ထိုနေ့၌ပင်ညနေချမ်းအချိန်ကျရောက်လာ သောအခါ ကိုယ်တော်ကတပည့်တော်တို့အား ``အိုင် တစ်ဖက်ကမ်းသို့ကူးကြကုန်အံ့'' ဟုမိန့်တော်မူ၏။- တပည့်တော်တို့သည်လည်းလူပရိသတ်ထံမှ ထွက်ခွာပြီးလျှင် ကိုယ်တော်ရောက်ရှိနေနှင့် ပြီးသည့်လှေပေါ်သို့တက်၍ရွက်လွှင့်ကြ၏။ အခြားလှေများလည်းပါ၏။- ထိုအချိန်၌ရုတ်တရက်လေမုန်တိုင်းကျရောက် လာကာလှိုင်းရိုက်သွင်းသဖြင့်လှေသည်ရေနှင့် ပြည့်လုမတတ်ရှိလေ၏။- ကိုယ်တော်ကားလှေပဲ့ပိုင်းတွင် မှီအုံးတစ်ခုပေါ် မှာအိပ်စက်လျက်နေတော်မူ၏။ တပည့်တော်တို့ သည်ကိုယ်တော်ကိုနှိုးကြ၏။ ``အရှင်ဘုရား၊ အကျွန်ုပ်တို့ရေနစ်သေဆုံးမည်ကိုဂရုပြု တော်မမူပါသလော'' ဟုမေးလျှောက်ကြ၏။ ကိုယ်တော်သည်အိပ်ရာမှနိုးတော်မူ၍ လေနှင့်လှိုင်း များအား ``ဆိတ်ဆိတ်နေလော့၊ ငြိမ်သက်လော့'' ဟု အမိန့်ပေးတော်မူ၏။ လေသည်ငြိမ်သွား၏။ လှိုင်း လည်းမထတော့ပေ။
ရှင်မာကု 4 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မာကု 4:35-39
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို