YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 3:7-19

ရှင်မာကု 3:7-19 BCL

သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​များ​နှင့်​အ​တူ ဂါ​လိ လဲ​အိုင်​သို့​ကြွ​တော်​မူ​၏။ ထို​အ​ခါ​ဂါ​လိ​လဲ​ပြည် မှ​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့​နှင့်​တ​ကွ​ယု​ဒ ပြည်၊ ဣ​ဒု​မဲ​ပြည်​နှင့်​ယော်​ဒန်​မြစ်​တစ်​ဖက်​ကမ်း မှ​လည်း​ကောင်း၊ တု​ရု​နှင့်​ဇိ​ဒုန်​မြို့​ပတ်​ဝန်း​ကျင် အ​ရပ်​များ​မှ​လည်း​ကောင်း​များ​စွာ​သော​လူ​တို့ သည် ကိုယ်​တော်​ပြု​တော်​မူ​သည့်​အ​မှု​အ​ရာ​များ အ​ကြောင်း​ကို​ကြား​သိ​ကြ​သ​ဖြင့်​ကိုယ်​တော် နောက်​သို့​လိုက်​ကြ​ကုန်​၏။- ကိုယ်​တော်​သည်​မိ​မိ​အား​လူ​ထု​ပ​ရိ​သတ်​ကြီး မ​တိုး​မ​ကြိတ်​မိ​စေ​အံ့​သော​ငှာ မိ​မိ​အ​သုံး​ပြု ဖို့​လှေ​တစ်​စင်း​ကို​အ​သင့်​ထား​ရန်​တ​ပည့်​တော် တို့​အား​မိန့်​မှာ​တော်​မူ​၏။- ကိုယ်​တော်​သည်​များ​စွာ​သော​လူ​မ​မာ​တို့​ကို ကျန်း​မာ​စေ​တော်​မူ​ခဲ့​သ​ဖြင့် ရော​ဂါ​ရှိ​သူ ဟူ​သ​မျှ​သည်​ကိုယ်​တော်​ကို​တို့​ထိ​ခွင့်​ရ​ရန် အ​ထံ​တော်​သို့​တိုး​ဝှေ့​၍​လာ​ကြ​၏။- ညစ်​ညမ်း​သော​နတ်​များ​သည်​ကိုယ်​တော်​ကို မြင်​သော​အ​ခါ ရှေ့​တော်​၌​ပျပ်​ဝပ်​၍ ``အ​ရှင် သည်​ဘု​ရား​သ​ခင်​၏​သား​တော်​ဖြစ်​သည်'' ဟု​ဟစ်​အော်​ကြ​၏။ ကိုယ်​တော်​က​မူ​မိ​မိ​မည်​သူ​ဖြစ်​သည်​ကို​ထုတ်​ဖော် ၍​မ​ပြော​ရန် သူ​တို့​အား​ကြပ်​တည်း​စွာ​ပ​ညတ် တော်​မူ​၏။ ထို​နောက်​ကိုယ်​တော်​သည်​တောင်​ပေါ်​သို့​ကြွ​တော် မူ​၏။ အ​လို​ရှိ​သော​သူ​များ​ကို​အ​ထံ​တော်​သို့ ခေါ်​တော်​မူ​၏။- သူ​တို့​သည်​အ​ထံ​တော်​သို့​လာ​ကြ​သော​အ​ခါ ကိုယ်​တော်​သည် တ​ပည့်​တော်​တစ်​ဆယ့်​နှစ်​ပါး​ကို ရွေး​ချယ်​တော်​မူ​ပြီး​လျှင်​တ​မန်​တော်​များ​ဟူ​၍ သ​မုတ်​တော်​မူ​၏။ ထို​နောက်​သူ​တို့​အား ``ငါ​သည် သင်​တို့​ကို​ငါ​၏​အ​ပါး​တွင်​နေ​စေ​လို​၍​ရွေး ချယ်​ခဲ့​၏။ တ​ရား​ဟော​ထွက်​ရန် သင်​တို့​အား​ငါ စေ​လွှတ်​မည်။ နတ်​မိစ္ဆာ​များ​အား​နှင်​ထုတ်​နိုင်​သော တန်​ခိုး​ကို​လည်း​ငါ​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။ ကိုယ်​တော်​ရွေး​ချယ်​ခန့်​ထား​ခြင်း​ခံ​ရ​သည့်​တစ် ကျိပ်​နှစ်​ပါး​ကား (ပေ​တ​ရု​ဟု​ကိုယ်​တော်​မှည့် ခေါ်​သူ​) ရှိ​မုန်၊- (မိုး​ကြိုး​၏​သား​များ​ဟု​အ​နက်​ရှိ​သော​ဗော​နေ ရ​ဂက်​ဟူ​သော​နာ​မည်​ဖြင့် ကိုယ်​တော်​မှည့်​ခေါ်​သူ များ​ဖြစ်​သည့်​) ဇေ​ဗေ​ဒဲ​၏​သား​နှစ်​ယောက် ယာ​ကုပ်​နှင့်​ယော​ဟန်၊- အန္ဒြေ၊ ဖိ​လိပ္ပု၊ ဗာ​သော​လ​မဲ၊ မ​ဿဲ၊ သော​မ၊ အာ​လ​ဖဲ ၏​သား​ယာ​ကုပ်၊ သဒ္ဒဲ၊ မျိုး​ချစ်​စိတ်​ထက်​သန်​သူ​ရှိ​မုန် နှင့်၊- နောင်​အ​ခါ​ကိုယ်​တော်​ကို​သစ္စာ​ဖောက်​သူ​ယု​ဒ ရှ​ကာ​ရုတ်​တို့​ဖြစ်​၏။