ကိုယ်တော်နှင့်တပည့်တော်တို့သည် ဂါလိလဲအိုင် တစ်ဖက်ကမ်းတွင်ရှိသောဂါရစဒေသသို့ ရောက်ကြ၏။- ကိုယ်တော်လှေထဲကထွက်ကြွတော်မူသည့်ခဏ ၌နတ်ပူးဝင်နေသူလူတစ်ယောက်သည် သင်္ချိုင်း တစပြင်မှထွက်လာပြီးလျှင်ကိုယ်တော်နှင့် တွေ့ဆုံ၏။- သူသည်သင်္ချိုင်းဂူများအကြားတွင်နေ၏။ သူ့ အားမည်သူမျှသံကြိုးနှင့်ချည်နှောင်၍မထား နိုင်။- သူ့အားကြိမ်ဖန်များစွာသံကြိုးများဖြင့်ချည် နှောင်ခဲ့ဖူးကြ၏။ သံကြိုးနှင့်လက်ထိတ်ခြေထိတ် များခတ်ခဲ့ဖူးကြ၏။ သံကြိုးနှင့်လက်ထိတ်ခြေ ထိတ်များသာပြတ်သွားခဲ့၏။ မည်သူမျှသူ့အား နှိမ်နင်း၍မရ။- သူသည်သင်္ချိုင်းဂူများအကြားတွင်လည်းကောင်း၊ တောင်ကုန်းများအထက်တွင်လည်းကောင်းနေ့ည မပြတ်ဟစ်အော်လျက် မိမိကိုယ်ကိုကျောက်စောင်း များဖြင့်အနာတရဖြစ်စေ၏။ သူသည်သခင်ယေရှုကိုအဝေးမှမြင်လျှင် ပြေး ၍ရှေ့တော်၌ပျပ်ဝပ်ကာ ``အမြင့်မြတ်ဆုံးသော ဘုရားသခင်၏သားတော်ယေရှု၊ အရှင်သည် အကျွန်ုပ်ကိုမည်သို့ပြုလိုတော်မူပါသနည်း။ အကျွန်ုပ်အားညှဉ်းဆဲတော်မမူပါနှင့်။ ဘုရား သခင်ကိုအမှီပြု၍အကျွန်ုပ်တောင်းပန်ပါ၏'' ဟုကျယ်စွာဟစ်အော်၏။- ယင်းသို့ဟစ်အော်ရသည့်အကြောင်းမှာ သခင် ယေရှုက ``ညစ်ညမ်းသောနတ်၊ ဤလူအထဲမှ ထွက်ခဲ့လော့'' ဟုအမိန့်ပေးလိုက်သောကြောင့် ဖြစ်၏။
ရှင်မာကု 5 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မာကု 5:1-8
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ