သူတို့သည်ယေရုရှလင်မြို့သို့ခရီးပြုလျက်နေ ကြစဉ် ကိုယ်တော်သည်တပည့်တော်တို့၏ရှေ့က ကြွတော်မူ၏။ ထိုအခါတပည့်တော်တို့သည် ထိတ်လန့်လျက်ရှိကြ၏။ နောက်တော်မှလိုက်လာ သောလူတို့သည်လည်း ကြောက်လန့်လျက်ရှိကြ၏။ ကိုယ်တော်သည်တပည့်တော်တစ်ဆယ့်နှစ်ဦးကို မလှမ်းမကမ်းသို့တစ်ဖန်ခေါ်သွားတော်မူပြီး လျှင် မိမိတွေ့ကြုံရမည့်အမှုအရာများကို ဖော်ပြတော်မူ၏။- ကိုယ်တော်က ``နားထောင်ကြလော့။ ငါတို့သည် ယေရုရှလင်မြို့သို့ခရီးပြုလျက်ရှိကြ၏။ ယေရုရှလင်မြို့တွင်လူသားအား ယဇ်ပုရော ဟိတ်ကြီးများနှင့်ကျမ်းတတ်ဆရာများ၏ လက်သို့အပ်နှံကြလိမ့်မည်။ သူတို့သည်လူ သားအားသေဒဏ်စီရင်၍ လူမျိုးခြားတို့၏ လက်သို့အပ်နှံကြလိမ့်မည်။- လူမျိုးခြားတို့သည်လူသားအားပြောင်လှောင်၍ တံတွေးနှင့်ထွေးကြလိမ့်မည်။ ကြိမ်ဒဏ်ပေး၍ အသေသတ်ကြလိမ့်မည်။ သို့ရာတွင်သုံးရက် ကြာသောအခါလူသားသည် သေခြင်းမှ ထမြောက်တော်မူလိမ့်မည်'' ဟုမိန့်တော်မူ၏။ ဇေဗေဒဲ၏သားများဖြစ်ကြသော ယာကုပ်နှင့် ယောဟန်တို့သည်အထံတော်သို့ချဉ်းကပ်၍ ``အရှင်ဘုရား၊ အကျွန်ုပ်တို့၏ပန်ကြားချက် ကိုခွင့်ပြုတော်မူပါ'' ဟုလျှောက်ထားကြ၏။ ကိုယ်တော်က ``သင်တို့အတွက်အဘယ်အရာ ကိုပြုစေလိုသနည်း'' ဟုမေးတော်မူ၏။ သူတို့က ``အရှင်ဘုန်းတန်ခိုးနှင့်စိုးစံရသော အခါ အကျွန်ုပ်တို့အားအရှင်၏လက်ယာရံ၊ လက်ဝဲရံအဖြစ်ခန့်ထားတော်မူပါ'' ဟု လျှောက်ထားကြ၏။ သခင်ယေရှုက ``သင်တို့ပန်ကြားနေသည့်အရာ ကို သင်တို့မသိကြ။ ငါသောက်ရမည့်ဒုက္ခဝေဒနာ ခွက်ကိုသောက်ရန်နှင့် ငါခံရမည့်ဗတ္တိဇံကိုခံရန် သင်တို့တတ်စွမ်းနိုင်ကြသလော'' ဟုမိန့်တော်မူ၏။ သူတို့က ``အကျွန်ုပ်တို့တတ်စွမ်းနိုင်ပါသည်'' ဟု လျှောက်ထားကြ၏။ သခင်ယေရှုက ``သင်တို့သည်ငါသောက်ရမည့် ခွက်ကိုသောက်ရကြလိမ့်မည်။ ငါခံရမည့်ဗတ္တိဇံ ကိုလည်းခံရကြလိမ့်မည်။- သို့ရာတွင်ငါ၏လက်ယာရံ၊ လက်ဝဲရံအဖြစ် ကိုမူ ငါသည်မပေးပိုင်။ ဤအခွင့်အရေးများ သည်ဘုရားသခင်စီမံပြင်ဆင်ထားသူများ အတွက်သာဖြစ်၏'' ဟုမိန့်တော်မူ၏။ ဤအကြောင်းအရာကိုအခြားတပည့်တော် ဆယ်ဦးတို့ကြားသိကြသောအခါ ယာကုပ် နှင့်ယောဟန်တို့ကိုစိတ်ဆိုးကြ၏။- ထိုအခါသခင်ယေရှုသည်တပည့်တော်တို့ ကိုခေါ်တော်မူလျက် ``မင်းစိုးရာဇာတို့သည် ပြည်သူတို့အပေါ်ဝယ်အစိုးတရပြုတတ် ကြ၏။ အကြီးအကဲတို့သည်အာဏာကို သုံးတတ်ကြသည်။- သင်တို့အချင်းချင်းတွင်မူကားထိုသို့မဖြစ် သင့်။ သင်တို့အနက်အကြီးအကဲဖြစ်လိုသူ သည် သူတစ်ပါးတို့၏အစေကိုခံရမည်။- အကြီးမြတ်ဆုံးဖြစ်လိုသူသည်လူခပ်သိမ်း တို့၏ကျွန်ဖြစ်ရမည်။- လူသားပင်လျှင်သူတစ်ပါးအားစေစားရန် ကြွလာသည်မဟုတ်။ သူတစ်ပါး၏ အစေကို ခံရန်လည်းကောင်း၊ မိမိအသက်ကိုစွန့်၍လူ အမြောက်အမြားအားရွေးနုတ်ရန်လည်း ကောင်းကြွလာသတည်းဟုမိန့်တော်မူ၏။ ကိုယ်တော်နှင့်တပည့်တော်တို့သည်ယေရိခေါ မြို့သို့ရောက်ကြပြီးနောက် လူပရိသတ်ကြီး နှင့်အတူထိုမြို့မှထွက်ခွာကြ၏။ ယင်းသို့ ထွက်ခွာချိန်၌တိမဲ၏သားဗာတိမဲဆိုသူ မျက်မမြင်သူတောင်းစားတစ်ယောက်သည် လမ်းအနီးတွင်ထိုင်လျက်နေ၏။- သူသည်နာဇရက်မြို့သားယေရှုရောက်ရှိတော် မူကြောင်းကိုကြာသိရသောအခါ ``ဒါဝိဒ်၏ သားတော်ယေရှု၊ အကျွန်ုပ်ကိုသနားတော်မူ ပါ'' ဟုဟစ်အော်လေ၏။ လူတို့ကသူ့အားဆိတ်ဆိတ်နေရန်ငေါက်ငမ်း ပြောဆိုကြ၏။ သို့သော်လည်းသူသည် ``ဒါဝိဒ် ၏သားတော်ယေရှု၊ အကျွန်ုပ်ကိုသနားတော် မူပါ'' ဟုပို၍ပင်ဟစ်အော်လေ၏။ သခင်ယေရှုသည်ရပ်တန့်တော်မူလျက် ``သူ့ကို ခေါ်ခဲ့လော့'' ဟုမိန့်တော်မူ၏။ လူတို့သည်မျက်မမြင်အား ``အားမငယ်နှင့်။ ထလော့။ သင့်ကိုကိုယ်တော်ခေါ်တော်မူသည်'' ဟုဆိုကြ၏။ ထိုသူသည်မိမိ၏ခြုံထည်ကိုဘေးသို့ပစ်ချ လိုက်ပြီးနောက် ခုန်၍ထကာသခင်ယေရှုထံ တော်သို့လာလေ၏။ သခင်ယေရှုက ``သင့်အတွက်အဘယ်အရာ ကိုပြုစေလိုသနည်း'' ဟုမေးတော်မူ၏။ မျက်မမြင်က ``အရှင်ဘုရား၊ အကျွန်ုပ်အား မျက်စိပြန်၍မြင်စေတော်မူပါ'' ဟုလျှောက် ၏။ သခင်ယေရှုက ``သွားလော့။ သင်၏ယုံကြည် ခြင်းသည်သင့်ရောဂါကိုပျောက်စေပြီ'' ဟု မိန့်တော်မူ၏။ ချက်ချင်းပင်ထိုသူသည်မျက်စိမြင်၍ ကိုယ်တော် ကြွတော်မူရာလမ်းတွင်နောက်တော်ကလိုက်လေ သည်။
ရှင်မာကု 10 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မာကု 10:32-52
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ