ထိုနောက်ဘုရင်မင်းမြတ်ကလက်ယာတော်ဘက် တွင်ရှိသောသူတို့အား `ကောင်းချီးမင်္ဂလာကို ခံရသူတို့၊ လောကကိုဖန်ဆင်းတော်မူချိန်မှ စ၍သင်တို့အတွက်ပြင်ဆင်ထားတော်မူသည့် နိုင်ငံတော်ကိုခံယူကြလော့။- သင်တို့သည်ငါဆာလောင်မွတ်သိပ်စဉ်အခါက ငါ့ကိုကျွေးမွေးကြ၏။ ငါရေငတ်စဉ်အခါက သောက်ရေကိုပေးကြ၏။ ငါသည်ဧည့်သည်ဖြစ်စဉ် အခါကဧည့်ဝတ်ကိုပြုကြ၏။- ငါသည်အဝတ်အချည်းစည်းဖြစ်စဉ်အခါက အဝတ်ကိုဝတ်ဆင်ပေးကြ၏။ ငါဖျားနာစဉ် အခါကပြုစုကြ၏။ ငါထောင်ကျစဉ်အခါ ကငါ့ထံလာရောက်ကြ၏' ဟုမိန့်တော်မူ၏။'' ထိုအခါသူတော်ကောင်းတို့က `အရှင်ဘုရား၊ ကိုယ်တော်ဆာလောင်မွတ်သိပ်တော်မူသည်ကို အဘယ်အခါ၌မြင်၍အကျွန်ုပ်တို့ကျွေးမွေး ပါသနည်း။ ရေငတ်တော်မူသည်ကိုအဘယ် အခါ၌မြင်၍သောက်ရေကိုပေးပါသနည်း။- ဧည့်သည်ဖြစ်တော်မူသည်ကိုအဘယ်အခါ၌ မြင်၍အကျွန်ုပ်တို့ဧည့်သည်ဝတ်ကိုပြုပါသနည်း။ အဝတ်အချည်းစည်းဖြစ်တော်မူသည်ကိုအဘယ် အခါ၌မြင်၍အဝတ်ဝတ်ဆင်ပေးပါသနည်း။- ဖျားနာတော်မူသည်ကိုလည်းကောင်း၊ ထောင်ကျ တော်မူသည်ကိုလည်းကောင်းအဘယ်အခါ၌ အကျွန်ုပ်တို့မြင်၍အထံတော်သို့လာကြပါ သနည်း' ဟုပြန်၍လျှောက်ထားကြ၏။- ထိုအခါဘုရင်မင်းမြတ်က `အမှန်အကန်သင် တို့အားငါဆိုသည်ကား၊ ဤငါ၏ညီများအနက် အသိမ်ငယ်ဆုံးဖြစ်သူတစ်စုံတစ်ယောက်အား သင်တို့ပြုစုခဲ့သမျှသည်ငါ့အားပြုစုခြင်း ပင်မည်၏' ဟုမိန့်တော်မူလိမ့်မည်။
မဿဲ 25 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: မဿဲ 25:34-40
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ