သခင်ယေရှုသည်ကဲသရိဖိလိပ္ပိနယ်သို့ရောက် ရှိတော်မူသောအခါတပည့်တော်တို့အား ``လူ တို့သည်ငါ့ကိုအဘယ်သူဖြစ်သည်ဟုပြောဆို ကြသနည်း'' ဟုမေးတော်မူ၏။ ``လူအချို့ကအရှင်သည်ဗတ္တိဇံဆရာယောဟန် ဖြစ်သည်။ အချို့ကဧလိယဖြစ်သည်။ အချို့က ယေရမိသို့မဟုတ်အခြားပရောဖက်တစ်ပါး ပါးဖြစ်သည်ဟုပြောဆိုကြပါသည်'' ဟုလျှောက် ကြ၏။ ကိုယ်တော်က ``သင်တို့ကမူငါ့ကိုအဘယ်သူဟု ဆိုကြသနည်း'' ဟုမေးတော်မူလျှင်၊ ပေတရုက ``အရှင်သည်အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော်တည်းဟူသောခရစ် တော်ဖြစ်ပါသည်'' ဟုလျှောက်လေ၏။ သခင်ယေရှုက ``ယောဟန်၏သားရှိမုန်၊ သင်သည် မင်္ဂလာရှိ၏။ ဤအကြောင်းကိုသာမန်လူတစ်ယောက် အနေဖြင့်သင်မသိနိုင်။ ကောင်းကင်ဘုံရှင်ငါ၏ ခမည်းတော်ကဖော်ပြတော်မူ၍သာသင်သိ သတည်း။- ထို့ကြောင့်သင်၏နာမည်သည်ကျောက်ဟုအနက် ရှိသောပေတရုဖြစ်၍ထိုကျောက်တည်းဟူသော အုတ်မြစ်ပေါ်မှာငါ၏အသင်းတော်ကိုတည်ဆောက် မည်။ သေခြင်းတရားပင်လျှင်ထိုအသင်းတော်ကို မနိုင်ရ။- ငါသည်သင့်အားကောင်းကင်နိုင်ငံတော်၏သော့ များကိုပေးအပ်မည်။ လောကတွင်သင်တားမြစ် သမျှကိုဘုရားသခင်သည်ကောင်းကင်ဘုံတွင် လည်းတားမြစ်တော်မူမည်။ လောကတွင်သင်ခွင့် ပြုသမျှကိုကောင်းကင်ဘုံတွင်လည်းခွင့်ပြု တော်မူမည်'' ဟုမိန့်တော်မူ၏။ ထိုနောက်ကိုယ်တော်သည်မိမိခရစ်တော်ဖြစ်တော် မူကြောင်းကိုအဘယ်သူအားမျှမပြောရန်တပည့် တော်တို့အားပညတ်တော်မူ၏။ သခင်ယေရှုသည်ယေရုရှလင်မြို့သို့သွား၍ ဘာသာရေးခေါင်းဆောင်များ၊ ယဇ်ပုရောဟိတ် ကြီးများနှင့်ကျမ်းတတ်ဆရာများ၏လက် တွင်ဒုက္ခဝေဒနာခံတော်မူရမည့်အကြောင်း ကိုလည်းကောင်း၊ သုံးရက်မြောက်သောနေ့၌သေ ခြင်းမှထမြောက်တော်မူမည့်အကြောင်းကို လည်းကောင်းတပည့်တော်တို့အားထိုအချိန် မှစ၍ပွင့်လင်းစွာဖော်ပြတော်မူ၏။ ပေတရုသည်ကိုယ်တော်အားမလှမ်းမကမ်းနေရာ သို့ပင့်ဖိတ်ပြီးလျှင် ``သခင်ဘုရား၊ ကိုယ်တော်ရှင် ဖော်ပြခဲ့သည့်အမှုအရာများမဖြစ်ပျက်စေ ရန်ဘုရားသခင်ဆီးတားတော်မူပါစေသော။ ကိုယ်တော်ရှင်သည်ထိုအမှုအရာများနှင့် အဘယ်အခါ၌မျှမကြုံမတွေ့ရပါစေနှင့်'' ဟုပြစ်တင်လျှောက်ထား၏။ ကိုယ်တော်သည်လှည့်၍ပေတရုအား ``အချင်း စာတန်၊ ငါ့နောက်သို့ဆုတ်လော့။ သင်သည်ငါ့ အတွက်ဆူးငြောင့်ခလုတ်သဖွယ်ဖြစ်၏။ သင် သည်ဘုရားသခင်၏ရှုထောင့်ကမတွေး၊ လူ ၏ရှုထောင့်ကသာတွေး၏'' ဟုမိန့်တော်မူသည်။ ထိုနောက်သခင်ယေရှုက ``ငါ့တပည့်ဖြစ်လိုသူ သည်ကိုယ်ကျိုးကိုစွန့်ရမည်။ ကိုယ့်လက်ဝါးကပ် တိုင်ကိုထမ်း၍ငါ့နောက်သို့လိုက်ရမည်။- မိမိအသက်ကိုကယ်လိုသူသည်အသက်ဆုံးရှုံးရ လိမ့်မည်။ ငါ၏အတွက်အသက်ဆုံးရှုံးရသူသည် အသက်ကိုရလိမ့်မည်။- လူသည်လောကတစ်ခုလုံးကိုအစိုးရသော်လည်း မိမိ၏အသက်ဆုံးရှုံးလျှင်အဘယ်အကျိုးရှိ မည်နည်း။ မိမိ၏အသက်ကိုအဘယ်အရာနှင့် လဲလှယ်နိုင်မည်နည်း။- လူသားသည်ခမည်းတော်၏ဘုန်းအသရေကို ဆောင်လျက်ကောင်းကင်တမန်များနှင့်အတူ ကြွလာတော်မူလတ္တံ့။ ထိုအခါလူအပေါင်းတို့ အားမိမိတို့၏အကျင့်အလျောက်အကျိုး အပြစ်ကိုဆပ်ပေးတော်မူလိမ့်မည်။- အမှန်အကန်သင်တို့အားငါဆိုသည်ကားဤ အရပ်ရှိလူအချို့တို့သည် လူသားအားဘုရင် အဖြစ်နှင့်ကြွလာတော်မူသည်ကိုမမြင်မီ မသေရကြ'' ဟုမိန့်တော်မူ၏။
မဿဲ 16 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: မဿဲ 16:13-28
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ