YouVersion လိုဂို
ရှာရန် အိုင်ကွန်

မဿဲ 25:35-40

မဿဲ 25:35-40 BCL

သင်​တို့​သည်​ငါ​ဆာ​လောင်​မွတ်​သိပ်​စဉ်​အ​ခါ​က ငါ့​ကို​ကျွေး​မွေး​ကြ​၏။ ငါ​ရေ​ငတ်​စဉ်​အ​ခါ​က သောက်​ရေ​ကို​ပေး​ကြ​၏။ ငါ​သည်​ဧည့်​သည်​ဖြစ်​စဉ် အ​ခါ​က​ဧည့်​ဝတ်​ကို​ပြု​ကြ​၏။- ငါ​သည်​အ​ဝတ်​အ​ချည်း​စည်း​ဖြစ်​စဉ်​အ​ခါ​က အ​ဝတ်​ကို​ဝတ်​ဆင်​ပေး​ကြ​၏။ ငါ​ဖျား​နာ​စဉ် အ​ခါ​က​ပြု​စု​ကြ​၏။ ငါ​ထောင်​ကျ​စဉ်​အ​ခါ က​ငါ့​ထံ​လာ​ရောက်​ကြ​၏' ဟု​မိန့်​တော်​မူ​၏။'' ထို​အ​ခါ​သူ​တော်​ကောင်း​တို့​က `အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​ဆာ​လောင်​မွတ်​သိပ်​တော်​မူ​သည်​ကို အ​ဘယ်​အ​ခါ​၌​မြင်​၍​အ​ကျွန်ုပ်​တို့​ကျွေး​မွေး ပါ​သ​နည်း။ ရေ​ငတ်​တော်​မူ​သည်​ကို​အ​ဘယ် အ​ခါ​၌​မြင်​၍​သောက်​ရေ​ကို​ပေး​ပါ​သ​နည်း။- ဧည့်​သည်​ဖြစ်​တော်​မူ​သည်​ကို​အ​ဘယ်​အ​ခါ​၌ မြင်​၍​အ​ကျွန်ုပ်​တို့​ဧည့်​သည်​ဝတ်​ကို​ပြု​ပါ​သ​နည်း။ အ​ဝတ်​အ​ချည်း​စည်း​ဖြစ်​တော်​မူ​သည်​ကို​အ​ဘယ် အ​ခါ​၌​မြင်​၍​အ​ဝတ်​ဝတ်​ဆင်​ပေး​ပါ​သ​နည်း။- ဖျား​နာ​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ထောင်​ကျ တော်​မူ​သည်​ကို​လည်း​ကောင်း​အ​ဘယ်​အ​ခါ​၌ အ​ကျွန်ုပ်​တို့​မြင်​၍​အ​ထံ​တော်​သို့​လာ​ကြ​ပါ သ​နည်း' ဟု​ပြန်​၍​လျှောက်​ထား​ကြ​၏။- ထို​အ​ခါ​ဘု​ရင်​မင်း​မြတ်​က `အ​မှန်​အ​ကန်​သင် တို့​အား​ငါ​ဆို​သည်​ကား၊ ဤ​ငါ​၏​ညီ​များ​အ​နက် အ​သိမ်​ငယ်​ဆုံး​ဖြစ်​သူ​တစ်​စုံ​တစ်​ယောက်​အား သင်​တို့​ပြု​စု​ခဲ့​သ​မျှ​သည်​ငါ့​အား​ပြု​စု​ခြင်း ပင်​မည်​၏' ဟု​မိန့်​တော်​မူ​လိမ့်​မည်။