YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 4:13-20

ရှင်မာကု 4:13-20 BCL

ကိုယ်​တော်​က ``သင်​တို့​သည်​ဤ​ပုံ​ဥ​ပ​မာ​ကို​မျှ နား​မ​လည်​ကြ​လျှင် အ​ဘယ်​ပုံ​ဥ​ပ​မာ​ကို​နား လည်​နိုင်​ကြ​မည်​နည်း။- လူ​အ​ချို့​တို့​သည်​လမ်း​မြေ​တွင်​ကျ​သည့်​မျိုး​စေ့​နှင့် တူ​၏။ မျိုး​ကြဲ​သူ​သည်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ် တ​ရား​တော်​မျိုး​စေ့​ကို​ကြဲ​သ​ဖြင့် လူ​တို့​ကြား​သည် နှင့်​တစ်​ပြိုင်​နက်​စာ​တန်​သည်​လာ​၍​ထို​တ​ရား​တော် ကို​သူ​၏​စိတ်​နှ​လုံး​မှ​နုတ်​ယူ​သွား​၏။- ထို​နည်း​တူ​စွာ​အ​ချို့​သော​သူ​တို့​သည်​ကျောက်​ခံ မြေ​တွင်​ကျ​သည့်​မျိုး​စေ့​နှင့်​တူ​၏။ သူ​တို့​သည် တ​ရား​တော်​ကို​ကြား​လျှင်​ကြား​ချင်း​ဝမ်း​မြောက် စွာ​ခံ​ယူ​ကြ​၏။- သို့​သော်​ယင်း​တ​ရား​တော်​သည်​စိတ်​နှ​လုံး​တွင် အ​မြစ်​မ​စွဲ။ ကာ​လ​အ​နည်း​ငယ်​သာ​တည်​နေ​၏။ ထို​နောက်​ဤ​တ​ရား​တော်​ကြောင့်​ဒုက္ခ​နှင့်​နှိပ်​စက် ညှဉ်း​ပန်း​မှု​ကို​ကြုံ​တွေ့​ရ​သော​အ​ခါ သူ​တို့ သည်​ချက်​ချင်း​ပင်​ဖောက်​ပြန်​သွား​ကြ​၏။- အ​ချို့​သော​သူ​တို့​သည်​ဆူး​တော​မြေ​တွင်​ကျ သည့်​မျိုး​စေ့​နှင့်​တူ​၏။ သူ​တို့​သည်​တ​ရား​တော် ကို​ကြား​ရ​ကြ​၏။- သို့​သော်​ဘ​ဝ​ရပ်​တည်​မှု​အ​တွက်​စိုး​ရိမ်​ကြောင့် ကြ​စ​ရာ​များ၊ စည်း​စိမ်​ချမ်း​သာ​ခံ​စား​လို​မှု​များ နှင့်​အ​ခြား​လို​အင်​ဆန္ဒ​များ​ပေါ်​ပေါက်​လာ​ပြီး​လျှင် ထို​တ​ရား​တော်​ကို​လွှမ်း​မိုး​သ​ဖြင့်​တ​ရား​တော် မျိုး​စေ့​သည်​မည်​သို့​မျှ​မ​သီး​မ​ပွင့်​နိုင်။- အ​ချို့​သော​သူ​များ​မူ​ကား​မြေ​ကောင်း​မြေ​သန့် တွင်​ကျ​သည့်​မျိုး​စေ့​နှင့်​တူ​၏။ သူ​တို့​သည်​တ​ရား တော်​ကို​ကြား​၍​ခံ​ယူ​ကြ​သည်​ဖြစ်​ရာ​အ​ဆ သုံး​ဆယ်၊ အ​ဆ​ခြောက်​ဆယ်၊ အ​ဆ​တစ်​ရာ​သီး နှံ​များ​ကို​ဆောင်​ကုန်​၏'' ဟု​မိန့်​တော်​မူ​၏။

Video for ရှင်မာကု 4:13-20