို အ​ရပ်​ရှိ​ဘု​ရင်​ခံ​တို့​အား​မင်း​ကြီး​၏ အ​မှာ​တော်​စာ​များ​ကို​ပေး​၏။