YouVersion လိုဂို
ရှာရန် အိုင်ကွန်

မဿဲ 9:2-17

မဿဲ 9:2-17 BCL

ထို​အ​ခါ​လူ​တို့​သည်​လေ​ဖြတ်​သူ​လူ​တစ်​ယောက် ကို​ထမ်း​စင်​ထက်​တင်​၍ အ​ထံ​တော်​သို့​ယူ​ဆောင်​ခဲ့ ကြ​၏။ သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​၏​ယုံ​ကြည် ခြင်း​ရှိ​ပုံ​ကို​မြင်​တော်​မူ​လျှင် လေ​ဖြတ်​သူ​အား ``ငါ့​သား​အား​မ​ငယ်​နှင့်။ သင်​၏​အ​ပြစ်​ကို​ဖြေ လွှတ်​ပြီ'' ဟု​မိန့်​တော်​မူ​၏။ ကျမ်း​တတ်​ဆ​ရာ​အ​ချို့​တို့​က ``ဤ​သူ​သည် ဘု​ရား​သ​ခင်​ကို​ပြစ်​မှား​ပြော​ဆို​လေ​ပြီ'' ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။ သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​တွေး​တော​ပုံ​ကို​သိ မြင်​တော်​မူ​သ​ဖြင့် ``သင်​တို့​သည်​အ​ဘယ်​ကြောင့် ဤ​သို့​မှား​ယွင်း​စွာ​တွေး​တော​နေ​ကြ​သ​နည်း။- `သင်​၏​အ​ပြစ်​ကို​ဖြေ​လွှတ်​ပြီ' ဟု​ပြော​ရန်​ပို​၍ လွယ်​ကူ​သ​လော။ သို့​တည်း​မ​ဟုတ် `နေ​ရာ​မှ​ထ​၍ လှမ်း​သွား​လော့' ဟု​ပြော​ရန်​ပို​၍​လွယ်​ကူ​သ​လော။- သို့​ရာ​တွင်​လူ​သား​သည်​လော​က​တွင်​အ​ပြစ် ဖြေ​လွှတ်​ပိုင်​သည်​ကို​သင်​တို့​အား​သိ​မြင်​စေ​အံ့'' ဟု​ဆို​လျက်​လေ​ဖြတ်​သူ​အား ``ထ​လော့၊ ထမ်း​စင် ကို​ထမ်း​၍​အိမ်​သို့​ပြန်​လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​သူ​သည်​လည်း​ထ​၍​အိမ်​သို့​ပြန်​လေ​၏။- ဤ​အ​ခြင်း​အ​ရာ​ကို​တွေ့​မြင်​ကြ​သော​လူ​ပ​ရိ သတ်​တို့​သည်​ကြောက်​ရွံ့​ကြ​လျက်​လူ​တို့​အား ဤ​သို့​သော​တန်​ခိုး​ကို​ပေး​တော်​မူ​သော​ဘု​ရား သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​ကို​ချီး​ကူး​ကြ​၏။ သ​ခင်​ယေ​ရှု​သည်​ထို​အ​ရပ်​မှ​ထွက်​၍​ကြွ သွား​တော်​မူ​စဉ် အ​ကောက်​ခွန်​ရုံး​ခန်း​တွင်​ထိုင် လျက်​နေ​သော​မ​ဿဲ​ဆို​သူ​လူ​တစ်​ယောက်​ကို မြင်​တော်​မူ​၏။ ကိုယ်​တော်​က ``ငါ့​နောက်​သို့​လိုက် လော့'' ဟု​မိန့်​တော်​မူ​လျှင်​ထို​သူ​သည်​ထ​၍ နောက်​တော်​သို့​လိုက်​လေ​၏။ သ​ခင်​ယေ​ရှု​သည်​မ​ဿဲ​၏​အိမ်​တွင်​ည​စာ​စား လျက်​နေ​တော်​မူ​သော​အ​ခါ အ​ခွန်​ခံ​သူ​များ နှင့်​အ​ခြား​အ​ပယ်​ခံ​သူ​များ​သည်​လည်း​ပါ ဝင်​စား​သောက်​ကြ​၏။- ထို​အ​ခြင်း​အ​ရာ​ကို​ဖာ​ရိ​ရှဲ​တို့​မြင်​လျှင် ``သင် တို့​၏​ဆ​ရာ​သည်​အ​ဘယ်​ကြောင့်​ဤ​လူ​တန်း​စား များ​နှင့်​အ​တူ​ထိုင်​လျက်​စား​သောက်​နေ​ပါ​သ​နည်း'' ဟု​တ​ပည့်​တော်​တို့​အား​မေး​မြန်း​ကြ​၏။ ယင်း​သို့​မေး​မြန်း​သည်​ကို​သ​ခင်​ယေ​ရှု​ကြား တော်​မူ​လျှင် ``ကျန်း​မာ​သူ​သည်​ဆ​ရာ​ဝန်​ကို မ​လို။ ဖျား​နာ​သူ​သာ​လျှင်​လို​၏။- `ငါ​သည်​သ​နား​ကြင်​နာ​ခြင်း​ကို​ယဇ်​ပူ​ဇော် ခြင်း​ထက်​ပို​၍​နှစ်​သက်​၏' ဟူ​သော​ကျမ်း​စ​ကား ၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​သင်​တို့​သွား​၍​လေ့​လာ ကြ​လော့။ ငါ​သည်​ဂုဏ်​အ​သ​ရေ​ရှိ​သူ​များ​ကို ကယ်​ရန်​ကြွ​ရောက်​လာ​သည်​မ​ဟုတ်။ အ​ပယ်​ခံ သူ​များ​ကို​ကယ်​ရန်​ကြွ​ရောက်​လာ​သ​တည်း'' ဟု မိန့်​တော်​မူ​၏။ ထို​အ​ခါ​ယော​ဟန်​၏​တ​ပည့်​များ​သည်​ကိုယ်​တော် ၏​ထံ​သို့​လာ​ရောက်​လျက် ``အ​ကျွန်ုပ်​တို့​နှင့်​ဖာ​ရိ​ရှဲ တို့​သည်​မ​ကြာ​ခ​ဏ​အ​စာ​ရှောင်​ကြ​ပါ​၏။ သို့ ရာ​တွင်​အ​ရှင်​၏​တ​ပည့်​များ​မူ​ကား​အ​ဘယ် ကြောင့်​အ​စာ​မ​ရှောင်​ကြ​ပါ​သ​နည်း'' ဟု​မေး လျှောက်​ကြ​၏။ သ​ခင်​ယေ​ရှု​က ``မင်္ဂ​လာ​ဆောင်​သ​တို့​သား​၏ အ​ပေါင်း​အ​ဖော်​များ​သည်​သ​တို့​သား​နှင့်​အ​တူ ရှိ​နေ​ချိန်​၌​ဝမ်း​နည်း​ပူ​ဆွေး​ကြ​ပါ​မည်​လော။ သို့​ရာ​တွင်​သူ​တို့​ထံ​မှ​သ​တို့​သား​ကို​ခွဲ​ခွာ ယူ​ဆောင်​သွား​မည့်​နေ့​ရက်​ရောက်​ရှိ​လာ​လိမ့်​မည်။ ထို​အ​ခါ​သူ​တို့​သည်​အ​စာ​ရှောင်​ကြ​လိမ့်​မည်။ မည်​သူ​မျှ​ပိတ်​စ​သစ်​နှင့်​အ​ထည်​ဟောင်း​ကို​ဖာ လေ့​မ​ရှိ။ ဖာ​ခဲ့​လျှင်​ပိတ်​စ​သစ်​က​ရုန်း​သ​ဖြင့် စုတ်​ရာ​ပြဲ​ရာ​ပို​၍​ဆိုး​မည်။- ထို့​အ​ပြင်​စ​ပျစ်​ရည်​သစ်​ကို​သား​ရေ​ဘူး​ဟောင်း တွင်​ထည့်​လေ့​မ​ရှိ။ ထည့်​ခဲ့​ပါ​မူ​သား​ရေ​ဘူး​သည် ပေါက်​ပြဲ​၍​စ​ပျစ်​ရည်​ယို​ထွက်​ကုန်​လိမ့်​မည်။ သား ရေ​ဘူး​လည်း​ပျက်​စီး​သွား​လိမ့်​မည်။ သို့​ဖြစ်​၍ စ​ပျစ်​ရည်​နှင့်​သား​ရေ​ဘူး​ပါ​မ​ပျက်​မ​စီး​ဘဲ ရှိ​စေ​ရန်​စ​ပျစ်​ရည်​သစ်​ကို​သား​ရေ​ဘူး​သစ်​တွင် သာ​ထည့်​ရ​၏'' ဟု​ထို​သူ​တို့​အား​မိန့်​တော်​မူ​၏။