``သင်သည်ဆုတောင်းပတ္ထနာပြုသောအခါ သူတော် ယောင်ဆောင်သူတို့ကဲ့သို့မပြုကြနှင့်။ ထိုသူတို့သည် လူများမြင်သာအောင်တရားဇရပ်များနှင့်လမ်းဆုံ လမ်းခွများမှာရပ်လျက်ဆုတောင်းပတ္ထနာပြုတတ် ကြ၏။ အမှန်အကန်သင်တို့အားငါဆိုသည်ကား ထိုသူတို့သည်မိမိတို့ခံစားလိုသည့်အကျိုးကို ခံစားရကြပြီ။- သို့ရာတွင်သင်တို့သည်ဆုတောင်းပတ္ထနာပြုသော အခါအိမ်အတွင်းခန်းသို့ဝင်၍တံခါးကိုပိတ်ပြီး လျှင် မျက်စိနှင့်မတွေ့မမြင်နိုင်သောသင်တို့၏အဖ ထံတော်သို့ဆုတောင်းပတ္ထနာပြုကြလော့။ မထင် မရှားပြုသောအမှုကိုမြင်တော်မူသောသင်တို့ ၏အဖသည်သင်တို့အားကောင်းချီးပေးသနား တော်မူလိမ့်မည်။ ``သင်တို့သည်ဆုတောင်းပတ္ထနာပြုသောအခါ ဘုရားသခင်ကိုမကိုးကွယ်သူတို့နည်းတူ အနက်အဋ္ဌိပ္ပါယ်မရှိသောစကားများကို မသုံးကြနှင့်။ ထိုသူတို့သည်ရှည်လျားစွာ ဆုတောင်းပတ္ထနာပြုလျှင် တောင်းသောဆုရ လိမ့်မည်ဟုထင်မှတ်ကြ၏။- သင်တို့မူကားထိုသူတို့ကဲ့သို့မပြုကြနှင့်။ သင်တို့၏အဖသည်သင်တို့မတောင်းမလျှောက် မီကပင် သင်တို့လိုသောအရာတို့ကိုသိနှင့် ပြီးဖြစ်တော်မူ၏။- သို့ဖြစ်၍သင်တို့ဆုတောင်းပတ္ထနာပြုသောအခါ `ကောင်းကင်ဘုံရှင်၊ အကျွန်ုပ်တို့၏အဖ၊ကိုယ်တော်၏ နာမတော်အားရိုသေလေးမြတ်ကြပါစေသော။ နိုင်ငံတော်တည်ပါစေသော။ အလိုတော်သည်ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့၊ မြေကြီးပေါ်၌လည်းပြည့်စုံပါစေသော။
မဿဲ 6 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: မဿဲ 6:5-10
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ