YouVersion လိုဂို
ရှာရန် အိုင်ကွန်

လုကာ 9:21-26

လုကာ 9:21-26 BCL

ကိုယ်​တော်​က ``ဤ​အ​ကြောင်း​ကို​မည်​သူ​မျှ မ​သိ​စေ​နှင့်'' ဟု​ကြပ်​တည်း​စွာ​ပ​ညတ်​တော် မူ​၏။- ထို​နောက်​ဆက်​လက်​၍ ``လူ​သား​သည်​ဝေ​ဒ​နာ​များ စွာ​ခံ​တော်​မူ​ရ​မည်။ ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ၊ ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ များ​သည်​သူ့​ကို​ပစ်​ပယ်​ကြ​လိမ့်​မည်။ လူ​သား သည်​အ​သေ​ခံ​ရ​မည်။ သုံး​ရက်​မြောက်​သော​နေ့ ၌​ရှင်​ပြန်​ထ​မြောက်​လိမ့်​မည်'' ဟု​တ​ပည့်​တော် တို့​အား​မိန့်​တော်​မူ​၏။ ထို​နောက်​ကိုယ်​တော်​က​လူ​အ​ပေါင်း​တို့​အား ``ငါ့ တ​ပည့်​ဖြစ်​လို​သူ​သည်​ကိုယ်​ကျိုး​ကို​စွန့်​ရ​မည်။ ကိုယ့်​လက်​ဝါး​ကပ်​တိုင်​ကို​နေ့​စဉ်​ထမ်း​၍​ငါ့ နောက်​သို့​လိုက်​ရ​မည်။- မိ​မိ​အ​သက်​ကို​ကယ်​ဆယ်​လို​သူ​သည်​အ​သက် ဆုံး​ရှုံး​ရ​လိမ့်​မည်။ ငါ့​ကြောင့်​အ​သက်​ဆုံး​ရှုံး သူ​သည်​မိ​မိ​အ​သက်​ကို​ကယ်​ဆယ်​လိမ့်​မည်။- လူ​သည်​တစ်​လော​က​လုံး​ကို​စိုး​ပိုင်​ခွင့်​ရ​သော် လည်း မိ​မိ​၏​အ​သက်​ဆုံး​ရှုံး​လျှင်​အ​ဘယ် အ​ကျိုး​ရှိ​မည်​နည်း။- မည်​သူ​မ​ဆို​ငါ​နှင့်​ငါ​၏​သြ​ဝါဒ​ကြောင့်​ရှက် လျှင်​လူ​သား​သည်​မိ​မိ​၏​ဘုန်း​အ​သ​ရေ၊ ခ​မည်း တော်​၏​ဘုန်း​အ​သ​ရေ၊ သန့်​ရှင်း​သော​ကောင်း​ကင် တ​မန်​များ​၏​ဘုန်း​အ​သ​ရေ​ကို​ဆောင်​လျက် ကြွ​လာ​သော​အ​ခါ​ထို​သူ​ကြောင့်​ရှက်​တော်​မူ လတ္တံ့။