ဖာရိရှဲများနှင့်ဇဒ္ဒုကဲများသည်အထံတော် သို့လာ၍ကိုယ်တော်အားပရိယာယ်ဆင်လျက် ``ဘုရားသခင်သည်ကိုယ်တော်အားစေလွှတ် တော်မူကြောင်းသိနိုင်ရန်နိမိတ်လက္ခဏာကို ပြတော်မူပါ'' ဟုတောင်းဆိုကြ၏။- ကိုယ်တော်က ``နေဝင်ချိန်၌မိုးတိမ်နီလျှင် ရာသီဥတုသာယာလိမ့်မည်ဟူ၍လည်းကောင်း၊- နံနက်ချိန်၌မိုးတိမ်နီ၍အုံ့မှိုင်းနေလျှင်မိုးရွာ လိမ့်မည်ဟူ၍လည်းကောင်းသင်တို့ပြောတတ်ကြ၏။ သင်တို့သည်မိုးကောင်းကင်ကိုကြည့်ခြင်းအားဖြင့် မိုးလေဝသ၏အခြေအနေကိုသိနိုင်ကြပါ လျက် မျက်မှောက်ခေတ်ကာလ၏အရိပ်အခြေကို မူပိုင်းခြား၍မသိနိုင်ကြပါသလော။- ဤခေတ်လူတို့သည်အလွန်ဆိုးညစ်၍ဘုရား သခင်ကိုယုံကြည်ခြင်းကင်းမဲ့ကြပါသည် တကား။ သင်တို့သည်နိမိတ်လက္ခဏာကိုတောင်း ဆိုကြ၏။ သို့ရာတွင်ယောန၏နိမိတ်လက္ခဏာ မှတစ်ပါးအဘယ်နိမိတ်လက္ခဏာမျှသင်တို့ တွေ့မြင်ရကြလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။ ထိုနောက်ကိုယ်တော်သည်ထိုသူတို့ထံမှထွက် ခွာသွားတော်မူ၏။ တပည့်တော်တို့သည်အိုင်တစ်ဖက်ကမ်းသို့ရောက် ကြ၏။ သူတို့သည်အစားအစာများကိုမယူ ခဲ့မိကြ။- သခင်ယေရှုက ``သင်တို့သည်ဖာရိရှဲနှင့်ဇဒ္ဒုကဲ တို့၏တဆေးကိုသတိနှင့်ရှောင်ကြဉ်ကြလော့'' ဟုမိန့်တော်မူ၏။ တပည့်တော်တို့သည်မိမိတို့၌စားစရာမပါ လာသည့်အတွက်ဤသို့ကိုယ်တော်မိန့်တော်မူခြင်း ဖြစ်သည်ဟုအချင်းချင်းပြောဆိုလျက်နေကြ၏။ ယင်းသို့ပြောဆိုနေသည်ကိုသခင်ယေရှုသိတော် မူသဖြင့် ``သင်တို့သည်အစားအစာမပါသည် ကိုအဘယ်ကြောင့်ဆွေးနွေးနေကြသနည်း။- ယုံကြည်ခြင်းအားနည်းသူတို့၊ ယခုတိုင်အောင် ပင်မသိနားမလည်နိုင်ကြသလော။- မုန့်ငါးလုံးကိုလူငါးထောင်စား၍ဘယ်နှစ်တောင်း ကောက်သိမ်းရသည်ကိုသင်တို့သတိမရကြပါ သလော။ မုန့်ခုနစ်လုံးကိုလူလေးထောင်စား၍ဘယ် နှစ်တောင်းကောက်သိမ်းရသည်ကိုလည်းသတိမရ ကြပါသလော။ အစားအစာနှင့်ပတ်သက်၍ ငါပြောဆိုနေခြင်းမဟုတ်ကြောင်းကိုသင်တို့ အဘယ်ကြောင့်နားမလည်ကြသနည်း။- ဖာရိရှဲနှင့်ဇဒ္ဒုကဲတို့၏တဆေးကိုရှောင်ကြဉ် ကြလော့'' ဟုမိန့်တော်မူ၏။ ထိုအခါတပည့်တော်တို့သည်မုန့်လုပ်တဆေး ကိုရှောင်ကြဉ်ရန်မဟုတ်ဘဲဖာရိရှဲနှင့်ဇဒ္ဒုကဲ တို့၏သွန်သင်ချက်များကိုမလိုက်နာရန် ကိုယ်တော်သတိပေးတော်မူကြောင်းနားလည် ကြ၏။ သခင်ယေရှုသည်ကဲသရိဖိလိပ္ပိနယ်သို့ရောက် ရှိတော်မူသောအခါတပည့်တော်တို့အား ``လူ တို့သည်ငါ့ကိုအဘယ်သူဖြစ်သည်ဟုပြောဆို ကြသနည်း'' ဟုမေးတော်မူ၏။ ``လူအချို့ကအရှင်သည်ဗတ္တိဇံဆရာယောဟန် ဖြစ်သည်။ အချို့ကဧလိယဖြစ်သည်။ အချို့က ယေရမိသို့မဟုတ်အခြားပရောဖက်တစ်ပါး ပါးဖြစ်သည်ဟုပြောဆိုကြပါသည်'' ဟုလျှောက် ကြ၏။ ကိုယ်တော်က ``သင်တို့ကမူငါ့ကိုအဘယ်သူဟု ဆိုကြသနည်း'' ဟုမေးတော်မူလျှင်၊ ပေတရုက ``အရှင်သည်အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော်တည်းဟူသောခရစ် တော်ဖြစ်ပါသည်'' ဟုလျှောက်လေ၏။ သခင်ယေရှုက ``ယောဟန်၏သားရှိမုန်၊ သင်သည် မင်္ဂလာရှိ၏။ ဤအကြောင်းကိုသာမန်လူတစ်ယောက် အနေဖြင့်သင်မသိနိုင်။ ကောင်းကင်ဘုံရှင်ငါ၏ ခမည်းတော်ကဖော်ပြတော်မူ၍သာသင်သိ သတည်း။- ထို့ကြောင့်သင်၏နာမည်သည်ကျောက်ဟုအနက် ရှိသောပေတရုဖြစ်၍ထိုကျောက်တည်းဟူသော အုတ်မြစ်ပေါ်မှာငါ၏အသင်းတော်ကိုတည်ဆောက် မည်။ သေခြင်းတရားပင်လျှင်ထိုအသင်းတော်ကို မနိုင်ရ။- ငါသည်သင့်အားကောင်းကင်နိုင်ငံတော်၏သော့ များကိုပေးအပ်မည်။ လောကတွင်သင်တားမြစ် သမျှကိုဘုရားသခင်သည်ကောင်းကင်ဘုံတွင် လည်းတားမြစ်တော်မူမည်။ လောကတွင်သင်ခွင့် ပြုသမျှကိုကောင်းကင်ဘုံတွင်လည်းခွင့်ပြု တော်မူမည်'' ဟုမိန့်တော်မူ၏။ ထိုနောက်ကိုယ်တော်သည်မိမိခရစ်တော်ဖြစ်တော် မူကြောင်းကိုအဘယ်သူအားမျှမပြောရန်တပည့် တော်တို့အားပညတ်တော်မူ၏။
မဿဲ 16 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: မဿဲ 16:1-20
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို