YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 14:53-72

ရှင်မာကု 14:53-72 BCL

ထို​သူ​တို့​သည်​သ​ခင်​ယေ​ရှု​ကို ယဇ်​ပု​ရော​ဟိတ် မင်း​၏​ကျောင်း​တော်​သို့​ခေါ်​ဆောင်​သွား​ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​ကြီး​များ၊ ဘာ​သာ​ရေး​ခေါင်း ဆောင်​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ​များ​သည် ထို​ကျောင်း​တော်​တွင်​စု​ရုံး​လျက်​ရှိ​နေ​ကြ သည်။- ပေ​တ​ရု​သည်​ခပ်​လှမ်း​လှမ်း​က​နေ​၍ ယဇ်​ပု​ရော ဟိတ်​မင်း​၏​ကျောင်း​တော်​ဝင်း​အ​တွင်း​သို့​တိုင် အောင် ကိုယ်​တော်​၏​နောက်​တော်​က​လိုက်​လာ​ခဲ့​၏။ သူ​သည်​ယဇ်​ပု​ရော​ဟိတ်​မင်း​၏​ကိုယ်​ရံ​တော် တပ်​သား​များ​နှင့်​အ​တူ မီး​လှုံ​လျက်​နေ​၏။- ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​တ​ကွ ယု​ဒ တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင်​အ​ပေါင်း​တို့​သည် သ​ခင်​ယေ​ရှု​အား​သေ​ဒဏ်​ပေး​နိုင်​ရန်​သက်​သေ ကို​ရှာ​သော်​လည်း​မ​တွေ့​ကြ။- လူ​အ​များ​ပင်​လိမ်​လည်​သက်​သေ​ခံ​ကြ​၏။ သို့​ရာ​တွင်​သူ​တို့​၏​ထွက်​ဆို​ချက်​များ​ကိုက် ညီ​မှု​မ​ရှိ။ လူ​အ​ချို့​တို့​သည်​ထ​၍ ``လူ့​လက်​ဖြင့်​တည်​ဆောက် သော ဤ​ဗိ​မာန်​ကို​ငါ​ဖြို​ဖျက်​မည်။ ထို​နောက်​သုံး​ရက် ကြာ​သော​အ​ခါ လူ့​လက်​ဖြင့်​မ​တည်​မ​ဆောက်​သည့် ဗိ​မာန်​တော်​ကို​ငါ​တည်​ဆောက်​မည်​ဟု သူ​ပြော​ဆို သည်​ကို​အ​ကျွန်ုပ်​တို့​ကိုယ်​တိုင်​ကြား​ပါ​သည်'' ဟု မ​ဟုတ်​မ​မှန်​ထွက်​ဆို​ကြ​၏။- သို့​ရာ​တွင်​ထို​သူ​တို့​ထွက်​ဆို​ချက်​များ​ပင်​လျှင် ကိုက်​ညီ​မှု​မ​ရှိ။ ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​လူ​ပ​ရိ​သတ်​တို့​အ​လယ် တွင်​ရပ်​လျက် သ​ခင်​ယေ​ရှု​အား ``ထို​သူ​တို့​သင့်​အား စွပ်​စွဲ​ပြော​ဆို​နေ​ကြ​သည်​ကို သင်​သည်​မည်​သို့​မျှ မ​ဖြေ​ဘဲ​နေ​သ​လော'' ဟု​မေး​၏။- သို့​ရာ​တွင်​ကိုယ်​တော်​သည်​ဆိတ်​ဆိတ်​နေ​တော်​မူ​၏။ စ​ကား​တစ်​ခွန်း​ကို​မျှ​ပြန်​၍​ပြော​တော်​မ​မူ။ တစ် ဖန်​ယဇ်​ပု​ရော​ဟိတ်​မင်း​က ``သင်​သည်​မင်္ဂ​လာ​ရှိ တော်​မူ​သော​ဘု​ရား​သ​ခင်​၏​သား​တော်​မေ​ရှိ​ယ လော'' ဟု​မေး​၏။ သ​ခင်​ယေ​ရှု​က ``မှန်​၏။ လူ​သား​သည်​အ​နန္တ တန်​ခိုး​ရှင်​၏​လက်​ယာ​ဘက်​၌​ထိုင်​လျက်​နေ​သည် ကို​လည်း​ကောင်း၊ မိုး​တိမ်​စီး​၍​ကြွ​လာ​သည်​ကို လည်း​ကောင်း​သင်​တို့​မြင်​ရ​ကြ​လတ္တံ့'' ဟု​မိန့် တော်​မူ​၏။- ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​မင်း​သည် မိ​မိ​၏ အ​ဝတ်​ကို​ဆွဲ​ဆုတ်​ပြီး​လျှင် ``ငါ​တို့​အ​ဘယ်​မှာ လျှင်​သက်​သေ​များ​ထပ်​၍​လို​ပါ​တော့​မည်​နည်း။- ဘု​ရား​သ​ခင်​အား​ထို​သူ​ပြစ်​မှား​ပြော​ဆို​သည် ကို​သင်​တို့​ကြား​ရ​ကြ​ပြီ။ သင်​တို့​မည်​သို့​စီ​ရင် ချက်​ချ​မှတ်​ကြ​မည်​နည်း'' ဟု​ဆို​၏။ ထို​သူ​အား​လုံး​တို့​က ``ပြစ်​မှု​ထင်​ရှား​သ​ဖြင့် သေ​ဒဏ်​ပေး​ထိုက်​သည်'' ဟု​စီ​ရင်​ချက်​ချ​မှတ် ကြ​၏။- အ​ချို့​သော​သူ​တို့​သည်​ကိုယ်​တော်​ကို​တံ​တွေး နှင့်​ထွေး​ကြ​၏။ မျက်​နှာ​တော်​ကို​ဖုံး​ပြီး​လျှင် ရိုက်​ပုတ်​ကြ​၏။ ``အ​ရှင်​အား​မည်​သူ​ရိုက်​ပုတ် သည်​ကို​ဟော​တော်​မူ​ပါ'' ဟု​ဆို​ကြ​၏။ ယဇ် ပု​ရော​ဟိတ်​မင်း​၏​ကိုယ်​ရံ​တော်​တပ်​သား​တို့ သည်​ပါး​တော်​ကို​လက်​ဖြင့်​ရိုက်​ကြ​၏။ ပေ​တ​ရု​သည်​ကျောင်း​တော်​ဝင်း​အ​တွင်း​၌​ရှိ​နေ စဉ် ယဇ်​ပု​ရော​ဟိတ်​မင်း​၏​အ​စေ​ခံ​မ​က​လေး တစ်​ယောက်​သည်​ရောက်​ရှိ​လာ​၏။- ပေ​တ​ရု​မီး​လှုံ​နေ​သည်​ကို​မြင်​သော​အ​ခါ သူ့ ကို​စေ့​စေ့​ကြည့်​၍ ``သင်​သည်​လည်း​နာ​ဇ​ရက် မြို့​သား​ယေ​ရှု​၏​အ​ပေါင်း​အ​ဖော်​ဖြစ်​၏'' ဟု ဆို​၏။ ပေ​တ​ရု​က ``သင်​ပြော​သည့်​အ​ရာ​ကို​ငါ​မ​သိ၊ နား​မ​လည်'' ဟု​ငြင်း​ဆို​၏။ ထို​နောက်​သူ​သည် ဝင်း​၏​အ​ဝင်​ဝ​ဆီ​သို့​သွား​၏။ ထို​အ​ချိန်​၌ ကြက်​တွန်​လေ​၏။ အ​စေ​ခံ​မ​က​လေး​သည်​ပေ​တ​ရု​ကို​တစ်​ဖန်​မြင် ပြန်​သ​ဖြင့် အ​နား​၌​ရပ်​နေ​သူ​တို့​အား ``ဤ​သူ သည်​ထို​သူ​တို့​နှင့်​အ​ပေါင်း​ပါ​ဖြစ်​၏'' ဟု​ဆို ပြန်​၏။- ပေ​တ​ရု​သည်​လည်း​မ​ဟုတ်​ကြောင်း​ငြင်း​ဆို​ပြန်​၏။ ထို​နောက်​များ​မ​ကြာ​မီ​အ​နီး​တွင်​ရပ်​နေ​သူ​တို့ က ``သင်​သည်​ဂါ​လိ​လဲ​ပြည်​သား​ဖြစ်​သ​ဖြင့် အ​မှန်​ပင်​ထို​သူ​တို့​နှင့်​အ​ပေါင်း​ပါ​ဖြစ်​၏'' ဟု​သူ့​အား​ဆို​ကြ​၏။ သို့​ရာ​တွင်​ပေ​တ​ရု​က ``သင်​တို့​ပြော​သော​သူ ကို​ငါ​မ​သိ'' ဟု​ဘု​ရား​သ​ခင်​ကို​တိုင်​တည်​၍ ကျိန်​ဆို​လေ​၏။ ထို​ခ​ဏ​၌​ဒု​တိ​ယ​အ​ကြိမ်​ကြက်​တွန်​လေ​၏။ ထို​အ​ခါ ``ကြက်​နှစ်​ကြိမ်​မ​တွန်​မီ​သင်​သည်​ငါ့ ကို​မ​သိ​ဟူ​၍​သုံး​ကြိမ်​မြောက်​အောင်​ငြင်း​ဆို လိမ့်​မည်'' ဟု​သ​ခင်​ယေ​ရှု​မိန့်​တော်​မူ​ခဲ့​သည့် စ​ကား​ကို ပေ​တ​ရု​သည်​ပြန်​လည်​သ​တိ​ရ သ​ဖြင့်​ငို​ကြွေး​လေ​၏။