YouVersion လိုဂို
ရှာရန် အိုင်ကွန်

လုကာ 8:22-39

လုကာ 8:22-39 BCL

တစ်​နေ့​သ​၌​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် လှေ​ပေါ်​ကို​တက်​ကြ​၏။ ထို​နောက်​ကိုယ်​တော်​က ``အိုင် တစ်​ဖက်​ကို​ကူး​ကြ​ကုန်​အံ့'' ဟု​မိန့်​တော်​မူ​သ​ဖြင့် တ​ပည့်​တော်​တို့​သည်​ရွက်​လွှင့်​ကြ​၏။- သို့​ရွက်​လွှင့်​ကြ​စဉ်​ကိုယ်​တော်​သည်​အိပ်​စက်​လျက် နေ​တော်​မူ​၏။ ထို​အ​ချိန်​၌​အိုင်​တွင်​လေ​မုန်​တိုင်း ကျ​သ​ဖြင့်​လှေ​သည်​ရေ​နှင့်​ပြည့်​လု​မ​တတ်​ရှိ လေ​၏။ တ​ပည့်​တော်​တို့​သည်​ရေ​နစ်​မည့်​ဘေး​နှင့် တွေ့​ကြုံ​ရ​ကြ​၏။- သူ​တို့​သည်​ကိုယ်​တော်​ကို​နှိုး​ပြီး​လျှင် ``အ​ရှင်၊ အ​ရှင်၊ အ​ကျွန်ုပ်​တို့​သေ​ကြ​ပါ​တော့​မည်'' ဟု ဆို​ကြ​၏။ ကိုယ်​တော်​သည်​အိပ်​စက်​ရာ​က​ထ​တော်​မူ​၍ လေ​နှင့်​လှိုင်း​များ​ကို​ဟန့်​တား​တော်​မူ​သ​ဖြင့် လေ​နှင့်​လှိုင်း​များ​သည်​ငြိမ်​သက်​သွား​လေ​၏။- ကိုယ်​တော်​က ``သင်​တို့​သည်​ယုံ​ကြည်​ခြင်း မ​ရှိ​ကြ​သ​လော'' ဟု​တ​ပည့်​တော်​တို့​အား မေး​တော်​မူ​၏။ တ​ပည့်​တော်​တို့​သည်​ကြောက်​ရွံ့​အံ့​သြ​လျက် ``ဤ သူ​ကား​အ​ဘယ်​သူ​နည်း။ လေ​နှင့်​လှိုင်း​များ​ကို ပင်​အ​မိန့်​ပေး​၍​သူ​တို့​သည်​လိုက်​နာ​ကြ​ပါ သည်​တ​ကား'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။ ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ဂါ​ရ​စ​နယ် သို့​ရွက်​လွှင့်​ကြ​၏။ ဂါ​ရ​စ​သည်​ဂါ​လိ​လဲ​ပြည် အိုင်​တစ်​ဖက်​ကမ်း​တွင်​ရှိ​၏။- ကိုယ်​တော်​သည်​ကမ်း​ပေါ်​သို့​တက်​သော​အ​ခါ မြို့​သား​တစ်​ဦး​သည်​ကိုယ်​တော်​ကို​လာ​ရောက် တွေ့​ဆုံ​၏။ ထို​သူ​ကို​နတ်​မိစ္ဆာ​ပူး​ကပ်​နေ​သည် မှာ​ကာ​လ​ကြာ​လေ​ပြီ။ သူ​သည်​အ​ဝတ်​ကို မ​ဝတ်၊ အိမ်​တွင်​လည်း​မ​နေ၊ သင်္ချိုင်း​ဂူ​များ တွင်​သာ​နေ​၏။- သ​ခင်​ယေ​ရှု​ကို​မြင်​လျှင်​သူ​သည်​အော်​ဟစ်​ပြီး လျှင်​ရှေ့​တော်​မှာ​ပျပ်​ဝပ်​လျက် ``အ​မြင့်​မြတ်​ဆုံး သော​ဘု​ရား​၏​သား​တော်​ယေ​ရှု၊ အ​ရှင်​သည် အ​ကျွန်ုပ်​အား​ညှဉ်း​ဆဲ​တော်​မ​မူ​ပါ​နှင့်'' ဟု ကျယ်​စွာ​လျှောက်​ထား​၏။- သို့​လျှောက်​ထား​ရ​သည့်​အ​ကြောင်း​မှာ​ကိုယ်​တော် သည်​ညစ်​ညမ်း​သော​နတ်​အား​ထို​သူ​၏​အ​ထဲ​မှ ထွက်​ခဲ့​ရန်​အ​မိန့်​ပေး​လိုက်​သော​ကြောင့်​ဖြစ်​၏။ နတ်​မိစ္ဆာ​သည်​ထို​သူ​ကို​ကြိမ်​ဖန်​များ​စွာ​ပူး​ကပ် ခဲ့​၏။ သူ​၏​ခြေ​လက်​တို့​ကို​သံ​ကြိုး​များ​ဖြင့် ချည်​နှောင်​ဖမ်း​ချုပ်​စောင့်​ကြပ်​ထား​သော်​လည်း သူ​သည်​သံ​ကြိုး​များ​ကို​ချိုး​ဖြတ်​၍​တော ကန္တာ​ရ​သို့​ထွက်​ပြေး​တတ်​၏။ သ​ခင်​ယေ​ရှု​က​နတ်​မိစ္ဆာ​အား ``သင့်​နာ​မည် ကား​အ​ဘယ်​နည်း'' ဟု​မေး​တော်​မူ​၏။ ``အ​ကျွန်ုပ်​နာ​မည်​မှာ​လေ​ဂေါင်​ဖြစ်​ပါ​သည်'' ဟု ပြန်​၍​လျှောက်​၏။ ဤ​သို့​လျှောက်​ရ​သည့်​အ​ကြောင်း မှာ​ထို​သူ​အား​နတ်​မိစ္ဆာ​များ​စွာ​ပူး​ကပ်​နေ​သော ကြောင့်​ဖြစ်​၏။- နတ်​မိစ္ဆာ​တို့​သည် ``အ​ကျွန်ုပ်​တို့​အား​တွင်း​နက်​ကြီး ထဲ​သို့​လား​စေ​ရန်​အ​မိန့်​ပေး​တော်​မ​မူ​ပါ​နှင့်'' ဟု​တောင်း​ပန်​ကြ​၏။ ထို​အ​ချိန်​၌​ဝက်​အုပ်​ကြီး​တစ်​အုပ်​သည်​တောင်​ကုန်း ပေါ်​တွင်​ကျက်​စား​လျက်​ရှိ​၏။ နတ်​မိစ္ဆာ​များ​သည် ထို​ဝက်​များ​ကို​ပူး​ဝင်​ခွင့်​ပြု​ရန်​ကိုယ်​တော်​အား တောင်း​ပန်​ကြ​၏။- ကိုယ်​တော်​ခွင့်​ပြု​တော်​မူ​သ​ဖြင့်​နတ်​မိစ္ဆာ​များ​သည် လူ​မှ​ခွာ​၍​ဝက်​များ​ကို​ပူး​ဝင်​ကြ​၏။ ထို​အ​ခါ ဝက်​အုပ်​တစ်​အုပ်​လုံး​သည်​အိုင်​ကမ်း​စောက်​ကို တစ်​ဟုန်​တည်း​ပြေး​ဆင်း​ပြီး​လျှင်​ရေ​နစ်​သေ ဆုံး​ကြ​ကုန်​၏။ ဤ​သို့​ဖြစ်​ပျက်​သည့်​အ​ခြင်း​အ​ရာ​ကို​ဝက်​ထိန်း တို့​မြင်​သော​အ​ခါ​ထွက်​ပြေး​ကြ​၏။ သူ​တို့​သည် မြို့​နှင့်​ကျေး​လက်​တော​ရွာ​များ​တွင်​ထို​အ​ဖြစ် အ​ပျက်​အ​ကြောင်း​ကို​အ​နှံ့​အ​ပြား​ပြော​ကြား ကြ​၏။- လူ​တို့​သည်​ထို​အ​ဖြစ်​အ​ပျက်​ကို​ကြည့်​ရန်​လာ ကြ​၏။ သ​ခင်​ယေ​ရှု​၏​ထံ​တော်​သို့​ရောက်​ကြ​သော် နတ်​မိစ္ဆာ​များ​စွန့်​ခွာ​သွား​သူ​သည်​အ​ဝတ်​ဝတ် လျက် သ​ခင်​ယေ​ရှု​၏​ခြေ​တော်​ရင်း​မှာ​အ​ကောင်း ပ​က​တိ​ထိုင်​လျက်​နေ​သည်​ကို​မြင်​ကြ​လျှင် ကြောက်​ရွံ့​ကြ​၏။- မျက်​မြင်​သက်​သေ​များ​က​လည်း​ထို​သူ​နတ်​မိစ္ဆာ ဘေး​မှ​ကင်း​လွတ်​လာ​ပုံ​ကို​လူ​တို့​အား​ပြော​ပြ ကြ​၏။- ထို​အ​ခါ​ဂါ​ရ​စ​နယ်​က​လူ​အ​ပေါင်း​တို့ သည်​လွန်​စွာ​ကြောက်​လန့်​ကြ​သ​ဖြင့် မိ​မိ​တို့ အ​ရပ်​မှ​ထွက်​ခွာ​သွား​တော်​မူ​ပါ​ရန်​ကိုယ်​တော် အား​တောင်း​ပန်​ကြ​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​သည် လှေ​ပေါ်​သို့​တက်​၍​ထို​အ​ရပ်​မှ​ထွက်​ခွာ​တော် မူ​၏။- နတ်​မိစ္ဆာ​များ​စွန့်​ခွာ​သွား​သူ​သည်​မိ​မိ​အား ကိုယ်​တော်​နှင့်​အ​တူ​လိုက်​ခွင့်​ပြု​ရန်​ပန်​ကြား​၏။- သို့​ရာ​တွင်​ကိုယ်​တော်​က ``အိမ်​သို့​ပြန်​၍​ဘု​ရား သ​ခင်​သည် သင့်​အား​မည်​မျှ​ကျေး​ဇူး​ပြု​တော် မူ​ကြောင်း​ကို​ပြော​ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​သူ​သည်​အ​ထံ​တော်​မှ​ထွက်​သွား​ပြီး​လျှင် မိ​မိ​အား​သ​ခင်​ယေ​ရှု​မည်​သို့​ကျေး​ဇူး​ပြု တော်​မူ​ကြောင်း​ကို​တစ်​မြို့​လုံး​အ​နှံ့​အ​ပြား ပြော​ကြား​လေ​သည်။