ထိုနေ့၌ပင်လျှင်သခင်ယေရှုသည်ထိုအိမ်မှ ထွက်ကြွတော်မူ၍အိုင်ကမ်းခြေတွင်ထိုင်တော် မူ၏။- အထံတော်သို့လာရောက်ကြသည့်လူပရိသတ် မှာများလှသဖြင့် ကိုယ်တော်သည်လှေပေါ်သို့ တက်၍ထိုင်တော်မူ၏။ လူအပေါင်းတို့ကကမ်း ခြေတွင်ရပ်လျက်နေကြ၏။- ကိုယ်တော်သည်ထိုသူတို့အား ပုံဥပမာဆောင်၍ များစွာသောအကြောင်းအရာများကိုသွန်သင် တော်မူ၏။ ကိုယ်တော်က ``မျိုးကြဲသူလူတစ်ယောက်သည် မျိုးကြဲရန်ထွက်သွား၏။- မျိုးကြဲသောအခါအချို့မျိုးစေ့တို့သည်လမ်း တွင်ကျသဖြင့်ငှက်တို့သည်လာ၍စားကြ၏။- အချို့မျိုးစေ့တို့သည်မြေဆီလွှာပါးသည့် ကျောက်ခံမြေပေါ်တွင်ကျ၏။ မြေသားတိမ် သဖြင့်အပင်များလျင်မြန်စွာပေါက်သော် လည်း၊- နေထွက်သောအခါနေပူလောင်၍အမြစ်မစွဲ သည့်အတွက်ညှိုးနွမ်း၍သွားကြ၏။- အချို့မျိုးစေ့တို့သည်ဆူးတောတွင်ကျ၏။ ဆူးပင် များကြီးထွားလာပြီးနောက်အပင်ငယ်တို့ကို လွှမ်းမိုးကာသေစေကြ၏။- အချို့မျိုးစေ့တို့ကားမြေကောင်းမြေသန့်တွင် ကျ၏။ အပင်များပေါက်၍အဆတစ်ရာ၊ အဆ ခြောက်ဆယ်၊ အဆသုံးဆယ်သီးနှံများကိုဆောင် ကုန်၏။ ကြားတတ်သောနားရှိသူတို့ကြားကြလော့'' ဟု မိန့်တော်မူ၏။
မဿဲ 13 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: မဿဲ 13:1-9
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ