YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 2:14-17

ရှင်မာကု 2:14-17 BCL

ကိုယ်​တော်​သည်​ဆက်​လက်​၍​လျှောက်​သွား​တော်​မူ ပြန်​သော​အ​ခါ အ​ကောက်​ခွန်​ရုံး​ခန်း​တွင်​အာ​လ​ဖဲ ၏​သား​လေ​ဝိ​ထိုင်​နေ​သည်​ကို​မြင်​တော်​မူ​၏။ သူ့ ကို​ကိုယ်​တော်​က ``ငါ့​နောက်​သို့​လိုက်​လော့'' ဟု​မိန့် တော်​မူ​လျှင်​သူ​သည်​ထ​၍​နောက်​တော်​သို့​လိုက် လေ​၏။ ထို​နောက်​သ​ခင်​ယေ​ရှု​သည်​လေ​ဝိ​၏​အိမ်​တွင် တ​ပည့်​တော်​တို့​နှင့်​အ​တူ​စား​သောက်​လျက်​ရှိ​စဉ်၊ အ​ခွန်​ခံ​သူ​နှင့်​အ​ပယ်​ခံ​သူ​အ​မြောက်​အ​မြား သည်​လည်း ကိုယ်​တော်​နှင့်​လိုက်​ပါ​လာ​ကြ​သ​ဖြင့် ကိုယ်​တော်​နှင့်​တ​ကွ​တ​ပည့်​တော်​တို့​နှင့်​အ​တူ စား​သောက်​လျက်​ရှိ​ကြ​၏။- ဤ​သို့​ထို​သူ​တို့​နှင့်​ကိုယ်​တော်​ထိုင်​၍​စား​သောက်​နေ သည်​ကို ဖာ​ရိ​ရှဲ​ဂိုဏ်း​ဝင်​ကျမ်း​တတ်​ဆ​ရာ​တို့​မြင် လျှင် ``အ​ဘယ်​ကြောင့်​ကိုယ်​တော်​သည်​အ​ခွန်​ခံ​သူ များ၊ အ​ပြစ်​ကူး​သူ​များ​နှင့်​ထိုင်​၍​စား​သောက်​နေ ပါ​သ​နည်း'' ဟု​တ​ပည့်​တော်​တို့​အား​မေး​မြန်း ကြ​၏။ ယင်း​သို့​မေး​မြန်း​သည်​ကို သ​ခင်​ယေ​ရှု​ကြား​တော် မူ​လျှင် ``ကျန်း​မာ​သူ​သည်​ဆ​ရာ​ဝန်​ကို​မ​လို။ ဖျား နာ​သူ​သာ​လျှင်​လို​၏။ ငါ​သည်​ဂုဏ်​အ​သ​ရေ​ရှိ သူ​များ​ကို​ခေါ်​ရန်​ကြွ​လာ​သည်​မ​ဟုတ်။ အ​ပြစ် ကူး​သူ​များ​ကို​ခေါ်​ရန်​ကြွ​လာ​သ​တည်း'' ဟု ထို​သူ​တို့​အား​မိန့်​တော်​မူ​၏။