ထိုအခါတပည့်တော်တို့သည်သခင်ယေရှုထံ တော်သို့ချဉ်းကပ်၍ ``ကောင်းကင်နိုင်ငံတော်တွင် မည်သူသည်အကြီးမြတ်ဆုံးနည်း'' ဟုမေး လျှောက်ကြ၏။ ကိုယ်တော်သည်ကလေးသူငယ်တစ်ယောက်ကို ခေါ်ယူပြီးလျှင်တပည့်တော်တို့၏ရှေ့တွင် ရပ်နေစေတော်မူ၏။- ထိုနောက်ကိုယ်တော်က ``အမှန်အကန်သင်တို့ အားငါဆိုသည်ကား၊ သင်တို့သည်စိတ်ပြောင်းလဲ ၍ကလေးသူငယ်ကဲ့သို့ဖြစ်မှသာလျှင်ကောင်း ကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်။- ဤကလေးသူငယ်ကဲ့သို့စိတ်နှိမ့်ချသူသည် ကောင်းကင်နိုင်ငံတော်တွင်အကြီးမြတ်ဆုံး ဖြစ်လိမ့်မည်။- ငါ၏နာမကိုထောက်၍ဤသို့သောကလေး သူငယ်တစ်စုံတစ်ယောက်ကိုလက်ခံသူသည် ငါ့ကိုလက်ခံ၏။ ``ငါ့ကိုယုံကြည်ကိုးစားသည့်ကလေးသူငယ် တစ်စုံတစ်ယောက်အားယုံကြည်ခြင်းပျက်ပြယ် စေသောသူမူကား လည်တွင်ကြိတ်ဆုံကျောက်ကြီး ကိုဆွဲလျက်ပင်လယ်နက်ထဲသို့အချခံရလျှင် သူ့အဖို့သာ၍ကောင်း၏။- လူသားတို့အားယုံကြည်ခြင်းပျက်ပြယ်စေ သောအရာများရှိသည့်အတွက်လူသားတို့ သည်အမင်္ဂလာရှိကြ၏။ ယုံကြည်ခြင်းကိုပျက် ပြယ်စေသောအရာများကားမုချရှိမည်။ သို့ ရာတွင်ယုံကြည်ခြင်းပျက်ပြယ်မှုကိုဖြစ် စေသောသူသည်အမင်္ဂလာရှိ၏။ ``သင်၏ခြေသော်လည်းကောင်း၊ လက်သော်လည်း ကောင်းသင်၏ယုံကြည်ခြင်းကိုပျက်ပြယ်စေလျှင် ထိုခြေထိုလက်ကိုဖြတ်ပစ်လော့။ ထာဝရမီး ထဲသို့ခြေလက်အစုံနှင့်ကျရသည်ထက်ကိုယ် အင်္ဂါချို့တဲ့လျက်ထာဝရအသက်ရခြင်းက သာ၍ကောင်း၏။- သင်၏မျက်စိသည်သင်၏ယုံကြည်ခြင်းကိုပျက် ပြယ်စေလျှင်ထိုမျက်စိကိုထုတ်ပစ်လော့။ ငရဲမီး ထဲသို့မျက်စိအစုံနှင့်ကျရသည်ထက်မျက်စိ တစ်လုံးချို့တဲ့လျက် ထာဝရအသက်ကိုရခြင်း ကသာ၍ကောင်း၏။ ``သင်တို့သည်အဘယ်ကလေးသူငယ်ကိုမျှ အထင်အမြင်မသေးမိစေရန်သတိထား ကြလော့။ သင်တို့အားငါဆိုသည်ကား၊ ထိုသူငယ် တို့၏ကောင်းကင်တမန်များသည်ကောင်းကင်ဘုံ ရှင်ငါ့ခမည်းတော်၏ရှေ့တော်မှောက်၌အစဉ် မပြတ်ခစားလျက်ရှိကြ၏။- (လူသားသည်ပျောက်ဆုံးသူတို့ကိုကယ်တင် ရန်ကြွလာခြင်းဖြစ်၏။) ``သင်တို့သည်အဘယ်သို့ထင်မှတ်ကြသနည်း။ လူတစ်ယောက်သည်မိမိမှာရှိသည့်သိုးတစ်ရာ အနက်တစ်ကောင်ပျောက်သွားလျှင်ကိုးဆယ် ကိုးကောင်ကိုတောင်ပေါ်စားကျက်တွင်ထားခဲ့ ပြီးလျှင်ပျောက်သောသိုးကိုလိုက်၍မရှာဘဲ နေပါမည်လော။- ပျောက်သောသိုးကိုရှာ၍တွေ့သောအခါမပျောက် သည့်သိုးကိုးဆယ့်ကိုးကောင်အတွက်ရွှင်လန်းဝမ်း မြောက်သည်ထက် ထိုသိုးအတွက်ပို၍ရွှင်လန်း ဝမ်းမြောက်သည်ဟုသင်တို့အားအမှန်အကန် ငါဆို၏။- ထိုနည်းတူစွာကောင်းကင်ဘုံရှင်သင်တို့၏အဖ သည်လည်း ဤကလေးသူငယ်တစ်စုံတစ်ယောက် ပျောက်ဆုံးလမ်းလွဲသွားသည်ကိုအလိုတော် မရှိ။ ``သင်၏ညီအစ်ကိုသည်သင့်ကိုပြစ်မှားလျှင်သူ့ အပြစ်ကိုဖော်ပြရန်သူ့ထံသို့သွားလော့။ သို့ရာ တွင်သင်တို့နှစ်ယောက်တည်းသာတွေ့ဆုံ၍ပြော ဆိုလော့။ သင်၏စကားကိုနားထောင်လျှင်ထို ညီအစ်ကိုနှင့်သင်သည်ပြန်၍သင့်မြတ်သွား လေပြီ။- သို့ရာတွင်သူသည်သင်၏စကားကိုနားမထောင် ပါမူသင်၏စွပ်စွဲချက်မှန်သမျှအတည်ဖြစ် စေရန် ကျမ်းစာလာသည်အတိုင်းအသိသက်သေ နှစ်ယောက်သုံးယောက်ကိုခေါ်လော့။- အကယ်၍သူသည်ထိုသူတို့၏စကားကိုလည်း နားမထောင်ပြန်လျှင်အသင်းတော်အားတိုင်ကြား လော့။ အသင်းတော်၏စကားကိုပင်နားမထောင် လျှင်ထိုသူအားဘုရားမဲ့သူတစ်ယောက်၊ သို့ မဟုတ်အခွန်ခံသူတစ်ယောက်ကဲ့သို့မှတ်ယူ လော့။ ``အမှန်အကန်သင်တို့အားငါဆိုသည်ကား၊ လောကတွင်သင်တို့တားမြစ်သမျှကိုဘုရား သခင်သည်ကောင်းကင်ဘုံ၌တားမြစ်တော်မူ လိမ့်မည်။ လောကတွင်သင်တို့ခွင့်ပြုသမျှ ကိုကောင်းကင်ဘုံ၌ခွင့်ပြုတော်မူလိမ့်မည်။ ``ထို့ပြင်အမှန်အကန်သင်တို့အားငါဆိုသည် ကား၊ လောကတွင်သင်တို့အနက်လူနှစ်ယောက် မျှစိတ်တူသဘောတူ၍ဆုတောင်းပတ္ထနာပြု ပါလျှင် ကောင်းကင်ဘုံရှင်ငါ၏ခမည်းတော် သည်သင်တို့တောင်းလျှောက်သမျှသောအရာ ကိုပေးသနားတော်မူလိမ့်မည်။- အဘယ်ကြောင့်ဆိုသော်လူနှစ်ယောက်သုံးယောက် တို့သည်ငါ့နာမကိုအမှီပြု၍စုဝေးလျှင် စု ဝေးရာတွင်သူတို့နှင့်အတူငါရှိမည်ဖြစ် သောကြောင့်တည်း။
မဿဲ 18 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: မဿဲ 18:1-20
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို