ထိုနောက်ကိုယ်တော်သည်လူအပေါင်းတို့အား အိမ်သို့ပြန်စေတော်မူ၏။ တစ်ချိန်တည်းပင် တပည့်တော်တို့အားလှေပေါ်သို့တက်စေ၍ အိုင်တစ်ဖက်သို့ကူးစေတော်မူ၏။- လူအပေါင်းတို့အားအိမ်သို့ပြန်စေပြီးနောက် ကိုယ်တော်သည်ဆုတောင်းပတ္ထနာပြုရန်တောင်ပေါ် ကိုတက်တော်မူ၏။ ညချမ်းအချိန်ရောက်သော် ထိုအရပ်တွင်တစ်ကိုယ်တည်းရှိနေတော်မူသတည်း။- တပည့်တော်တို့၏လှေသည်ကားကမ်းနှင့်များစွာ ဝေးကွာသွားလေပြီ။ လေဆန်ဖြစ်သဖြင့်ထိုလှေ ကိုလှိုင်းတံပိုးများရိုက်ခတ်လျက်ရှိ၏။ မိုးသောက်ယံအချိန်ခန့်တွင်ကိုယ်တော်သည်ရေပေါ် မှာစက်တော်ဖြန့်၍တပည့်တော်တို့ထံသို့ကြွလာ တော်မူ၏။- ဤသို့ရေပေါ်မှာကိုယ်တော်စက်တော်ဖြန့်၍ကြွ လာသည်ကိုမြင်လျှင်တပည့်တော်တို့သည်ထိတ် လန့်ကာ ``တစ္ဆေ'' ဟုအလန့်တကြားဟစ်အော်ကြ၏။ ထိုအခါသခင်ယေရှုက ``အားမငယ်ကြနှင့်။ ငါ ပင်ဖြစ်သည်။ မကြောက်ကြနှင့်'' ဟုမိန့်တော်မူ၏။ ပေတရုက ``သခင်ဘုရား၊ ကိုယ်တော်ရှင်ဖြစ်ပါမူ၊ အကျွန်ုပ်သည်ရေပေါ်မှာလျှောက်၍အထံတော်သို့ လာနိုင်ရန်အမိန့်ရှိတော်မူပါ'' ဟုလျှောက်၏။ ကိုယ်တော်က ``လာခဲ့လော့'' ဟုမိန့်တော်မူလျှင် ပေတရုသည်လှေပေါ်ကဆင်း၍ရေပေါ်တွင် လျှောက်ကာသခင်ယေရှုထံသို့သွားလေ၏။- သို့ရာတွင်သူသည်လေအဟုန်ပြင်းသည်ကို မြင်သောအခါကြောက်လန့်၍လာသဖြင့်ရေ နစ်စပြုသည်နှင့် ``သခင်ဘုရား၊ အကျွန်ုပ် အားကယ်တော်မူပါ'' ဟုဟစ်အော်လေ၏။ ထိုအခါသခင်ယေရှုသည်လက်တော်ကိုဆန့်၍ ပေတရုကိုဆွဲကိုင်တော်မူပြီးလျှင် ``ယုံကြည်ခြင်း နည်းလှပါတကား။ အဘယ်ကြောင့်ယုံမှားသနည်း'' ဟုမိန့်တော်မူ၏။ ကိုယ်တော်နှင့်ပေတရုတို့လှေပေါ်သို့ရောက် ကြသောအခါလေသည်ငြိမ်သွားလေ၏။- လှေထဲရှိတပည့်တော်တို့သည်ကိုယ်တော်အား ဦးညွှတ်ရှိခိုးလျက် ``အရှင်ကားအကယ်ပင် ထာဝရဘုရား၏သားတော်ဖြစ်ပါ၏'' ဟု လျှောက်ထားကြ၏။ ကိုယ်တော်နှင့်တပည့်တော်တို့သည်အိုင်တစ်ဖက်ကမ်း သို့ကူးပြီးနောက်ဂင်နေသရက်မြို့တွင်လှေကို ဆိုက်ကြ၏။- ထိုမြို့သားတို့သည်ကိုယ်တော်ကိုမှတ်မိကြသဖြင့် ပတ်ဝန်းကျင်အရပ်ရပ်သို့လူများစေလွှတ်၍ ဖျား နာသူတို့ကိုအထံတော်သို့ခေါ်ဆောင်လာကြ၏။- ထိုနောက်ဖျားနာသူတို့အားကိုယ်တော်၏အဝတ် တော်အမြိတ်ကိုမျှတို့ထိနိုင်ခွင့်ပြုရန်တောင်းပန် ကြ၏။ ဤသို့တို့ထိရသူအပေါင်းတို့သည်လည်း ကျန်းမာသွားကြ၏။
မဿဲ 14 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: မဿဲ 14:22-36
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ