YouVersion လိုဂို
ရှာရန် အိုင်ကွန်

လုကာ 7:7-9

လုကာ 7:7-9 BCL

အ​မိန့်​တော်​ကို​သာ​ပေး​တော်​မူ​ပါ​လျှင် အ​ကျွန်ုပ် ၏​အ​စေ​ခံ​သည်​ကျန်း​မာ​လာ​ပါ​လိမ့်​မည်။- အ​ကျွန်ုပ်​ကိုယ်​တိုင်​ပင်​အ​ထက်​အ​ရာ​ရှိ​အောက် တွင်​အ​မှု​ထမ်း​သူ​ဖြစ်​၍ အ​ကျွန်ုပ်​၏​လက်​အောက် တွင်​လည်း​စစ်​သား​များ​ရှိ​ပါ​၏။ စစ်​သား​တစ် ယောက်​အား `သွား​လော့' ဟု​ဆို​လျှင်​သူ​သည်​သွား ပါ​၏။ အ​ခြား​တစ်​ယောက်​အား `လာ​ခဲ့' ဟု​ဆို​လျှင် လာ​ပါ​၏။ အ​ကျွန်ုပ်​၏​ကျွန်​အား `ဤ​အ​မှု​ကို​ပြု လော့' ဟု​ဆို​လျှင်​သူ​သည်​ပြု​ပါ​၏'' ဟု​လျှောက် ထား​စေ​၏။ ဤ​စ​ကား​ကို​သ​ခင်​ယေ​ရှု​ကြား တော်​မူ​လျှင်​အံ့​သြ​တော်​မူ​၏။ ကိုယ်​တော်​သည်​နောက်​တော်​က​လိုက်​လာ​ကြ သော လူ​ပ​ရိ​သတ်​တို့​ကို​လှည့်​ကြည့်​တော်​မူ လျက် ``ငါ​ဆို​သည်​ကား​ဤ​ကဲ့​သို့​သော​ယုံ​ကြည် ခြင်း​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ထဲ​မှာ ပင် ငါ​မ​တွေ့​မ​ကြုံ​ဖူး​သေး'' ဟု​မိန့်​တော်​မူ​၏။