YouVersion လိုဂို
ရှာရန် အိုင်ကွန်

မဿဲ 6:5-8

မဿဲ 6:5-8 BCL

``သင်​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​အ​ခါ သူ​တော် ယောင်​ဆောင်​သူ​တို့​ကဲ့​သို့​မ​ပြု​ကြ​နှင့်။ ထို​သူ​တို့​သည် လူ​များ​မြင်​သာ​အောင်​တ​ရား​ဇ​ရပ်​များ​နှင့်​လမ်း​ဆုံ လမ်း​ခွ​များ​မှာ​ရပ်​လျက်​ဆု​တောင်း​ပတ္ထ​နာ​ပြု​တတ် ကြ​၏။ အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ထို​သူ​တို့​သည်​မိ​မိ​တို့​ခံ​စား​လို​သည့်​အ​ကျိုး​ကို ခံ​စား​ရ​ကြ​ပြီ။- သို့​ရာ​တွင်​သင်​တို့​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော အ​ခါ​အိမ်​အ​တွင်း​ခန်း​သို့​ဝင်​၍​တံ​ခါး​ကို​ပိတ်​ပြီး လျှင် မျက်​စိ​နှင့်​မ​တွေ့​မ​မြင်​နိုင်​သော​သင်​တို့​၏​အ​ဖ ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​လော့။ မ​ထင် မ​ရှား​ပြု​သော​အ​မှု​ကို​မြင်​တော်​မူ​သော​သင်​တို့ ၏​အ​ဖ​သည်​သင်​တို့​အား​ကောင်း​ချီး​ပေး​သ​နား တော်​မူ​လိမ့်​မည်။ ``သင်​တို့​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​အ​ခါ ဘု​ရား​သ​ခင်​ကို​မ​ကိုး​ကွယ်​သူ​တို့​နည်း​တူ အ​နက်​အ​ဋ္ဌိပ္ပါယ်​မ​ရှိ​သော​စ​ကား​များ​ကို မ​သုံး​ကြ​နှင့်။ ထို​သူ​တို့​သည်​ရှည်​လျား​စွာ ဆု​တောင်း​ပတ္ထ​နာ​ပြု​လျှင် တောင်း​သော​ဆု​ရ လိမ့်​မည်​ဟု​ထင်​မှတ်​ကြ​၏။- သင်​တို့​မူ​ကား​ထို​သူ​တို့​ကဲ့​သို့​မ​ပြု​ကြ​နှင့်။ သင်​တို့​၏​အ​ဖ​သည်​သင်​တို့​မ​တောင်း​မ​လျှောက် မီ​က​ပင် သင်​တို့​လို​သော​အ​ရာ​တို့​ကို​သိ​နှင့် ပြီး​ဖြစ်​တော်​မူ​၏။

​မဿဲ 6:5-8 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။