YouVersion လိုဂို
ရှာရန် အိုင်ကွန်

မဿဲ 13:33-58

မဿဲ 13:33-58 BCL

ကိုယ်​တော်​သည်​အ​ခြား​ပုံ​ဥ​ပ​မာ​ကို​ဆောင်​၍ မိန့်​တော်​မူ​ပြန်​၏။ ကိုယ်​တော်​က ``ကောင်း​ကင်​နိုင်​ငံ တော်​သည်​ဤ​အ​ဖြစ်​အ​ပျက်​နှင့်​တူ​၏။ အ​မျိုး သ​မီး​တစ်​ယောက်​သည်​တ​ဆေး​ကို​ယူ​ပြီး​လျှင် မုန့်​ညက်​တစ်​တင်း​တွင်​ထည့်​သ​ဖြင့်​မုန့်​ညက်​အား လုံး​ကို​ဖောင်း​ကြွ​စေ​၏'' ဟု​မိန့်​တော်​မူ​သည်။ သ​ခင်​ယေ​ရှု​သည်​လူ​ပ​ရိ​သတ်​တို့​အား​ဤ အ​ကြောင်း​အ​ရာ​များ​ကို​ပုံ​ဥ​ပ​မာ​ဆောင်​၍ ဟော​ကြား​တော်​မူ​၏။ ပုံ​ဥ​ပ​မာ​မ​ဆောင်​ဘဲ အ​ဘယ်​အ​ကြောင်း​အ​ရာ​ကို​မျှ​ဟော​ကြား တော်​မ​မူ။- ဤ​သို့​ဟော​ကြား​ရ​ခြင်း​မှာ၊ ``ငါ​သည်​ပုံ​ဥ​ပ​မာ​ဆောင်​၍​မိ​မိ​၏​နှုတ်​ကို ဖွင့်​ဟ​မြွက်​ဆို​မည်။ လော​က​ကို​ထာ​ဝ​ရ​ဘု​ရား​ဖန်​ဆင်း​တော်​မူ​ချိန်​မှ​စ​၍ ကွယ်​ဝှက်​နေ​ခဲ့​သည့်​အ​ရာ​များ​ကို ငါ​ထုတ်​ဖော်​ပြော​ဆို​မည်'' ဟူ​သော​ပ​ရော​ဖက်​၏​ဟော​ချက်​မှန်​ကန်​လာ​စေ​ရန် ပင်​ဖြစ်​၏။ ထို​နောက်​သ​ခင်​ယေ​ရှု​သည်​လူ​ပ​ရိ​သတ်​များ​ထံ မှ​ထွက်​ခွာ​၍​အိမ်​ထဲ​သို့​ဝင်​တော်​မူ​၏။ ထို​အ​ခါ တ​ပည့်​တော်​တို့​သည်​အ​ထံ​တော်​သို့​ချဉ်း​ကပ် ၍ ``ဂျုံ​ရိုင်း​ပင်​များ​၏​ပုံ​ဥ​ပ​မာ​ကို​အ​ကျွန်ုပ် တို့​အား​ရှင်း​ပြ​တော်​မူ​ပါ'' ဟု​လျှောက်​ထား ကြ​၏။ ကိုယ်​တော်​က ``မျိုး​ကောင်း​မျိုး​သန့်​ကို​ကြဲ​သူ​သည် လူ​သား​ပင်​ဖြစ်​၏။- ဂျုံ​ခင်း​ကား​ဤ​ကမ္ဘာ​လော​က​တည်း။ မျိုး​ကောင်း မျိုး​သန့်​သည်​နိုင်​ငံ​တော်​သား​များ​ကို​ဆို​လို​၏။ ဂျုံ​ရိုင်း​စေ့​များ​ကား​စာ​တန်​မာရ်​နတ်​၏​နိုင်​ငံ သား​များ​ကို​ဆို​လို​၏။- ထို​မျိုး​စေ့​များ​ကို​ကြဲ​သူ​သည်​စာ​တန်​မာရ်​နတ် ပင်​ဖြစ်​၏။ ကောက်​ရိတ်​ချိန်​ကား​ကပ်​ကမ္ဘာ​ကုန်​ဆုံး ချိန်​တည်း။ ကောက်​ရိတ်​သ​မား​များ​သည်​ကောင်း​ကင် တ​မန်​များ​ဖြစ်​၏။- ဂျုံ​ရိုင်း​ပင်​များ​ကို​စု​သိမ်း​ပြီး​မီး​ရှို့​ပစ်​လိုက် သ​ကဲ့​သို့ ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​၌​စာ​တန်​မာရ် နတ်​၏​နိုင်​ငံ​သား​တို့​သည်​မီး​ရှို့​ဖျက်​ဆီး​ခြင်း ကို​ခံ​ရ​ကြ​လိမ့်​မည်။- လူ​သား​သည်​မိ​မိ​၏​ကောင်း​ကင်​တ​မန်​များ​ကို​စေ လွှတ်​တော်​မူ​၍ လူ​တို့​အား​မှောက်​မှား​လမ်း​လွဲ​စေ သူ​များ​နှင့်​အ​ပြစ်​ကူး​သူ​အ​ပေါင်း​ကို​နိုင်​ငံ တော်​ထဲ​က​ရွေး​ထုတ်​စေ​ပြီး​လျှင်၊- တောက်​လောင်​သော​မီး​ဖို​ထဲ​သို့​ပစ်​ချ​စေ​တော်​မူ မည်။ ထို​သူ​အ​ပေါင်း​တို့​သည်​ငို​ကြွေး​မြည်​တမ်း ၍​အံ​သွား​ခဲ​ကြိတ်​ကြ​လိမ့်​မည်။- ထို​အ​ခါ​သူ​တော်​ကောင်း​တို့​သည်​အ​ဖ​ဘု​ရား​၏ နိုင်​ငံ​တော်​တွင်​နေ​ကဲ့​သို့​ထွန်း​လင်း​တောက်​ပ​လျက် နေ​ကြ​လတ္တံ့။ ကြား​တတ်​သော​နား​ရှိ​သူ​ကြား​ကြ ကုန်​လော့။ ``ကောင်း​ကင်​နိုင်​ငံ​တော်​သည်​ဤ​အ​ဖြစ်​အ​ပျက် နှင့်​တူ​၏။ လူ​တစ်​ယောက်​သည်​လယ်​၌​မြှုပ်​ထား​သော ဘဏ္ဍာ​ကို​တွေ့​သ​ဖြင့်​တစ်​ဖန်​မြှုပ်​ထား​ခဲ့​၏။ ထို​နောက် ဝမ်း​မြောက်​စွာ​သွား​ပြီး​လျှင်​ရှိ​သ​မျှ​ကို​ရောင်း​ချ လျက်​ထို​လယ်​ကို​ဝယ်​လေ​၏။ ``ထို​မှ​တစ်​ပါး​လည်း၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် ဤ​အ​ဖြစ်​အ​ပျက်​နှင့်​တူ​၏။ ကုန်​သည်​တစ်​ဦး​သည် ပု​လဲ​ကောင်း​ကို​ရှာ​လျက်​နေ​၏။- ထို​သူ​သည်​များ​စွာ​အ​ဖိုး​တန်​သည့်​ပု​လဲ​ကို​တွေ့ သော​အ​ခါ​သွား​ပြီး​လျှင်​ရှိ​သ​မျှ​ကို​ရောင်း​ချ​၍ ထို​ပု​လဲ​ကို​ဝယ်​လေ​၏။ ``ထို​မှ​တစ်​ပါး​လည်း၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည်​ဤ အ​ဖြစ်​အ​ပျက်​နှင့်​တူ​၏။ တံ​ငါ​သည်​တို့​သည်​အိုင် တွင်​ပိုက်​ကွန်​ကို​ချ​၍​ငါး​အ​မျိုး​မျိုး​ကို​အုပ်​မိ​၏။- ပိုက်​ကွန်​တွင်​ငါး​အ​ပြည့်​ရ​သော​အ​ခါ​တံ​ငါ​သည် တို့​သည်​ထို​ပိုက်​ကွန်​ကို​ကုန်း​ပေါ်​သို့​ဆွဲ​၍​တင်​ကြ​၏။ ထို​နောက်​ထိုင်​၍​ငါး​များ​ကို​ရွေး​ကြ​၏။ ငါး​ကောင်း များ​ကို​အိုး​များ​တွင်​ထည့်​ထား​ပြီး​နောက်​ငါး​ညံ့ များ​ကို​မူ​အ​ပြင်​သို့​ပစ်​ထုတ်​လိုက်​ကြ​၏။- ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​၌​လည်း​ထို​နည်း​တူ​ဖြစ်​ပေ အံ့။ ကောင်း​ကင်​တ​မန်​များ​သည်​လာ​၍​သူ​ယုတ်​မာ များ​ကို​သူ​တော်​ကောင်း​များ​ထဲ​မှ​ခွဲ​ထုတ်​ပြီး​လျှင်၊- တောက်​လောင်​သော​မီး​ဖို​ထဲ​သို့​ပစ်​ချ​လိမ့်​မည်။ ထို သူ​တို့​သည်​ငို​ကြွေး​မြည်​တမ်း​၍​အံ​သွား​ခဲ​ကြိတ် ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ သ​ခင်​ယေ​ရှု​က ``ဤ​အ​ကြောင်း​အ​ရာ​အ​လုံး​စုံ တို့​ကို​သင်​တို့​နား​လည်​ကြ​ပါ​၏​လော'' ဟု​မေး တော်​မူ​လျှင်​တ​ပည့်​တော်​တို့​က``နား​လည်​ပါ သည်'' ဟု​ဖြေ​ကြား​ကြ​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​က ``ကောင်း​ကင်​နိုင်​ငံ​တော်​တွင် တ​ပည့်​ဖြစ်​လာ​သူ​ကျမ်း​တတ်​ဆ​ရာ​သည်​မိ​မိ​၏ ဘဏ္ဍာ​တိုက်​ထဲ​မှ​ဥစ္စာ​ပစ္စည်း​အ​သစ်​နှင့်​အ​ဟောင်း​များ ကို​ထုတ်​ယူ​သော​အိမ်​ရှင်​နှင့်​တူ​၏'' ဟု​မိန့်​တော်​မူ​၏။ ထို​ပုံ​ဥ​ပ​မာ​များ​ကို​မိန့်​ကြား​တော်​မူ​ပြီး​နောက် သ​ခင်​ယေ​ရှု​သည်​ထို​အ​ရပ်​မှ​ထွက်​ကြွ​၍၊- မိ​မိ​နေ​ရင်း​မြို့​သို့​ရောက်​ရှိ​တော်​မူ​၏။ တ​ရား​ဇ​ရပ် တွင်​ဟော​ပြော​သွန်​သင်​တော်​မူ​သော​အ​ခါ လူ​တို့​သည် လွန်​စွာ​အံ့​သြ​ကြ​သ​ဖြင့် ``ဤ​သူ​သည်​ဤ​သို့​သော အ​သိ​ပ​ညာ​များ​ကို​အ​ဘယ်​က​ရ​ရှိ​ပါ​သ​နည်း။ ဤ​သို့​သော​အံ့​ဖွယ်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​အ​ဘယ် သို့​ပြ​နိုင်​ပါ​သ​နည်း။- သူ​သည်​လက်​သ​မား​ဆ​ရာ​၏​သား​မ​ဟုတ်​လော။ သူ့ အ​မိ​သည်​မာ​ရိ​နာ​မည်​ရှိ​သူ​မ​ဟုတ်​ပါ​လော။ သူ့ ညီ​များ​ကား​ယာ​ကုပ်၊ ယော​သပ်၊ ရှိ​မုန်​နှင့်​ယု​ဒ​တို့ မ​ဟုတ်​ပါ​လော။- သူ့​နှ​မ​များ​သည်​လည်း​ငါ​တို့​မြို့​သူ​များ​မ​ဟုတ်​ပါ လော။ သို့​ဖြစ်​ပါ​လျက်​သူ​သည်​ဤ​တန်​ခိုး​ကို​အ​ဘယ် က​ရ​ရှိ​ပါ​သ​နည်း'' ဟု​ဆို​ကာ၊- ကိုယ်​တော်​၏​အ​ပေါ်​၌​အ​ကြည်​ညို​ပျက်​ကြ​၏။ သ​ခင်​ယေ​ရှု​က​လည်း ``ပ​ရော​ဖက်​သည်​မိ​မိ​မြို့ နှင့်​မိ​မိ​အိမ်​မှ​လွဲ​၍​အ​ဘယ်​အ​ရပ်​တွင်​မ​ဆို ဂုဏ်​အ​သ​ရေ​ရှိ​၏'' ဟု​မိန့်​တော်​မူ​သည်။- ထို​မြို့​သား​တို့​သည်​မိ​မိ​အား​ယုံ​ကြည်​ကိုး​စား မှု​မ​ရှိ​ကြ​သ​ဖြင့် ကိုယ်​တော်​သည်​အံ့​သြ​ဖွယ် သော​အ​မှု​တို့​ကို​ထို​မြို့​တွင်​ပြု​တော်​မ​မူ။