YouVersion လိုဂို
ရှာရန် အိုင်ကွန်

မဿဲ 21:1-19

မဿဲ 21:1-19 BCL

ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ယေ​ရု​ရှ​လင် မြို့​သို့​ချဉ်း​ကပ်​လာ​သ​ဖြင့် သံ​လွင်​တောင်​အ​နီး ရှိ​ဗက်​ဖာ​ဂေ​ရွာ​သို့​ရောက်​ကြ​၏။ သ​ခင်​ယေ​ရှု သည်​တ​ပည့်​တော်​နှစ်​ယောက်​အား၊- ``သင်​တို့​ရှေ့​တွင်​ရှိ​သော​ရွာ​သို့​သွား​ကြ။ မြည်း က​လေး​တစ်​ကောင်​နှင့်​အ​တူ​ကြိုး​ဖြင့်​လှန်​ထား သော​မြည်း​မ​တစ်​ကောင်​ကို​တွေ့​ရ​လိမ့်​မည်။ ကြိုး ကို​ဖြေ​၍​မြည်း​များ​ကို​ယူ​ခဲ့​ကြ​လော့။- အ​ကယ်​၍​လူ​တစ်​စုံ​တစ်​ယောက်​က​သင်​တို့ အား `အ​ဘယ်​ကြောင့်​ဖြေ​သ​နည်း' ဟု​မေး​ခဲ့ သော် `အ​ရှင်​ဘု​ရား​အ​လို​ရှိ​ပါ​သည်' ဟု ဖြေ​ကြား​ကြ​လော့။ ထို​အ​ခါ​သူ​သည်​မြည်း များ​ကို​ချက်​ချင်း​ယူ​ခွင့်​ပြု​လိမ့်​မည်'' ဟူ​၍ မှာ​ကြား​စေ​လွှတ်​တော်​မူ​၏။ ဤ​အ​ခြင်း​အ​ရာ​ကား ``သင်​တို့​၏​ရှင်​ဘု​ရင်​သည် သင်​တို့​ထံ​သို့​ကြွလာ​တော်​မူ​ပြီ။ ထို​အ​ရှင်​သည်​နူး​ညံ့​သိမ်​မွေ့​တော်​မူ​သ​ဖြင့် မြည်း​ကို​စီး​တော်​မူ​၏။ ဝန်​ဆောင်​တိ​ရစ္ဆာန်​၏​သား၊မြည်း​က​လေး​ကို​စီး တော်​မူ​၏​ဟု​ဇိ​အုန်​မြို့​အား​ပြော​ကြား​ကြ​လော့'' ဟူ​၍​ပ​ရော​ဖက်​မြွက်​ဆို​ခဲ့​သည့်​အ​တိုင်း ဖြစ်​ပျက်​ခြင်း​ပင်​တည်း။ တ​ပည့်​တော်​နှစ်​ယောက်​တို့​သည်​ထွက်​သွား​ပြီး လျှင်​သ​ခင်​ယေ​ရှု​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း ဆောင်​ရွက်​ကြ​၏။- သူ​တို့​သည်​မြည်း​မ​နှင့်​မြည်း​က​လေး​ကို​ဆောင် ယူ​ခဲ့​၍ မိ​မိ​တို့​၏​ဝတ်​လုံ​များ​ကို​လွှမ်း​တင်​ကြ ၏။ ကိုယ်​တော်​သည်​မြည်း​ကို​စီး​တော်​မူ​၏။- လူ​ပ​ရိ​သတ်​တို့​သည်​လည်း​မိ​မိ​တို့​၏​ဝတ်​လုံ များ​ကို​လမ်း​ပေါ်​မှာ​ဖြန့်​ခင်း​ကြ​၏။ လူ​အ​ချို့ တို့​သည်​သစ်​ပင်​များ​မှ​အ​ကိုင်း​အ​ခက်​များ ကို​ခုတ်​၍​လမ်း​ပေါ်​မှာ​ခင်း​ကြ​၏။- ကိုယ်​တော်​၏​ရှေ့​နောက်​လိုက်​ပါ​လာ​ကြ​သူ​လူ အ​ပေါင်း​တို့​က ``ဒါ​ဝိဒ်​၏​သား​တော်​အား​ဂုဏ် တော်​ကို​ချီး​ကူး​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​၏ နာ​မ​တော်​နှင့်​ကြွ​လာ​သော​အ​ရှင်​သည်​မင်္ဂလာ ရှိ​စေ​သ​တည်း။ ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို ချီး​ကူး​ကြ​စေ​သ​တည်း'' ဟု​ကြွေး​ကြော်​ကြ ကုန်​၏။ ယေ​ရု​ရှ​လင်​မြို့​သို့​ကိုယ်​တော်​ဝင်​သော​အ​ခါ တစ်​မြို့​လုံး​အုတ်​အုတ်​သဲ​သဲ​ဖြစ်​ပြီး​လျှင် လူ​တို့ က ``ဤ​သူ​ကား​အ​ဘယ်​သူ​နည်း'' ဟု​မေး​မြန်း ကြ​၏။ လူ​ပ​ရိ​သတ်​များ​က ``ဤ​သူ​သည်​ဂါ​လိ​လဲ ပြည်​နာ​ဇ​ရက်​မြို့​သား​ပ​ရော​ဖက်​ယေ​ရှု​ဖြစ် သည်'' ဟု​ဖြေ​ကြား​ကြ​၏။ သ​ခင်​ယေ​ရှု​သည်​ဗိ​မာန်​တော်​သို့​ဝင်​တော်​မူ​၍ ဗိ​မာန်​တော်​အ​တွင်း​မှ​ရောင်း​ဝယ်​နေ​သူ​တို့​ကို နှင်​ထုတ်​တော်​မူ​၏။ ငွေ​လဲ​လှယ်​သူ​တို့​၏​စား​ပွဲ များ​နှင့်​ချိုး​ငှက်​ရောင်း​သူ​တို့​၏​ထိုင်​ခုံ​များ​ကို မှောက်​လှန်​ပစ်​တော်​မူ​၏။- ထို​နောက်​ကိုယ်​တော်​က ``ငါ​၏​အိမ်​တော်​ကို​ဆု တောင်း​ပတ္ထ​နာ​ပြု​ရာ​အိမ်​တော်​ဟု​ခေါ်​ဝေါ်​ရ​လတ္တံ့ ဟု​ကျမ်း​စာ​လာ​၏။ သို့​ရာ​တွင်​သင်​တို့​သည်​အိမ် တော်​ကို​ဋ္ဌား​ပြ​ခို​အောင်း​ရာ​ဖြစ်​စေ​ကြ​ပြီ တ​ကား'' ဟု​မိန့်​တော်​မူ​၏။ ဗိ​မာန်​တော်​တွင်​မျက်​မ​မြင်​များ​နှင့်​ခြေ​မ​စွမ်း မ​သန်​သူ​များ​သည်​အ​ထံ​တော်​သို့​လာ​ကြ​၏။ ကိုယ်​တော်​သည်​သူ​တို့​၏​ရော​ဂါ​များ​ကို​ပျောက် ကင်း​စေ​တော်​မူ​၏။- ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ များ​သည်​ကိုယ်​တော်​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ် အ​မှု​အ​ရာ​များ​ကို​မြင်​၍ ``ဒါ​ဝိဒ်​၏​သား​တော် အား​ချီး​မွမ်း​ထော​မ​နာ​ပြု​ကြ​လော့'' ဟု​ဗိ​မာန် တော်​ထဲ​တွင်​က​လေး​သူ​ငယ်​တို့​ဟစ်​အော်​နေ သည်​ကို​ကြား​ကြ​သော​အ​ခါ​အ​မျက်​ထွက် လျက်၊- ``ဤ​သူ​ငယ်​တို့​အ​ဘယ်​သို့​ကြွေး​ကြော်​နေ​ကြ သည်​ကို​ကြား​ပါ​သ​လော'' ဟု​ကိုယ်​တော်​အား မေး​လျှောက်​ကြ​၏။ သ​ခင်​ယေ​ရှု​က ``ငါ​ကြား​၏။ `ကိုယ်​တော်​သည် သူ​ငယ်​များ​နှင့်​မိ​ခင်​ရင်​ခွင်​ရှိ​နို့​စို့​များ​အား ချီး​မွမ်း​စေ​ရန်​သင်​ကြား​ပေး​တော်​မူ​ပြီ' ဟူ သော​ကျမ်း​စ​ကား​ကို​သင်​တို့​အ​ဘယ်​အ​ခါ မျှ​မ​ဖတ်​ဖူး​ကြ​ပါ​သ​လော'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​သ​ခင်​ယေ​ရှု​သည်​မြို့​မှ​ထွက်​ပြီး​လျှင် ဗေ​သ​နိ​ရွာ​သို့​ကြွ​၍​ထို​ည​တည်း​ခို​တော်​မူ​၏။ နံ​နက်​စော​စော​မြို့​သို့​ပြန်​လည်​ကြွ​လာ​တော်​မူ​စဉ် ကိုယ်​တော်​သည်​ဆာ​လောင်​မွတ်​သိပ်​တော်​မူ​၏။- လမ်း​အ​နီး​တွင်​သ​င်္ဘော​သ​ဖန်း​ပင်​တစ်​ပင်​ကို မြင်​သ​ဖြင့်​ထို​အ​ပင်​ရှိ​ရာ​သို့​ကြွ​တော်​မူ​၏။ အ​ပင်​ပေါ်​တွင်​အ​ရွက်​များ​ကို​သာ​တွေ့​တော်​မူ လျှင်​ကိုယ်​တော်​သည်​ထို​အ​ပင်​အား ``သင်​သည် နောင်​အ​ဘယ်​အ​ခါ​၌​မျှ​အ​သီး​မ​သီး​စေ​နှင့်'' ဟု​မိန့်​တော်​မူ​၏။ သင်္ဘော​သ​ဖန်း​ပင်​သည်​လည်း ချက်​ချင်း​ပင်​ညှိုး​နွမ်း​ခြောက်​သွေ့​သွား​လေ​၏။