``အမှန်အကန်သင်တို့အားငါဆိုသည်ကားလူ တို့သည် မိမိတို့လွန်ကူးသောအပြစ်ရှိသမျှ အတွက်လည်းကောင်း၊ ဘုရားသခင်ကိုပြစ်မှား သောစကားဟူသမျှအတွက်လည်းကောင်း အပြစ် လွတ်ငြိမ်းနိုင်ခွင့်ရှိသည်။- သို့ရာတွင်သန့်ရှင်းသောဝိညာဉ်တော်ကိုပြစ်မှား သောသူမူကား အပြစ်လွတ်ငြိမ်းခွင့်ရနိုင်လိမ့်မည် မဟုတ်။ သူသည်ထာဝရအပြစ်ကိုကူးသူဖြစ်၏'' ဟုမိန့်တော်မူ၏။- (ဤသို့ကိုယ်တော်မိန့်တော်မူရခြင်းအကြောင်း မှာလူအချို့တို့က ကိုယ်တော်အားညစ်ညမ်း သောနတ်စွဲကပ်သူဟုစွပ်စွဲကြသောကြောင့် ဖြစ်၏။) ကိုယ်တော်၏မယ်တော်နှင့်ညီတော်တို့သည်ရောက် လာကြ၏။ အိမ်ပြင်တွင်ရပ်၍ကိုယ်တော်ကို အခေါ်ခိုင်းကြ၏။- လူပရိသတ်တို့သည်ကိုယ်တော်ကိုခြံရံလျက် ထိုင်နေကြ၏။ သူတို့က ``ကိုယ်တော်ရှင်၏မယ်တော်၊ ညီတော်များနှင့်ညီမများအိမ်အပြင်တွင်ရောက် ရှိနေကြပါသည်။ ကိုယ်တော်ရှင်ကိုရှာလျက်နေ ကြပါသည်'' ဟုလျှောက်ကြ၏။ ကိုယ်တော်က ``ငါ့အမိ၊ ငါ့ညီများကားအဘယ် သူများနည်း'' ဟုပြန်၍မိန့်တော်မူ၏။- ထိုနောက်မိမိပတ်လည်တွင်ထိုင်နေသူများကို ကြည့်တော်မူလျက် ``ငါ့အမိ၊ ငါ့ညီများကား ဤသူတို့တည်း။- ဘုရားသခင်၏အလိုတော်အတိုင်းဆောင်ရွက် သူမှန်သမျှသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိတို့ ပေတည်း'' ဟုမိန့်တော်မူ၏။
ရှင်မာကု 3 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မာကု 3:28-35
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ