မကြာမီလူပရိသတ်ကြီးစုရုံးမိပြန်၏။ သူ တို့မှာစားစရာမရှိကြသဖြင့် ကိုယ်တော်သည် တပည့်တော်တို့ကိုခေါ်တော်မူ၍၊- ``ဤလူတို့သည်ငါနှင့်အတူသုံးရက်တိုင်တိုင် ရှိနေခဲ့ကြ၏။ ယခုသူတို့မှာစားစရာမရှိ ကြ။ သို့ဖြစ်၍သူတို့ကိုငါသနားတော်မူသည်။- အချို့သောသူတို့သည်ခရီးဝေးမှလာရောက်ခဲ့ ကြ၏။ သူတို့ကိုမကျွေးမွေးဘဲအိမ်သို့ပြန်စေ ပါလျှင် သူတို့သည်လမ်းခရီးတွင်မူးလဲကုန် ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ တပည့်တော်တို့က ``ဤတောကန္တာရတွင်အဘယ် သို့လျှင် ထိုသူတို့ကိုကျွေးနိုင်လောက်အောင်အစား အစာရနိုင်ပါမည်နည်း'' ဟုပြန်၍လျှောက်ကြ၏။ ကိုယ်တော်က ``သင်တို့တွင်မုန့်မည်မျှရှိသနည်း'' ဟုမေးတော်မူ၏။ တပည့်တော်တို့က ``မုန့်ခုနစ်လုံးရှိပါသည်'' ဟုလျှောက်ကြ၏။ ကိုယ်တော်သည်လူအပေါင်းတို့ကိုမြေပေါ်တွင် ထိုင်စေတော်မူပြီးလျှင်မုန့်ခုနစ်လုံးကိုယူ၍ ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းတော် မူ၏။ ထိုနောက်မုန့်များကိုဖဲ့တော်မူ၍လူတို့ အားဝေပေးကြ၏။ သူတို့၌ငါးအနည်းငယ် လည်းရှိ၏။- ကိုယ်တော်သည်ဘုရားသခင်၏ကျေးဇူးတော် ကိုချီးမွမ်းပြီးနောက် ထိုငါးကိုလည်းလူတို့အား ဝေပေးရန် တပည့်တော်တို့ကိုစေခိုင်းတော်မူ၏။- လူတို့သည်ဝစွာစားရကြ၏။ စားကြွင်းစားကျန် များကိုပင်တောင်းခုနစ်တောင်းအပြည့်ကောက်သိမ်း ရကြ၏။- မုန့်စားသူဦးရေကားလေးထောင်မျှရှိသတည်း။ ကိုယ်တော်သည်လူတို့ကိုထိုအရပ်မှထွက်ခွာ သွားစေတော်မူ၏။- ထိုနောက်ချက်ချင်းပင်တပည့်တော်တို့နှင့်အတူ လှေပေါ်သို့တက်၍ ဒါလမနုသဒေသသို့ကြွ တော်မူ၏။ ဖာရိရှဲအချို့တို့သည်ရောက်လာ၍ ကိုယ်တော်နှင့် အခြေအတင်ဆွေးနွေးကြ၏။ သူတို့သည်ပရိ ယာယ်ဆင်၍ ``ဘုရားသခင်သည်ကိုယ်တော်အား နှစ်သက်တော်မူကြောင်းသက်သေပြရန် နိမိတ် လက္ခဏာတစ်ပါးကိုပြတော်မူပါ'' ဟုကိုယ်တော် အားတောင်းဆိုကြ၏။- ကိုယ်တော်သည်သက်ပြင်းချတော်မူပြီးလျှင် ``ယခု ခေတ်လူတို့သည်အဘယ်ကြောင့်နိမိတ်လက္ခဏာကို တောင်းဆိုကြသနည်း။ အမှန်အကန်ငါဆိုသည် ကား ဤသူတို့အားထိုသို့သောနိမိတ်လက္ခဏာကို ပြလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
ရှင်မာကု 8 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မာကု 8:1-12
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ