``တပည့်သည်ဆရာထက်မသာ။ ကျွန်သည်လည်း သခင်ထက်မသာ။- ထို့ကြောင့်တပည့်သည်ဆရာကဲ့သို့လည်းကောင်း၊ ကျွန်သည်သခင်ကဲ့သို့လည်းကောင်းဖြစ်လျှင်ကျေ နပ်လောက်ပေပြီ။ အိမ်ထောင်ဦးစီးကိုဗေလဇေ ဗုလဟုခေါ်ဝေါ်ကြပါလျှင်အိမ်သူအိမ်သား တို့ကိုသာ၍ဆိုးရွားသောနာမည်များဖြင့်ခေါ် ဝေါ်ကြလိမ့်မည်။ ``သို့ဖြစ်၍လူတို့ကိုမကြောက်ကြနှင့်။ ဖုံးအုပ်ထား သည့်အရာဟူသမျှသည်ထင်ပေါ်လာရလိမ့်မည်။ လျှို့ဝှက်မှုဟူသမျှသည်လည်းပေါ်လွင်၍လာရ လိမ့်မည်။- အမှောင်တွင်သင်တို့အားငါပြောသောစကား ကိုအလင်းတွင်ပြောကြားကြလော့။ တီးတိုး ကြားရသည့်စကားကိုအိမ်မိုးထက်မှကြွေး ကြော်ကြလော့။- ကိုယ်ခန္ဓာကိုဖျက်ဆီးနိုင်သော်လည်းဝိညာဉ်ကို မဖျက်ဆီးနိုင်သောသူများအားမကြောက်ကြ နှင့်။ ကိုယ်ခန္ဓာနှင့်ဝိညာဉ်ကိုငရဲတွင်ဖျက်ဆီး နိုင်သောဘုရားသခင်ကိုသာလျှင်ကြောက်ကြ လော့။- စာကလေးနှစ်ကောင်ကိုအဿရိတစ်ပြားဖြင့်ဝယ် နိုင်သည်မဟုတ်လော။ သို့ရာတွင်ထိုစာကလေး တစ်ကောင်မျှသင်တို့အဖအခွင့်မပြုဘဲမသေ မပျောက်ရ။- သင်တို့ဦးခေါင်းကဆံပင်များကိုပင်လျှင် အကုန်အစင်ရေတွက်ထားတော်မူ၏။- သို့ဖြစ်၍မကြောက်ကြနှင့်။ သင်တို့သည်စာ ကလေးအမြောက်အမြားထက်လွန်စွာပို၍ အဖိုးထိုက်ကြ၏။ ``သို့ဖြစ်၍ငါ့ကိုအရှင်သခင်အဖြစ်လူတို့ ရှေ့တွင်ထုတ်ဖော်ဝန်ခံသူကိုငါ၏တပည့်အဖြစ် ဖြင့် ကောင်းကင်ဘုံရှင်ငါ့အဖ၏ရှေ့တော်တွင်ငါ ထုတ်ဖော်ဝန်ခံမည်။- သို့ရာတွင်ငါ့ကိုလူတို့ရှေ့တွင်ပစ်ပယ်သူကို ကောင်းကင်ဘုံရှင်ငါ့အဖ၏ရှေ့တော်တွင်ငါ ပစ်ပယ်မည်။ ``ဤလောကကိုငြိမ်းချမ်းသာယာမှုပေးရန်ငါ လာသည်ဟုမထင်ကြနှင့်။ ငါသည်ငြိမ်းချမ်း သာယာမှုပေးရန်လာသည်မဟုတ်။ ခိုက်ရန်ဖြစ် ပွားကြစေရန်သာငါလာ၏။- သားနှင့်အဖ၊ သမီးနှင့်အမိ၊ ချွေးမနှင့်ယောက္ခမ တို့ရန်ဖက်ဖြစ်စေရန်ငါလာသတည်း။- လူတစ်ဦးတစ်ယောက်၏အဆိုးဆုံးရန်သူများ ကား သူ၏အိမ်သူအိမ်သားများပင်ဖြစ်လိမ့်မည်။- မိဘကိုငါ့ထက်ပို၍ချစ်သူသည်ငါ၏တပည့် မဖြစ်ထိုက်၊ သားသမီးကိုငါ့ထက်ပို၍ချစ်သူ သည်ငါ၏တပည့်မဖြစ်ထိုက်။- ကိုယ့်လက်ဝါးကပ်တိုင်ကိုထမ်း၍ ငါ့နောက်ကို မလိုက်သောသူသည်ငါ၏တပည့်မဖြစ်ထိုက်။- မိမိအသက်လုံခြုံမှုရရှိရန်ကြိုးပမ်းသူ သည်အသက်ဆုံးရှုံးရလိမ့်မည်။ ငါ့အတွက် အသက်ဆုံးရှုံးသူသည်မိမိအသက်လုံခြုံ မှုရရှိလိမ့်မည်။ ``သင်တို့ကိုလက်ခံသောသူသည်ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသောသူသည်ငါ့ကိုစေလွှတ်တော်မူ သောအရှင်ကိုလက်ခံ၏။- ဘုရားသခင်၏စေတမန်ဖြစ်ခြင်းကိုထောက်၍ ဘုရားသခင်၏စေတမန်အားလက်ခံသူသည် ထိုစေတမန်ခံစားရသောအကျိုးကိုခံစားရ လိမ့်မည်။ သူတော်ကောင်းဖြစ်ခြင်းကိုထောက်၍ သူတော်ကောင်းကိုလက်ခံသူသည် သူတော်ကောင်း ခံစားရသောအကျိုးကိုခံစားရလိမ့်မည်။- အမှန်အကန်သင်တို့အားငါဆိုသည်ကား ငါ၏တပည့်များအနက်အသိမ်ငယ်ဆုံးသူ တစ်စုံတစ်ယောက်အား ငါ၏မျက်နှာကိုထောက် ၍သောက်ရေတစ်ခွက်ကိုပေးသောသူသည်အကျိုး ကိုမခံစားဘဲမနေရ။''
မဿဲ 10 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: မဿဲ 10:24-42
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို