YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 1:1-8

ရှင်မာကု 1:1-8 BCL

ဘု​ရား​သ​ခင်​၏​သား​တော်​ယေ​ရှု​ခ​ရစ်​အ​ကြောင်း သ​တင်း​ကောင်း​စ​တင်​ပုံ​ကို​ဖော်​ပြ​ပါ​အံ့။- ပ​ရော​ဖက်​ဟေ​ရှာ​ယ​ကျမ်း​တွင်၊ ``ဘု​ရား​သ​ခင်​က နား​ထောင်​ကြ​လော့။ ငါ​သည်​သင်​၏​လမ်း​ကို​အ​ဆင်​သင့်​ဖြစ်​စေ​ရန် ငါ​၏​တ​မန်​ကို​သင့်​အ​လျင်​စေ​လွှတ်​မည်။ တော​ကန္တာ​ရ​၌​အ​သံ​တစ်​ခု​သည် ``ကိုယ်​တော်​ရှင်​ကြွ​တော်​မူ​ရာ​လမ်း​ကို အ​သင့်​ပြင်​ဆင်​ကြ​လော့။ ထို​အ​ရှင်​၏​လမ်း​ကို​ဖြောင့်​တန်း​အောင်​ပြု​ကြ​လော့'' ဟု ကြွေး​ကြော်​လျက်​နေ​၏။ ဟူ​၍​ဖော်​ပြ​ပါ​ရှိ​သည်။ ယင်း​သို့​ဟေ​ရှာ​ယ​က​ဖော်​ပြ​သည်​နှင့်​အ​ညီ ဗတ္တိ​ဇံ ဆ​ရာ​ယော​ဟန်​သည်​တော​ကန္တာ​ရ​တွင်​ပေါ်​ထွန်း​လာ​၏။ သူ​သည်​လူ​တို့​အား ``နောင်​တ​ရ​၍​ဗတ္တိ​ဇံ​ကို​ခံ​ယူ ကြ​လော့။ သို့​မှ​သာ​ဘု​ရား​သ​ခင်​သည်​သင်​တို့​၏ အ​ပြစ်​များ​ကို​ဖြေ​လွှတ်​တော်​မူ​လိမ့်​မည်'' ဟု ဟော​ပြော​၏။- ယေ​ရု​ရှ​လင်​မြို့​နှင့်​ယု​ဒ​ပြည်​ကျေး​လက်​တော​ရွာ တို့​မှ လူ​အ​ပေါင်း​တို့​သည်​ယော​ဟန်​ထံ​သို့​သွား​ကြ ကုန်​၏။ မိ​မိ​တို့​အ​ပြစ်​များ​ကို​ဖော်​ပြ​ဝန်​ခံ​လျက် ယော်​ဒန်​မြစ်​တွင်​ယော​ဟန်​ထံ​မှ​ဗတ္တိ​ဇံ​ကို​ခံ​ယူ​ကြ​၏။ ယော​ဟန်​သည်​ကု​လား​အုပ်​မွေး​အ​ဝတ်​ကြမ်း​ကို ဝတ်​ထား​၏။ သား​ရေ​ခါး​ပန်း​ကို​စည်း​ထား​၏။ ကျိုင်း​ကောင်​နှင့်​ပျား​ရည်​ကို​မှီ​ဝဲ​၏။- သူ​က ``ငါ့​ထက်​ကြီး​မြတ်​သော​အ​ရှင်​သည် ငါ​၏ နောက်​တွင်​ပေါ်​ထွန်း​လာ​လိမ့်​မည်။ ငါ​သည်​ထို​အ​ရှင် ၏​ဖိ​နပ်​ကြိုး​ကို​မျှ​ငုံ့​၍​မ​ဖြည်​ထိုက်။- ငါ​သည်​သင်​တို့​အား​ရေ​ဖြင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို ပေး​၏။ ထို​အ​ရှင်​ကား​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ဖြင့် ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပေး​တော်​မူ​လတ္တံ့'' ဟု လူ​တို့​အား​ဟော​ပြော​လေ​သည်။

Video for ရှင်မာကု 1:1-8