YouVersion လိုဂို
ရှာရန် အိုင်ကွန်

မဿဲ 25:1-13

မဿဲ 25:1-13 BCL

``ထို​ကာ​လ​၌​ကောင်း​ကင်​နိုင်​ငံ​တော်​သည်​မီး​ခွက် များ​ကို​ယူ​၍ မင်္ဂ​လာ​ဆောင်​သ​တို့​သား​ကို​ကြို​ဆို ရန်​ထွက်​သွား​သည့်​အ​ပျို​ရံ​ဆယ်​ယောက်​တို့​တွေ့ ကြုံ​ရ​သည့်​အ​ဖြစ်​အ​ပျက်​နှင့်​တူ​လိမ့်​မည်။- သူ​တို့​အ​နက်​ငါး​ယောက်​သည်​ပ​ညာ​သ​တိ ရှိ​၏။ ငါး​ယောက်​မူ​ကား​ပ​ညာ​သ​တိ​မ​ရှိ။- ပ​ညာ​သ​တိ​မ​ရှိ​သူ​တို့​သည်​မိ​မိ​တို့​၏ မီး​ခွက်​များ​ကို​ယူ​ခဲ့​သော်​လည်း​ဆီ​ပို​ကို မူ​မ​ယူ​ခဲ့​ကြ။- ပ​ညာ​သ​တိ​ရှိ​သူ​များ​မူ​ကား​မိ​မိ​တို့​၏ မီး​ခွက်​များ​သာ​မ​က​ဆီ​ပို​ကို​လည်း​ဘူး တွင်​ထည့်​၍​ယူ​ခဲ့​ကြ​၏။- မင်္ဂ​လာ​ဆောင်​သ​တို့​သား​သည်​ရောက်​လာ​ရန် ကြန့်​ကြာ​၍​နေ​သ​ဖြင့်​သူ​တို့​အား​လုံး​ငိုက် မျဉ်း​အိပ်​ပျော်​ကုန်​ကြ​၏။ ``သန်း​ခေါင်​ယံ​၌`မင်္ဂ​လာ​ဆောင်​သ​တို့​သား​ရောက် လာ​ပြီ။ သွား​၍​ကြို​ဆို​ကြ​လော့' ဟူ​သော​ကြွေး ကြော်​သံ​ကို​ကြား​ရ​ကြ​၏။- ထို​အ​ခါ​အ​ပျို​ရံ​အား​လုံး​တို့​သည်​ထ​၍​မိ​မိ ၏​မီး​ခွက်​များ​ကို​အ​သင့်​ပြင်​ကြ​၏။- ပ​ညာ​သ​တိ​မ​ရှိ​သူ​များ​က `ငါ​တို့​မီး​ငြိမ်း တော့​မည်​ဖြစ်​၍​ငါ​တို့​ကို​ဆီ​အ​နည်း​ငယ်​ပေး ပါ' ဟု​ပ​ညာ​သ​တိ​ရှိ​သူ​တို့​ထံ​တောင်း​ကြ​၏။- ပညာ​သ​တိ​ရှိ​သူ​များ​က `သင်​တို့​အ​ဖို့​နှင့်​ငါ​တို့ အ​ဖို့​ပါ​ဆို​လျှင်​ဆီ​လောက်​မည်​မ​ဟုတ်​သ​ဖြင့် ဆီ​ရောင်း​သူ​ထံ​သို့​သွား​၍​သင်​တို့​အ​တွက် ဝယ်​ယူ​ကြ​ပါ' ဟု​ပြန်​ပြော​ကြ​၏။- ပ​ညာ​သ​တိ​မ​ရှိ​သူ​တို့​ဆီ​ဝယ်​ရန်​ထွက်​သွား နေ​ခိုက်​မင်္ဂ​လာ​ဆောင်​သ​တို့​သား​သည်​ရောက် လာ​၏။ အ​သင့်​ရှိ​နေ​ကြ​သော​အ​ပျို​ရံ​တို့ သည်​လည်း​သူ​နှင့်​အ​တူ​မင်္ဂ​လာ​ဆောင်​ပွဲ​သို့ ဝင်​ပြီး​လျှင်​တံ​ခါး​ကို​ပိတ်​ထား​လိုက်​၏။ ``ပ​ညာ​သ​တိ​မ​ရှိ​သော​အ​ပျို​ရံ​များ​သည် လည်း​ပြန်​ရောက်​လာ​၍ `အ​ရှင်၊ အ​ရှင်၊ ကျွန်​မ​တို့ အား​တံ​ခါး​ဖွင့်​ပေး​ပါ' ဟု​ဆို​ကြ​၏။- သို့​ရာ​တွင်​မင်္ဂ​လာ​ဆောင်​သ​တို့​သား​က `မ​ဖွင့် ပေး​နိုင်​ပါ။ သင်​တို့​ကို​ငါ​မ​သိ' ဟု​ပြန်​ပြော​၏။ ``သို့​ဖြစ်​၍​သင်​တို့​သည်​လည်း​ထို​နေ့​ထို​အ​ချိန် ကို​မ​သိ​ကြ​သ​ဖြင့်​သ​တိ​နှင့်​စောင့်​နေ​ကြ​လော့။

​မဿဲ 25:1-13 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။