မွန်းတည့်ချိန်မှအစပြု၍မွန်းလွဲသုံးနာရီတိုင် အောင် မြေတစ်ပြင်လုံးတွင်မှောင်အတိကျလေ၏။- မွန်းလွဲသုံးနာရီအချိန်၌သခင်ယေရှုသည် ``ဧလိ၊ ဧလိ၊ လာမရှာဗခသာနိ'' ဟုကျယ်သောအသံ နှင့်မိန့်တော်မူ၏။ ဆိုလိုသည့်အနက်ကား ``အကျွန်ုပ် ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့်အကျွန်ုပ် ကိုစွန့်ပစ်တော်မူပါသနည်း'' ဟူ၏။ အနီးတွင်ရပ်နေသူလူအချို့တို့သည်ထိုစကားကို ကြားလျှင် ``သူသည်ဧလိယကိုခေါ်နေ၏'' ဟုဆို ကြ၏။- ထိုသူတို့အနက်လူတစ်ယောက်သည်ချက်ချင်းပြေး ၍ပင်လယ်ရေမြှုပ်ကိုယူကာပုံးရည်ကိုစုပ်ပြီးလျှင် ထိုရေမြှုပ်ကိုကူရိုးဖျားတွင်ပတ်၍ကိုယ်တော် သောက်ရန်ပေးလေ၏။ အခြားသောသူတို့က ``ရှိစေတော့။ သူ့ကိုကယ်ရန် ဧလိယလာမလာကိုငါတို့ကြည့်ကြကုန်အံ့'' ဟုဆိုကြ၏။ သခင်ယေရှုသည်တစ်ဖန်ကျယ်စွာဟစ်အော်တော်မူ ပြီးလျှင်အသက်ချုပ်တော်မူ၏။- ထိုအခါဗိမာန်တော်ကန့်လန့်ကာသည်အထက်စွန်းမှ အောက်စွန်းတိုင်အောင်နှစ်ခြမ်းကွဲလေ၏။ မြေငလျင် လှုပ်၏။ ကျောက်ဆောင်များပြိုကွဲကြ၏။- သင်္ချိုင်းဂူများပွင့်လစ်သဖြင့်သေလွန်ပြီးသူ ဘုရားသခင်၏လူစုတော်ဝင်အမြောက် အမြားပင်ရှင်ပြန်ထမြောက်ကြကုန်၏။- သခင်ယေရှုရှင်ပြန်ထမြောက်တော်မူပြီးနောက် ထိုသူတို့သည်သင်္ချိုင်းထဲမှထွက်လာကာ သန့်ရှင်း သောမြို့တော်သို့ဝင်သွားကြသဖြင့်လူအများ ပင်သူတို့ကိုတွေ့မြင်ကြ၏။ တပ်မှူးနှင့်တကွသခင်ယေရှုကိုစောင့်ကြည့် နေကြသောစစ်သားများသည်မြေငလျင်လှုပ် သည်ကိုလည်းကောင်း၊ အခြားအဖြစ်အပျက်များ ကိုလည်းကောင်းတွေ့မြင်ကြသောအခါလွန်စွာ ကြောက်လန့်ကြ၍ ``ဤသူကားအကယ်ပင်ဘုရား သခင်၏သားတော်ဖြစ်၏'' ဟုဆိုကြ၏။ ထိုအရပ်တွင်အဝေးကရပ်လျက်ကြည့်နေသော အမျိုးသမီးများရှိ၏။ သူတို့သည်ကားဂါလိလဲ ပြည်မှသခင်ယေရှု၏နောက်တော်သို့လိုက်၍လုပ် ကျွေးသမှုပြုကြသူများတည်း။- ထိုသူတို့အထဲတွင်မာဂဒလမြို့သူမာရိ၊ ယာကုပ်နှင့်ယောသပ်တို့၏အမိဖြစ်သူမာရိ နှင့်ဇေဗေဒဲ၏သားများ၏အမိတို့ပါကြ၏။ ညချမ်းအချိန်ကျသောအခါအရိမဿဲမြို့မှ ယောသပ်ဆိုသူသူဌေးတစ်ယောက်ရောက်ရှိလာ၏။ သူသည်သခင်ယေရှု၏တပည့်တော်တစ်ဦးဖြစ်၏။- သူသည်ပိလတ်မင်းထံသို့ဝင်ပြီးလျှင်သခင် ယေရှု၏အလောင်းတော်ကိုတောင်း၏။ ပိလတ်မင်း သည်အလောင်းတော်ကိုယောသပ်အားပေးရန် အမိန့်ချမှတ်လိုက်၏။- ယောသပ်သည်အလောင်းတော်ကိုယူ၍ဖြူစင်သော ပိတ်ဖြင့်ပတ်၏။- ထိုနောက်ကျောက်ဆောင်၌မကြာမီကထွင်းထားသည့် မိမိသင်္ချိုင်းဂူတွင်သင်္ဂြိုဟ်ကာ ဂူဝကိုကျောက်တုံးတစ်ခု လှိမ့်၍ပိတ်ထားလိုက်ပြီးနောက်ပြန်သွားလေသည်။- သင်္ချိုင်းရှေ့တွင်မာဂဒလမြို့သူမာရိနှင့်အခြား မာရိတို့သည်ထိုင်လျက်ရှိနေကြ၏။
မဿဲ 27 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: မဿဲ 27:45-61
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ