YouVersion လိုဂို
ရှာရန် အိုင်ကွန်

မဿဲ 8:1-17

မဿဲ 8:1-17 BCL

တောင်​ပေါ်​မှ​သ​ခင်​ယေ​ရှု​ဆင်း​သက်​တော်​မူ​လျှင် လူ​ပ​ရိ​သတ်​ကြီး​များ​သည်​နောက်​တော်​သို့​လိုက် ကြ​၏။- ထို​အ​ခါ​အ​ရေ​ပြား​ရော​ဂါ​စွဲ​ကပ်​သူ​လူ​တစ် ယောက်​သည်​ကိုယ်​တော်​၏​ရှေ့​မှောက်​သို့​လာ​ရောက် ဒူး​ထောက်​လျက် ``အ​ရှင်၊ အ​ရှင်​အ​လို​တော်​ရှိ လျှင်​အ​ကျွန်ုပ်​အား ဤ​ရော​ဂါ​မှ​သန့်​စင်​စေ​နိုင် ပါ​သည်'' ဟု​လျှောက်​ထား​တောင်း​ပန်​၏။ သ​ခင်​ယေ​ရှု​သည်​လက်​တော်​ကို​ဆန့်​၍ ``ငါ​အ​လို ရှိ​၏။ သန့်​စင်​စေ'' ဟု​မိန့်​တော်​မူ​ပြီး​လျှင်​ထို​သူ ကို​တို့​တော်​မူ​၏။ ချက်​ချင်း​ထို​သူ​သည်​အ​ရေ ပြား​ရော​ဂါ​မှ​သန့်​စင်​၍​သွား​လေ​သည်။- သ​ခင်​ယေ​ရှု​က ``ဤ​အ​ကြောင်း​ကို​မည်​သူ့​အား​မျှ မ​ပြော​မိ​စေ​ရန်​သတိ​ပြု​လော့။ ယဇ်​ပု​ရော​ဟိတ်​ထံ ကို​သွား​၍​သင်​၏​ကိုယ်​ကို​ပြ​လော့။ ထို​နောက်​လူ​တို့ ရှေ့​တွင်​သက်​သေ​ခံ​အ​ထောက်​အ​ထား​ဖြစ်​စေ​ရန် မော​ရှေ​မိန့်​မှာ​ခဲ့​သည့်​ပူ​ဇော်​သကာ​ကို​ဆက်​သ​လော့'' ဟု​မိန့်​တော်​မူ​၏။ က​ပေ​ရ​နောင်​မြို့​ကို​ကိုယ်​တော်​ဝင်​တော်​မူ​သော အ​ခါ ရော​မ​စစ်​ဗိုလ်​တစ်​ယောက်​သည်​အ​ထံ​တော် သို့​လာ​၍၊- ``အ​ရှင်၊ အ​ကျွန်ုပ်​၏​အ​စေ​ခံ​တစ်​ယောက်​သည်​ပြင်း စွာ​သော​ဝေ​ဒ​နာ​ဖြင့်​အိမ်​တွင်​လဲ​၍​နေ​ပါ​သည်'' ဟု​လျှောက်​ထား​၏။ ကိုယ်​တော်​က ``ငါ​လာ​၍​သူ့​ရော​ဂါ​ကို​ပျောက်​ကင်း စေ​မည်'' ဟု​မိန့်​တော်​မူ​လျှင်၊ စစ်​ဗိုလ်​က ``အ​ရှင်၊ အ​ကျွန်ုပ်​သည်​မ​ထိုက်​မ​တန်​သူ ဖြစ်​သ​ဖြင့်​အ​ကျွန်ုပ်​၏​အိမ်​မိုး​အောက်​သို့​အ​ရှင် ဝင်​တော်​မူ​ရန်​မ​သင့်​လျော်​ပါ။ အ​မိန့်​တော်​သာ ပေး​တော်​မူ​ပါ​လျှင်​အ​ကျွန်ုပ်​၏​အ​စေ​ခံ​သည် ကျန်း​မာ​လာ​ပါ​လိမ့်​မည်။- အ​ကျွန်ုပ်​သည်​အ​ထက်​အာ​ဏာ​ကို​နာ​ခံ​ရ​သူ ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​၏​လက်​အောက်​တွင်​လည်း​စစ် သား​များ​ရှိ​ပါ​၏။ စစ်​သား​တစ်​ယောက်​ကို​သွား ချေ​ဟု​အ​ကျွန်ုပ်​ဆို​လျှင်​သူ​သည်​သွား​ပါ​၏။ အ​ခြား​တစ်​ယောက်​ကို​လာ​ခဲ့​ဟု​ဆို​လျှင်​လာ ပါ​၏။ ထို့​အ​ပြင်​အ​ကျွန်ုပ်​၏​ကျွန်​အား​ဤ​အ​မှု ကို​ပြု​လော့​ဟု​ဆို​လျှင်​သူ​သည်​ပြု​ပါ​၏'' ဟု လျှောက်​၏။ ဤ​စ​ကား​ကို​သ​ခင်​ယေ​ရှု​ကြား​တော်​မူ​လျှင် အံ့​သြ​တော်​မူ​၏။ သို့​ဖြစ်​၍​နောက်​တော်​သို့​လိုက် လာ​ကြ​သော​ပ​ရိ​သတ်​တို့​အား ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ဤ ကဲ့​သို့​သော​ယုံ​ကြည်​ခြင်း​ကို​ဣသ​ရေ​အ​မျိုး​သား တို့​တွင်​ငါ​မ​တွေ့​မ​ကြုံ​ဘူး​သေး။ လူ​အ​မြောက် အ​မြား​ပင်​အ​ရှေ့​အ​ရပ်​နှင့်​အ​နောက်​အ​ရပ်​မှ လာ​၍​ကောင်း​ကင်​နိုင်​ငံ​တော်​တွင်​အာ​ဗြ​ဟံ၊ ဣဇက်၊ ယာ​ကုပ်​တို့​နှင့်​အ​တူ​စား​သောက်​ကြ​လိမ့်​မည်။- သို့​ရာ​တွင်​နိုင်​ငံ​တော်​သား​ဖြစ်​သင့်​သူ​တို့​မူ​ကား ပြင်​ပ​အ​မှောင်​ထဲ​သို့​ထုတ်​ပစ်​ခြင်း​ကို​ခံ​ရ​ကြ လိမ့်​မည်။ ထို​အ​ရပ်​တွင်​သူ​တို့​သည်​ငို​ကြွေး​မြည် တမ်း​၍​အံ​သွား​ခဲ​ကြိတ်​လျက်​နေ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။- ထို​နောက်​ကိုယ်​တော်​က​စစ်​ဗိုလ်​အား ``အိမ်​သို့​ပြန် လော့။ သင်​ယုံ​ကြည်​သည့်​အ​တိုင်း​ဖြစ်​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။ ဤ​သို့​မိန့်​တော်​မူ​သည့်​အ​ချိန်​၌ ပင်​လျှင်​စစ်​ဗိုလ်​၏​အ​စေ​ခံ​သည်​ရော​ဂါ​ပျောက် လေ​၏။ သ​ခင်​ယေ​ရှု​သည်​ပေ​တ​ရု​အိမ်​သို့​ကြွ​တော်​မူ သော​အ​ခါ​ပေ​တ​ရု​၏​ယောက္ခ​မ​မိန်း​မ​သူ​သည် ဖျား​၍​အိပ်​ရာ​ပေါ်​တွင်​လဲ​လျက်​နေ​သည်​ကို မြင်​တော်​မူ​၏။- ကိုယ်​တော်​သည်​ထို​အ​မျိုး​သ​မီး​၏​လက်​ကို​တို့​ထိ တော်​မူ​လျှင် သူ​မ​သည်​အ​ဖျား​ပျောက်​သွား​သ​ဖြင့် ထ​၍​ကိုယ်​တော်​အား​ဧည့်​သည်​ဝတ်​ပြု​လေ​၏။ ည​ချမ်း​အ​ချိန်​ရောက်​သော​အ​ခါ​လူ​တို့​သည် နတ်​မိစ္ဆာ​ပူး​ဝင်​နေ​သူ​အ​မြောက်​အ​မြား​ကို အ​ထံ​တော်​သို့​ဆောင်​ခဲ့​ကြ​၏။ ကိုယ်​တော်​သည် နတ်​မိစ္ဆာ​တို့​ကို​အ​မိန့်​ပေး​၍​နှင်​ထုတ်​တော်​မူ​၏။ ရော​ဂါ​သည်​အ​ပေါင်း​ကို​လည်း​ကျန်း​မာ​စေ တော်​မူ​၏။- ဤ​သို့​လျှင် ``ကိုယ်​တော်​သည်​ငါ​တို့​၏​အ​ဖျား​အ​နာ များ​နှင့်​ရော​ဂါ​ဝေ​ဒ​နာ​များ​ကို​ဆောင်​ယူ​သွား တော်​မူ​၏'' ဟူ​၍ ပ​ရော​ဖက်​ဟေ​ရှာ​ယ​ဟော​ခဲ့​သည့် စ​ကား​အ​တိုင်း​ဖြစ်​ပျက်​၍​လာ​သ​တည်း။

မဿဲ 8:1-17 အကြောင်း ဗီဒီယိုများ